Saturday, October 11, 2014

ထိုင်းနိုင်ငံ ကော့တောင် ကျွန်း က လူသတ်မှု ရဲ့အဂတိ တရား ကို ဖေါ်လိုက်ပြီ


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက လူသတ်မှုရဲ့အဂတိတရားကို ဖေါ်လိုက်ပြီ
==========================================================
အခု တလော ထိုင်းနိုင်ငံ ကော့တောင်လို့ခေါ်တဲ့ လိပ်ကျွန်းပေါ်က ဗြိတိသျှလူမျိုးနှစ်ဦး အဓမ္မ အကြမ်းဖက် သတ်ဖြတ်ခံရမှုက ကမ္ဘာကျော် သတင်းကြီးဖြစ်နေခဲ့ပြီး လူသန်းပေါင်းများစွာ စိတ်ဝင်စားနေခဲ့ကြပါတယ်။
သတ်ခံခဲ့ရသူတွေကို မြန်မာပြည်သားနှစ်ဦးက စနစ်တကျ စီမံသတ်ဖြတ်ခဲ့တယ်လို့ အချို့သော ထိုင်းသတင်း မီဒီယာတွေမှာ တဖက်သတ် ဖေါ်ပြနေသလို အလယ်ကျကျ ဖေါ်ပြတတ်ကြတဲ့ မတီချွန် ထိုင်းသတင်းစာကြီးမှာတော့ တရာခံ ဘယ်သူဘယ်ဝါဆိုတာ စွပ်စွဲဖို့ မဖြစ်နိုင်သေးကြောင်းကို သေမှုသေခင်း ဆောင်းပါးရှည်ကြီးကို အပိုင်း(၇) ပိုင်းခွဲခြားပြီး ဆက်တိုက်ဖေါ်ပြနေခဲ့ပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူလဲ မြန်မာပြည်ဖွား မြန်မာပြည်သားတစ်ယောက်ဖြစ်နေခဲ့တာမို့ ယခုကိစ္စကိုတော့ လက်ပိုက်ပြီး ကြည့်နေလို့ မဖြစ်တဲ့အဆုံး နီးနီးစပ်စပ် ဖြစ်နိုင်ချေ မဖြစ်နိုင်ချေတွေကို စုံစမ်းဖို့ လွန်ခဲ့တဲ့ အောက်တိုဘာ (၄) ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်တဲ့ အမေရိကန် လူ့အခွင့်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ ဆိုင်ရာ သောမတ် ကိုအကူညီတောင်းခံပြီး ထိုင်းနိုင်ငံမှာ ၇ှိတဲ့ သက်ဆိုင်ရာ သေမှုသေခင်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်လှတဲ့ ထိုင်းမှုခင်း ဆရာဝန်မကြီး “ ဒေါက်တာ ပွန်သစ်” ကို စကိုက်ပေါ်ကနေ မေးမြန်းပြီး အနီးစပ်ဆုံးခန့်မှန်းချေကို ရယူကြည့်ခဲ့ကြောင်း ကို တင်ပြပါရစေ..

ဒေါက်တာ ပွန်သစ် ဆိုတဲ့ ဆရာဝန်အမျိုးသမီးဟာ ထိုင်းနိုင်ငံတင်မက အခြားသော နိုင်ငံတွေရဲ့ သေမှုသေခင်းတွေကို လက်ခံပြီး ဆန်းစစ်၍ အမှုမှန်ဖေါ်ထုတ်ခဲ့တာမို့ ထိုင်းနိုင်ငံမှတင်မကပဲ ပတ်ဝန်းကျင် အာစီယံနိုင်ငံတွေမှာလည်း အတော် ထင်ရှားခဲ့တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်နေပါတယ်။
အခု ဒေါက်တာ ပွန်သစ် ပြောဆိုချက်လေးကို ကြည့်ပြီး မာဖီးယား ခရိုနီတို့ အားကောင်းကောင်းနဲ့ လွှမ်းမိုးထားတဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေ၀န်ထမ်းလို့ခေါ်တဲ့ ရဲအရာ၇ှိတွေ ၇ဲတပ်ဖွဲ့ဝင်တွေ၇ဲ့ လုပ်ပုံကိုင်ပုံအမှားယွင်းတွေကို ထောက်ပြထားပါတယ်။

