Tuesday, October 14, 2014

အပူ အပင်တွေ ကင်းတဲ့ ကလေး ဘဝ ကို နောက်တစ်ခါပြန်ပြီး မရနိုင်တော့ဘူး

student 













အမေ့ရဲ့ ရင်ခွင် ထဲမှာ အိပ်ပျော် သွားတဲ့ ညတွေ နဲ့ အဖေ့ ရဲ့ အိပ်ယာဝင် ပုံပြင်တွေ ဟာ ယခု အချိန်မှာ ပြန်တွေး လိုက်တိုင်း လွမ်းဆွတ် မိတယ်။ 

ဘာပဲပြောပြော ကလေး ဘဝ ဆိုတာ တစ်ကယ်ကောင်းတယ်။ ဖြူစင်တယ် ဘာမှ အရောင် ဆိုးထားခြင်း မရှိ သလို ဟန်ဆောင် မူလည်း ကင်းမဲ့တယ်။

ရန်ဖြစ် ခဲ့တဲ့ သူငယ်ချင်းတွေ ကျောင်းခန်း ထဲက ဆရာမ ရဲ့ ဆူပူ သံတွေကို တစ်ခါ တစ်လေ ပြန်တွေး မိရင် ရင်ထဲ အတော်လေး လွမ်းဆွတ် မိတယ်။


 သေချာ တာ ကတော့ နောက် တစ်ကြိမ် အဲဒီလို အခွင့်အရေးတွေ မရနိုင်တော့ ဘူးလေ။ ငယ်စဉ် ဘဝတုန်း က သူငယ်ချင်း ဆိုတာ သူ့မုန့် လုစား၊ ကိုယ်မုန့် သူစားနဲ့ အဆင့် အတန်းတွေ ငွေကြေး ချမ်းသာ မူတွေ နဲ့ ခွဲခြား မထား ခဲ့ဘူး။ 

ယခု အခါ သူငယ်ချင်း ဆိုတာ အဲဒိလို မဟုတ်တော့ဘူး။
အပူ အပင်တွေ ပြည့်နှက်နေ တဲ့ လူကြီး ဘဝကို တစ်ခါ တစ်ရံ စွန့်လွှတ် လိုက်ချင် မိပြီ။ 

စာဖတ်သူတွေရော.....


ကျော်လင်းနိုင်
From...yoyarlay

No comments:

Post a Comment