Sunday, October 12, 2014

မပြစ်မှားအပ်သူ ကို စော်ကား ခဲ့သည့် သားမိုက် ထောင်ဒဏ် တစ်သက် ကျခံရ

son

 ထောင်ဒဏ် တစ်သက် ကျခံ ရတော့မည့် သားမိုက် ကီဗင်။ ဓာတ်ပုံ – Metro

ခင်ပွန်းကြီး ဆယ်ပါး ကို လုံးဝ မပြစ်မှား အပ် ဟု နီတိ ဆရာ တို့က ဆိုခဲ့ကြသည်။ ယခုမူ ခင်ပွန်းကြီး ဆယ်ပါး တွင် ထိပ်ဆုံး မှ ပါဝင်နေသော မာတာ မိခင် ကို စော်ကား ခဲ့သည့် သား မိုက် မှာ တရားရုံး ၏ ဆုံးဖြတ်ချက်နှင့် အတူ ထောင်ဒဏ် တစ်သက် ကျခံရတော့ မည် ဖြစ် သည်။
 
လူမဆန်စွာ ဆိုးရွား လွန်း လှသည့် အဆိုပါ ဖြစ်ရပ်မှာ အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ် ရှိ ကောပက် ခရစ္စတီ မြို့တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အသက် ၁၈ နှစ် အရွယ်ရှိ ကီဗင် ဂျာဇာ ရယ် ဆိုသူ လူငယ်က သူ ၏ မွေး မိခင် အရင်းခေါက်ခေါက် ကို တူဖြင့် ထုသတ်ကာ အသက်မဲ့ ခန္ဓာ ကိုယ်အား အဓ္ဓမ ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ 


ကီဗင် သည် မိခင် အား တူဖြင့် အချက်နှစ်ဆယ် တိတိ ထုနှက် ကာ သတ်ပြစ် ခဲ့ခြင်း ဖြစ်ပြီး သူက ညီမ အရင်း ဖြစ်သူ အပေါ်တွင် လည်း ကြမ်းတမ်းသည့် လိင်စိတ် များ ဖြစ်ပေါ် နေ ခဲ့ကြောင်း တရားခွင် တွင် ၀န်ခံခဲ့သည်။

“ကျွန်တော့် စိတ်တွေ ကယောင်ခြောက်ခြား ဖြစ် မနေပါဘူး။ ကျွန်တော် က ရူးနေတာ။ ကျွန်တော် ဘာလုပ် တယ် ဆိုတာကို ကျွန်တော် သိတယ်”ဟု တာဝန်ရှိ သူများကို ကီဗင် က ပြောခဲ့သည်။

ကီဗင် ၏ ညီမဖြစ်သူ ဒီစီရေး က ကီဗင် အပေါ် ပြစ်ဒဏ် ချမှတ် အပြီး တွင် ကီဗင် အနေဖြင့် သူ့အား ကာကွယ်ပေး မည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် အပေါ် ပြစ်ဒဏ် ကျူး လွန် ခဲ့ခြင်း ဖြစ်ကြောင်း ဆို ခဲ့ပြီး ယခုအခါ ကီဗင့် ဘက်တွင် မည်သူမျှ  ရှိတော့မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။
 
Ref: Metro
mizzima
From.....Search Myanmar


 

No comments:

Post a Comment