ဒေါက်တာ ပွန်သစ် အကျယ်တ၀င့် ထောက်ပြလိုက်တာက အမှုစတင်ဖြစ်ပေါ်လာချိန်ကစပြီး ယနေ့အချိန်ထိ အမှုနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းအရ ထိုင်းနိုင်ငံ ရဲချုပ်အပါဝင် သက်ဆိုင်ရာ ရဲအရာရှိတွေ အားလုံး တစ်ဦးတစ်ယောက်မှ မှုခင်း ဆရာဝန်တွေကို ခေါ်ယူပြီး စစ်ဆေးမှု ပြုလုပ်ခဲ့တာ မရှိပါဘူးလို့ ဆိုပါတယ်။

ပြီးတော့ သင်ကာမကင်းတဲ့ တရာခံတွေကို စစ်ဆေးရာမှာ ဥပဒေအရ ခွင့်ပြုထားတဲ့ သက်ဆိုင်ရာ ဥပဒေကွပ်ကဲမှု အဖွဲ့တွေ မပါဝင်ခဲ့ပါဘူး ဆိုလိုချင်တာက သက်ဆိုင်ရဲ ရဲတပ်ဖွဲ့ ၊ မှုခင်း ဆရာဝန်များ ပြီးတော့ သက်သေ အထောက်ထား စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းသော မှုခင်း မှတ်တမ်းအရာ၇ှိအဖွဲ့ စတာတွေ မပါပဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ် လို့ ဆရာဝန်ကြီး ဒေါက်တ ပွန်သစ်က ပြတ်ပြတ်သားသားပင် ပြောဆိုပါတယ်။

ဒေါက်တာပွန်သစ်ပြောဆိုပုံက………
“နောက်ပြီး အမှုကို လူတွေ အများကြီးလိုက်ဖမ်းပြီး ကြောက်၇ွံ့တတ်သူ မျက်နှာငယ်သူ နောက်ခံ အသိုင်းဝိုင်းအားနည်းသူတွေကို ဖိအားပေး စစ်ဆေးပြီး ဒီလူတွေပါလို့ ထုတ်ပြခဲ့တယ် ခိုင်လုံတဲ့ သက်သေ အချက်လက် ဆိုတာ ရေရေရာရာ မရှိဘူး”

“အနီးစပ်ဆုံးဖြစ်နိုင်တဲ့ DNA စစ်ဆေးချက်ဆိုတာကလည်း သတ်မှတ်ထားတဲ့ မှုခင်းဆိုင်ရာ ဆေးစစ်မှု လုပ်ထုံးလုပ်နည်းတွေနဲ့ လားလားကြီး မကိုက်ညီပဲ လုပ်ခဲ့ကြတယ် ..ဆိုလိုချင်တာက သွေးစစ်တယ်ဆိုတာတခုတည်းနဲ့ လက်ခံရမလား အလောင်းက အဓမ္မပြုကျင့်ခံရတာလဲ ပါဝင်ပတ်သက်နေတော့ ဆီး သလိပ်နဲ့ သုတ်ရည် ပြီးတော့ အသားစ အပါဝင် အားလုံးကို စစ်ရမယ် ကျမ ချင်တာက အချို့အမှုတွေမှာ တကယ် သတ်ဖြတ်တာ မလုပ်တဲ့သူကခံ၇တဲ့ အကြောင်းတရားတွေ၇ှိဘူးတယ် သတ်သူက သတ်သွားပြီး အဲဒီအသေကောက်ဆီကနေ ကျလာတဲ့သွေးတချို့ ဘေးက လူဆီကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ရောက်ရှိသွားတာမျိုးတွေ တွေ့ဘူးပါတယ် ဥပမာအရ ပြောရရင် သေသူရဲ့သွေးစတွေ ရေးထဲမှာမျောလာပြီး ခပ်လှမ်းလှမ်းက မသက်ဆိုင်သူမှာ အဲဒီရေကို သောက်တာ မျက်နှာ သစ်တာ ချေဆေးမိတာ ကနေပြီး သတ်တဲ့တရားခံ အဖြစ်စွပ်စွဲခံရတာတွေလဲ ကျမ တို့ အများကြီး ကြုံခဲ့ဘူးပြီးပါပြီ”

