Monday, February 10, 2014

ဒို့ မြန်မာ { ကဗျာ }



 








ရှေးထုံး စဉ်လာ
မျိုးဂုဏ် ဝါတင့် 
ရာဇဝင် တစ်ခေတ်

ကို မြန်မာဟေ့  လို့ ကြွေးကြော်ခဲ့ တယ်........

 

ဗုဒ္ဓသက်ဝင်
သင်သည် သိသား
မြန်မာ ဖွားဟု
ကမ္ဘာသိစေ
သမိုင်းသက်သေ..............





ဟိုးရင် ဖိုးဖွား လူအများတို့ 
ဘုရား ကျောင်းတက်
ဥပုသ် ရက်ကြား
တရားပျော်မွေ့ 
ချစ်စရာ ဓလေ့ နဲ့ 
ကမ္ဘာ မှာပြိုင်စံရှားတယ်
ဒါန များတဲ့  မြန်မာပြည်လေ...............


ခုခေတ် ခါဝယ်
ရုပ်ရင်းကြမ်းကြုတ်
လူရမ်း ဆိုးသွမ်း
မိစ္ဆာ လမ်းပြ အမိုက်မခေါင်း
ဦးချီပေါင်းလို့ 
ငါတို့  မြန်မာ ပျက်စဉ် ခါဟု
အတွေးဟော့ ရမ်း
ပျက်စဉ်လမ်းကို
လျောက်လာချေပြီ...................

သင်လည်းမြန်မာ
ငါလည်းမြန်မာ
အပေါ်အအောက်
တောင်မြောက် မခွဲ
ကြုံလာနေ ဒုက္ခကြမ်း
မြန်မာ အသိ
သာသနာ အသိဖြင့် 
ကာကွယ် စမ်းလေ.................

နောင်မျိုး တစ်ခေတ်
ကျွန် မရစ်ဖို့ 
ဗုဒ္ဓသာသနာ
ကွယ်မပျောက်ဖို့ 
မြန်မာပြည်ကား ဘာသာခြားတို့ 
မလွှမ်းစေဖို့ 
ဒို့ မြန်မာ စိတ်
၅၉မှာ ဘိသိတ်သွန်းမယ်
အယူတူသူ လှမ်းစေသော်...............


၁၁.၂.၂၀၁၄

နန်းရှေ့အားကစားကွင်း

မန္တလေးပွဲ အားမာန်အတွက်ပါ


ပဲခူးသား 

From... Bigcow Billkyisoe

No comments:

Post a Comment