Sunday, February 2, 2014

မြန်မာနိုင်ငံ ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သတင်းများ အား အမေရိကန် အခြေစိုက် Peninsula Press က ထုတ်ပြန် သွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ တွင် ဖြန့်ဝေသွားမည်



ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်ခဲ့သည့် The Myanmar Investment Outreach Conference အခမ်းအနားကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းများအား Peninsula Press က မကြာ ခင် ထုတ်ဝေသွား မည်ဖြစ်ပြီး၊ နိုင်ငံခြားရေးမူဝါဒမဂ္ဂဇင်းတွင် အဓိကအခန်းကဏ္ဍတွင် ထည့် သွင်းဖော်ပြမည့် ယင်း ထုတ်ဝေချက်အား ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ တွင် ဖြန့်ဝေသွား မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသော The Myanmar Inves- tment Outreach Conference မှရရှိသော သတင်းများအရ သိရသည်။





Peninsula Press အနေဖြင့် နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပထမအဆင့် အနေဖြင့် မြန်မာနိုင်ငံ ၏ ကဏ္ဍအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာများအပေါ် နက်ရှိုင်းလေ့လာသုံးသပ်မှုများကို ထုတ်ဝေ သွား မည်ဖြစ်သည်။ အဆိုပါကဏ္ဍအား Foreign Policy Magazine တွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပြီး ယင်းမဂ္ဂဇင်း သည် စီးပွားရေး လုပ်ငန်းရှင်များ၊ မူဝါဒချမှတ်သူများအတွက် ဦးတည်ရေးသားနေသော မဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ တွင် ထုတ်ဝေနေကြောင်း သိရသည်။

ဒုတိယ နည်းလမ်း အနေဖြင့်မူ Penin- sula Press ကဦးဆောင်၍ Investment Outreach ညီလာခံကို အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့တွင် ကျင်းပသွား မည်ဖြစ်ကြောင်းနှင့် မြန် မာနိုင်ငံ ကိုယ်စားပြု ပုဂ္ဂလိက ကုမ္ပဏီ များနှင့် အစိုးရအဖွဲ့အစည်း များ တက်ရောက် မည်ဖြစ်ကြောင်း လည်း သိရသည်။ 


 မြန်မာနိုင်ငံ၏ အနေအထားသည် ရှုပ်ထွေးပြီး၊ အမြဲ တစေပြောင်းလဲ တတ်သည့် သဘော သဘာဝရှိသောကြောင့် နိုင်ငံ တကာ အသိုင်းအ၀ိုင်းများအနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု တွင် မှန်ကန်သည့်ဆုံးဖြတ်ချက်များ ချမှတ်ရန် ယင်းကဲ့ သို့ လုပ်ဆောင်ခြင်းဖြစ်......

"အဓိက ရည်ရွယ်ချက် နှစ်ချက်ရှိပါတယ်။ တစ်ခုကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ Publication တွေကို ထုတ်ဖို့ပါ။ လ အနည်းငယ်အတွင်းမှာ ထုတ်ဝေသွားမှာ ပါ။ နောက်တစ်ခု ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့် အလမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မှာ လာ မယ့် ဇွန် သို့မဟုတ် ဇူလိုင်မှာ Forum တစ်ခုသွားပြီး ကျင်းပဖို့ရှိပါတယ်။ 



အဲဒီဖိုရမ်ကိုလည်း သူတို့ကပဲတာဝန်ယူပြီး ကျင်းပပေးမှာပါ။အစိုးရပိုင်းရော၊ Business Sector က ပါမှာပါ။ နယူးယောက် မှာသွားပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ အခွင့်အလမ်းတွေကို သွားပြီး ဆွေးနွေး မှာပါ။ အဓိကကတော့ ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက်ကို အပြင်ထွက်ပြီးတော့ လုပ်ဆောင်ခြင်းပါပဲ" ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

"အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ ၂၀၁၅ မှာလုပ် မယ့် ရွေးကောက် ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေ ပါတယ်။ နောက်တစ်ခု က မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကိုလည်း စိတ်ဝင်စားပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဥပဒေတွေနဲ့ ဒီကစီးပွားရေး အ၀န်းအ၀ိုင်းထဲမှာ ဘယ်လိုပါ ၀င်နိုင်မလဲ ဆိုတာလည်း စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်" ဟု Peninsula Press ၏ Editorial Director ဖြစ်သူ Kathleen De Lacy က The Daily Eleven ၏မေးမြန်းချက် ကို ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် Peninsula Press နှင့်တွေ့ ဆုံမေးမြန်း ခန်းတွင် လက်ရှိ အချိန်သည် မြန်မာနိုင်ငံ သို့ ရင်းနှီးမြှုပ်နှံသူ များ လာရောက် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့်လည်း အကောင်းဆုံး လုပ်ဆောင်ချက်များဖြင့် ကူညီသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။

လက်ရှိ Peninsula Press ၏လုပ်ဆောင်ချက်များသည် မြန်မာဈေးကွက် အတွင်းသို့ ၀င်ရောက် ရန် ချီတုံ ချတုံဖြစ်နေသော အမေရိကန်ရင်နှီးမြှုပ်နှံသူများ မြန်မာနိုင်ငံ၏ ပကတိအနေအထားအား သိရှိရန် လုပ်ဆောင်ခြင်းဖြစ် သည်ဟူသော သဘောများ အဆိုပါအစည်းအဝေးတွင် ထည့် သွင်းပြောကြား ခဲ့သည်။


 ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ကမူ မြန်မာနိုင်ငံ နောက်ပြန်သွားနိုင်သည့် အလားအလာများ အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိုးရိမ်စရာ မလိုကြောင်း ပြောကြားခဲ့သည်ဟု အဆို ပါ ဆွေးနွေးပွဲမှရရှိသော Press Release တွင် ထည့်သွင်းဖော်ပြထားသည်။

အလားတူပင် ယင်းကဲ့သို့ သတင်းထုတ်ဝေဖြန့်ချိရန်နှင့် Investment Outreach ညီလာခံကို ကျင်းပရန် စီစဉ်ရခြင်း မှာ မြန်မာနိုင်ငံ၏အနေအထားသည် ရှုပ်ထွေးပြီး၊ အမြဲတစေပြောင်းလဲ တတ်သည့် သဘောသဘာဝ ရှိသောကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများအနေဖြင့် မြန်မာနိုင်ငံ ၌ ရင်းနှီးမြှုပ်နှံမှုတွင် မှန်ကန်သည့်ဆုံးဖြတ်ချက် များ ချမှတ်ရန် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

  
 အငယ်ထွေး

From... Myawady News

No comments:

Post a Comment