“အခုက မှုခင်းဆရာဝန်တွေ၇ဲ့ ခွင့်ပြုချက်မပါပဲ အလောင်းကို နေရာရွေ့ပြောင်းတာ အလောင်းကို ဆေးကြော သန့်ရှင်းမှု လုပ်ခဲ့တာတွေကို ကျမကတော့ လက်မခံနိုင်ပါဘူး။
အခု ဖမ်းဆီးခံထားရတဲ့ တရားခံလို့ဆိုပြီး ရဲအဖွဲ့တစ်ခုတည်းကနေ စွပ်စွဲပြောဆိုနေတဲ့အချက်နဲ့ သူတို့နှစ်ဦးရဲ့ ထုတ်ဖေါ်ပြဆိုချက်တွေကို တိတိပပ ဖွင်ချမပြပဲ မှုခင်းဖွင့်ပြီး တရားရုံးကို တင်သွင်းဖို့ သတင်းစာရှင်းလင်းပွဲလုပ်တာကိုက ကလိမ်ကကျစ် မမှန်မကန်တဲ့ လုပ်ထုံးလုပ်နည်းဖြစ်နေပါတယ်..

သတင်းစာရှင်းလင်းပွဲကလဲ အတော်ကို ရီစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပြောသလိုမျိုးလို့ ကျမ ထင်ပါတယ် အကြောင်းက ရဲတဖွဲ့တည်းကပဲ အမှုလိုက် ရဲတဖွဲ့တည်းကပဲ အမှုမှန်တယ်ဆိုပြီး ဖေါ်ပြ ရဲတစ်ဖွဲ့တည်းကပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီရဲတဖွဲ့တည်း ပြောတာကိုပဲ လိုက်ပြီး အတည်ပြုပြောဆို ရေးသားနေကြတဲ့ သတင်းမီဒီယာတွေကိုလဲ ကျမ အံသြရပါတယ်။ “အမှန်ပြောရရင် အခုလိုမှုခင်းဟာ ရဲတစ်ဖွဲ့တည်း လုပ်လို့မရဘူး မှုခင်းဆိုင်ရာ စစ်ဆေးတဲ့ တာဝန်ခံ ဆရာဝန်ပါရမယ် ပြီးတော့ မှုခင်းဆိုင်ရာ မှတ်တမ်းသိမ်းယူတဲ့ မှတ်တမ်းထိန်း အရာ၇ှိနဲ့ သူ့ရဲ့သတ်မှတ်လက်ခံတွေ့ရှိတဲ့ သက်သေ အထောက်ထားတွေကိုလဲ တင်ပြရမှာ ဖြစ်ပါတယ်။။။”

“ကျမ အရေးကြီးဆုံး ဟာနေတဲ့ ဟာကွက်တခုကို ပြောချင်တာက မှုခင်းဖြစ်ပွားရာနဲ့ ပတ်သက်တဲ့ (ဘားဆိုင်) ပိုင်ရှင်နဲ့ သူ့ရဲ့ မိသားစုကို စစ်ဆေးဖို့လိုပါတယ် အခု မျက်မြင်တချို့ တင်ပြလာတဲ့ အချက်အရ (အဲဒီဘားဆိုင်) ပိုင်ရှင်သားက ကောင်မလေးကို လိုက်ပိုးပြီး အတင်းချစ်ကြိုက်ချင်နေတာ လွန်ခဲ့တဲ့ (၂)ရက်လောက်ကတည်းကပါတဲ့…ဒါကိုလဲ မှန်မမှန် ကျမပြောခဲ့တဲ့ သက်ဆိုင်ရာ အဖွဲ့တွေ အားလုံး စုပေါင်းပြီး စစ်ဆေးရမှာဖြစ်ပါတယ် …ခုတော့ အဲဒီအချက်ကြီးကို ချန်ခဲ့ပြီး သန့်ရှင်းရေးသမားလေး ပြီးတော့ တောက်တိုမယ်ရ ကူလုပ်နေတဲ့ ခလေးတွေကို နမော်နမဲ့စွဲချက်တင်တာကတော့ ရီစရာဇာတ်လမ်းတပုဒ်ကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်လို့ပဲ နောက်ဆုံးပြောပါရစေ”

