Tuesday, October 21, 2014

ဖျော်ဖြေပွဲ မှာ မတော်တဆ မှုဖြစ်သွားမှန်း မသိ ခဲ့တဲ့ 4 Minute အဖွဲ့












တောင်ကိုရီးယား နာမည် ကျော် 4 Minute ကေပေါ့ပ် အ ဖွဲ့ဖြစ်သော အဖွဲ့သည် အောက် တိုဘာ ၁၇ ရက် ညနေ က ဖြစ် ပွားခဲ့သော မတော်တဆ မှုနှင့် ပတ်သက်၍ ၀မ်းနည်းကြောင်း ဖော်ပြ ခဲ့သည်။

အောက်တိုဘာ ၁၇ ရက် တွင်  ဆောင်နမ် မြို့၌  Pangyo Techno Valley တေးဂီတဖျော် ဖြေပွဲ ကျင်းပစဉ် ဖြစ်ပွား ခဲ့သော မတော်တဆ မှုနှင့်ပတ်သက် ၍ 4Minute အဖွဲ့၏ အေဂျင်စီ Cube Entertainment က ယခု ကဲ့သို့ မှတ်ချက်ပေး ပြောကြားခဲ့ သည်။

‘‘အဲဒီပွဲက 4 Minute အဖွဲ့ ရဲ့ အထူး သီးသန့်ဖျော်ဖြေ ပွဲ မ ဟုတ်ပါဘူး။ အဆိုတော် အများ ကြီး ပါတဲ့ ဖျော်ဖြေပွဲပါ။ 4Minute အဖွဲ့ ဖျော်ဖြေနေချိန် မှာ မတော် တဆမှုဖြစ်ပွားခဲ့တာ ဆိုပေမယ့် အဖွဲ့ဝင်တွေ သတိမထားမိခဲ့ပါ ဘူး။ 


သူတို့ ဖျော်ဖြေပွဲပြီး လို့ ဆိုးလ်မြို့ အပြန် လမ်းမှာ မှ အဲဒီ မတော်တဆ သတင်းကို ကြားခဲ့ ကြတာ ပါ’’ ဟု ပြောကြားသည်။

‘‘ဒီ မတော်တဆ မှုကြောင့် ပွဲ ကြည့် ပရိသတ်တွေ ကြီးကြီးမား မား မထိခိုက်ကြ ပါစေနဲ့လို့ ဆု တောင်း ပါတယ်’’ ဟုလည်း အေ ဂျင်စီက ပြောကြားသည်။

4 Minute အဖွဲ့ ဖျော်ဖြေ နေစဉ် ပရိသတ် ၃၀ ဦးခန့် သည် မြေအောက် ရထား လေ၀င်လေ ထွက်ပေါက် တစ်ခု အပေါ်မှ ကြည့် ရှုအားပေး ခဲ့ရာ ယင်းလေ၀င် လေ ထွက်ပေါက် ပြိုကျ မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

အဆိုပါ မတော်တဆ မှု ကြောင့် ပရိသတ် ၁၆ ဦး သေဆုံး ခဲ့ပြီး ရှစ်ဦးမှာ စိုးရိမ်ရသည့် အ ခြေ အနေတွင် ရှိသည် ဟု မီဒီယာ များ က ဖော်ပြသည်။

Ref: E News World
7day daily
From...Latest Myanmar News

No comments:

Post a Comment