စာဖတ်သူများ အားလုံး ရှင်းသွားမည်ထင်ပါသည်…စာရေးသူအဖို့မှာလည်း အထက်ဖေါ်ပြပါ နည်းလမ်းမှလွဲ၍ အရာ ထိုထက် ခိုင်လုံသော အချက် လက် အကြောင်းကျိုးဆက်စပ်မှုများအား ကြိုးစားအားထုတ်၍ တင်ပြရန် အခွင့်မသာသေးပါကြောင်း …………

မှတ်ချက် စာရေးသူ ထိုင်းစကား ထိုင်းသဒ္ဒါကို ကောင်းစွာတတ်မြောက်ကြောင်း ပြောပါရစေ....

စာဖတ်သူများအား ကျေးဇူးတင်ပါသည်

နှစ်သက်လျင် ရှယ်သွားနိုင်ကြပါသည်

ဂိုလ်ရှယ်လေး
 

အခု တလော ထိုင်းနိုင်ငံ ကော့တောင် လို့ခေါ်တဲ့ လိပ်ကျွန်းပေါ် က ဗြိတိသျှ လူမျိုးနှစ်ဦး အဓမ္မ အကြမ်းဖက် သတ်ဖြတ် ခံရမှုက ကမ္ဘာကျော် သတင်းကြီးဖြစ်နေ ခဲ့ပြီး လူသန်းပေါင်းများစွာ စိတ်ဝင် စားနေခဲ့ကြ ပါတယ်။

အသတ် ခံခဲ့ရသူတွေ ကို မြန်မာပြည် သားနှစ်ဦး က စနစ် တကျ စီမံ သတ်ဖြတ် ခဲ့တယ်လို့ အချို့သော ထိုင်း သတင်း မီဒီယာတွေ မှာ တဖက်သတ် ဖေါ်ပြနေ သလို အလယ် ကျကျ ဖေါ်ပြ တတ်ကြတဲ့ မတီချွန် ထိုင်း သတင်းစာကြီး မှာတော့ တရာခံ ဘယ်သူ ဘယ်ဝါ ဆိုတာ စွပ်စွဲဖို့ မဖြစ်နိုင်သေးကြောင်း ကို သေမှုသေခင်း ဆောင်းပါး ရှည်ကြီး ကို အပိုင်း(၇) ပိုင်း ခွဲခြားပြီး ဆက်တိုက်ဖေါ်ပြနေ ခဲ့ပြန် ပါတယ်။



 
ဘယ်လိုပဲဖြစ်ဖြစ် စာရေး သူလဲ မြန်မာပြည် ဖွား မြန်မာပြည်သား တစ်ယောက်ဖြစ်နေခဲ့ တာမို့ ယခု ကိစ္စကိုတော့ လက်ပိုက်ပြီး ကြည့်နေ လို့ မဖြစ်တဲ့ အဆုံး နီးနီး စပ်စပ် ဖြစ်နိုင်ချေ မဖြစ်နိုင်ချေတွေ ကို စုံစမ်း ဖို့ လွန်ခဲ့တဲ့ အောက်တိုဘာ (၄) ရက်နေ့က အမေရိကန်ပြည်ထောင်စု မှာ အခြေစိုက် တဲ့ အမေရိကန် လူ့အခွင့်ရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က အာရှရေးရာ ဆိုင်ရာ သောမတ် ကိုအကူ ညီတောင်း ခံပြီး ထိုင်းနိုင်ငံမှာ ၇ှိတဲ့ သက်ဆိုင်ရာ သေမှုသေခင်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင် လှတဲ့ ထိုင်းမှုခင်း ဆရာဝန်မကြီး “ ဒေါက်တာ ပွန်သစ်” ကို စကိုက်ပေါ်ကနေ မေးမြန်းပြီး အနီးစပ်ဆုံး ခန့်မှန်းချေ ကို ရယူကြည့်  ခဲ့ကြောင်း ကို တင်ပြပါရစေ..

 ဒေါက်တာ ပွန်သစ် ဆိုတဲ့ ဆရာဝန် အမျိုးသမီး ဟာ ထိုင်းနိုင်ငံ တင်မက အခြားသော နိုင် ငံတွေ ရဲ့ သေမှုသေခင်းတွေ ကို လက်ခံပြီး ဆန်းစစ် ၍ အမှုမှန်ဖေါ်ထုတ် ခဲ့တာမို့ ထိုင်းနိုင်ငံမှာ တင်မကပဲ ပတ်ဝန်းကျင် အာစီယံနိုင်ငံတွေမှာ လည်း အတော် ထင်ရှား ခဲ့တဲ့ ဆရာဝန်ကြီး တစ်ယောက်ဖြစ်နေပါတယ်။

အခု ဒေါက်တာ ပွန်သစ် ပြောဆိုချက်လေး ကို ကြည့်ပြီး မာဖီးယား ခရိုနီတို့ အားကောင်းကောင်း နဲ့ လွှမ်းမိုး ထားတဲ့ ထိုင်းနိုင်ငံ ရဲ့ ဥပဒေ၀န်ထမ်း လို့ခေါ်တဲ့ ရဲ အရာ၇ှိတွေ ၇ဲတပ်ဖွဲ့ဝင်တွေ ၇ဲ့ လုပ်ပုံ ကိုင်ပုံ အမှားယွင်းတွေကို ထောက်ပြထားပါတယ်။


 ဒေါက်တာ ပွန်သစ် အကျယ်တ၀င့် ထောက်ပြလိုက်တာက အမှု စတင်ဖြစ်ပေါ်လာ ချိန်က စပြီး ယနေ့ အချိန်ထိ အမှုနဲ့ ပတ်သက်တဲ့ လုပ်ထုံး လုပ်နည်း အရ ထိုင်းနိုင်ငံ ရဲချုပ် အပါဝင် သက်ဆိုင်ရာ ရဲ အရာရှိတွေ အားလုံး တစ်ဦး တစ်ယောက် မှ မှုခင်း ဆရာဝန်တွေ ကို ခေါ်ယူပြီး စစ်ဆေးမှု ပြုလုပ် ခဲ့တာ မရှိပါဘူး လို့ ဆိုပါတယ်။

ပြီးတော့ သင်ကာ မကင်းတဲ့ တရာခံတွေ ကို စစ်ဆေးရာ မှာ ဥပဒေ အရ ခွင့်ပြု ထားတဲ့ သက်ဆိုင် ရာ ဥပဒေ ကွပ်ကဲမှု အဖွဲ့တွေ မပါဝင်ခဲ့ ပါဘူး ဆိုလို ချင်တာက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ၊ မှုခင်း ဆရာဝန် များ ပြီးတော့ သက်သေ အထောက်ထား စနစ် တကျ မှတ်တမ်းတင် သိမ်းဆည်းသော မှုခင်း မှတ်တမ်း အရာ၇ှိ အဖွဲ့ စတာတွေ မပါပဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ် လို့ ဆရာဝန်ကြီး ဒေါက်တ ပွန်သစ်က ပြတ်ပြတ်သားသားပင် ပြောဆိုပါတယ်။

 ဒေါက်တာ ပွန်သစ်ပြောဆို ပုံက………
“နောက်ပြီး အမှု ကို လူတွေ အများကြီး လိုက်ဖမ်းပြီး ကြောက်၇ွံ တတ်သူ မျက်နှာ ငယ် သူ နောက် ခံ အသိုင်း အ၀ိုင်းအား နည်းသူတွေ ကို ဖိအားပေး စစ်ဆေးပြီး ဒီလူတွေ ပါလို့ ထုတ်ပြ ခဲ့တယ် ခိုင်လုံတဲ့ သက်သေ အချက်လက် ဆိုတာ ရေရေ ရာရာ မရှိဘူး”


 “အနီးစပ် ဆုံးဖြစ်နိုင်တဲ့ DNA စစ်ဆေးချက် ဆိုတာ ကလည်း သတ်မှတ် ထားတဲ့ မှုခင်း ဆိုင် ရာ ဆေးစစ် မှု လုပ်ထုံး လုပ်နည်းတွေ နဲ့ လားလားကြီး မကိုက် ညီပဲ လုပ်ခဲ့ကြတယ် ..ဆိုလို ချင် တာက သွေးစစ်တယ် ဆိုတာ တခုတည်းနဲ့ လက်ခံ ရမလား အလောင်းက အဓမ္မပြုကျင့် ခံရတာလဲ ပါဝင် ပတ်သက်နေတော့ ဆီး သလိပ် နဲ့ သုတ်ရည် ပြီးတော့ အသားစ အပါဝင် အားလုံး ကို စစ် ရမယ် ။ 

 ကျမ ပြောချင် တာက အချို့ အမှုတွေမှာ တကယ် သတ်ဖြတ်တာ မလုပ်တဲ့ သူက ခံ၇တဲ့ အကြောင်း တရားတွေ ၇ှိဘူးတယ် သတ်သူ က သတ်သွားပြီး အဲဒီ အသေကောက် ဆီကနေ ကျလာ တဲ့သွေး တချို့ ဘေးက လူဆီ ကို သွယ်ဝိုက်တဲ့နည်းတွေ နဲ့ ရောက်ရှိ သွားတာ မျိုးတွေ တွေ့ ဘူးပါတယ် ။ 

 ဥပမာအရ ပြောရရင် သေသူ ရဲ့သွေးစတွေ ရေးထဲ မှာမျောလာပြီး ခပ်လှမ်းလှမ်း က မသက် ဆိုင်သူ မှာ အဲဒီရေ ကို သောက်တာ မျက်နှာ သစ်တာ ချေဆေး မိတာ ကနေပြီး သတ်တဲ့ တရား ခံ အဖြစ် စွပ်စွဲ ခံရတာတွေ လဲ ကျမ တို့ အများကြီး ကြုံခဲ့ဘူးပြီးပါပြီ”

“အခုက မှုခင်း ဆရာဝန်တွေ ၇ဲ့ ခွင့်ပြုချက် မပါပဲ အလောင်း ကို နေရာရွေ့ပြောင်းတာ အလောင်း ကို ဆေးကြော သန့်ရှင်းမှု လုပ်ခဲ့တာတွေ ကို ကျမ ကတော့ လက်မခံနိုင် ပါဘူး။
 

အခု ဖမ်းဆီး ခံထားရတဲ့ တရားခံလို့ ဆိုပြီး ရဲ အဖွဲ့တစ်ခုတည်း ကနေ စွပ်စွဲပြော ဆိုနေတဲ့ အချက် နဲ့ သူတို့နှစ်ဦးရဲ့ ထုတ်ဖေါ်ပြဆိုချက်တွေ ကို တိတိပပ ဖွင်ချမပြပဲ မှုခင်းဖွင့်ပြီး တရားရုံး ကို တင်သွင်း ဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်တာ ကိုက ကလိမ် ကကျစ် မမှန် မကန်တဲ့ လုပ်ထုံး လုပ်နည်းဖြစ်နေပါတယ်..

သတင်းစာ ရှင်းလင်းပွဲ ကလဲ အတော် ကို ရီစရာကောင်း တဲ့ ဇာတ်လမ်း တစ်ပုဒ်ပြောသလို မျိုးလို့ ကျမ ထင်ပါတယ် ။  အကြောင်းက ရဲ တစ်ဖွဲ့တည်း ကပဲ အမှုလိုက် ရဲ တစ်ဖွဲ့တည်း ကပဲ အမှု မှန်တယ် ဆိုပြီး ဖေါ်ပြ ၊  ရဲတစ်ဖွဲ့တည်း ကပဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အဲဒီ ရဲ တဖွဲ့တည်း ပြောတာ ကိုပဲ လိုက်ပြီး အတည်ပြုပြောဆို ရေးသားနေကြ တဲ့ သတင်း မီဒီယာတွေ ကိုလဲ ကျမ အံသြရပါတယ်။

 “အမှန်ပြော ရရင် အခုလို မှုခင်းဟာ ရဲ တစ်ဖွဲ့တည်း လုပ်လို့ မရဘူး မှုခင်း ဆိုင်ရာ စစ်ဆေးတဲ့ တာဝန်ခံ ဆရာဝန် ပါရမယ် ပြီးတော့ မှုခင်း ဆိုင်ရာ မှတ်တမ်း သိမ်းယူ တဲ့ မှတ်တမ်းထိန်း အရာ ၇ှိနဲ့ သူ့ရဲ့သတ်မှတ် လက်ခံတွေ့ ရှိတဲ့ သက်သေ အထောက်ထားတွေ ကိုလဲ တင်ပြ ရမှာ ဖြစ်ပါတယ်။။။”

“ကျမ အရေးကြီးဆုံး ဟာနေတဲ့ ဟာကွက် တခုကို ပြောချင် တာက မှုခင်းဖြစ်ပွား ရာနဲ့ ပတ် သက်တဲ့ (ဘားဆိုင်) ပိုင်ရှင် နဲ့ သူ့ရဲ့ မိသားစု ကို စစ်ဆေးဖို့ လိုပါတယ် အခု မျက်မြင် တချို့ တင်ပြ လာတဲ့ အချက် အရ (အဲဒီဘားဆိုင်) ပိုင်ရှင် သားက ကောင်မလေး ကို လိုက်ပိုးပြီး အတင်း ချစ်ကြိုက် ချင်နေတာ လွန်ခဲ့တဲ့ (၂)ရက်လောက် ကတည်းကပါတဲ့…

ဒါကို လဲ မှန်မမှန် ကျမပြော ခဲ့တဲ့ သက်ဆိုင် ရာ အဖွဲ့တွေ အားလုံး စုပေါင်းပြီး စစ်ဆေးရ မှာဖြစ် ပါတယ် …ခုတော့ အဲဒီ အချက်ကြီး ကို ချန်ခဲ့ပြီး သန့်ရှင်းရေး သမားလေး ပြီးတော့ တောက် တို မယ်ရ ကူလုပ်နေ တဲ့ ခလေးတွေ ကို နမော် နမဲ့စွဲချက်တင် တာ ကတော့ ရီစရာ ဇာတ်လမ်း တပုဒ် ကို ဖန်တီး ထုတ်လုပ် လိုက်ပါတယ် လို့ပဲ နောက် ဆုံးပြောပါရစေ”

စာဖတ် သူများ အားလုံး ရှင်းသွားမည် ထင်ပါသည်…စာရေးသူ အဖို့ မှာလည်း အထက်ဖေါ်ပြပါ နည်းလမ်း မှလွဲ၍  ထိုထက် ခိုင်လုံသော အချက် အလက် အကြောင်းကျိုး ဆက်စပ်မှု များအား ကြိုးစား အားထုတ် ၍ တင်ပြရန် အခွင့် မသာသေးပါကြောင်း …………


မှတ်ချက်.... စာရေးသူ ထိုင်းစကား ထိုင်း သဒ္ဒါ ကို ကောင်းစွာ တတ်မြောက်ကြောင်း ပြော ပါရစေ....

စာဖတ် သူများအား ကျေးဇူး တင်ပါသည် ။  နှစ်သက်လျင် ရှယ်သွားနိုင်ကြ ပါသည်

ဂိုလ်ရှယ်လေး
 From...FB
 

No comments:

Post a Comment