Sunday, October 12, 2014

ပြည့်တန်ဆာ ဝန်ဆောင်မှု ပါဝင်သော စားသောက်ဆိုင်များ ဖွင့်သည့် လင်မယား တရားစွဲ ခံထားရ




စင်ကာပူလူမျိုး အရက်ဆိုင် ပိုင်ရှင် တစ်ဦးနှင့် ၎င်း၏  ဖိလစ်ပိုင် အမျိုးသမီး တို့ စုံတွဲသည် ပြီးခဲ့ သည့် ၂၀၀၉ ခုနှစ် မှ ၂၀၁၃ ခုနှစ် အထိ လေးနှစ် အတွင်း ပြည့်တန်ဆာ ဝန်ဆောင်မှု ပါသော အရက် ဆိုင် ကိုးဆိုင် မှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၀၅,၃၀၀ (စင်ကာပူဒေါ်လာ ၁ ဒဿမ ၀၈ သန်း) ထိ ရရှိ ခဲ့သည်ဟု သည်စထရိတ်တိုင်းမ် သတင်းဌာန က ဖော်ပြသည်။ 



 
စင်ကာပူမြို့တော် Orchard လမ်း။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

အဆိုပါ ဆိုင်များ သို့ လာရောက် သူများသည် ဆိုင် အတွင်းဝန်ဆောင်မှု များထဲမှ ပါးစပ်ဖြင့် လိင်ဆက်ဆံ သည့် ၀န်ဆောင်မှု တစ်ခုကို ရရှိနိုင်ပြီး ယင်းတွင် တစ်ဦးလျင် စင်ကာပူ ၂၂ ဒေါ်လာ မှ ၅၅ ဒေါ်လာ အထိ အကုန်အကျ ခံကာ မိန်းကလေးများ ကို ခေါ်ယူနိုင်ကြောင်း သိရ သည်။ 
 
ထို့ပြင် ဖောက်သည်များ သည် ဘားကောင်တာ တွင် အနိမ့် ဆုံး စင်ကာပူ ဒေါ်လာ ၂၀၀ ပေး ၍ မိန်းကလေး များကိုလည်း လိင်ဆက်ဆံ ရန် ခေါ်နိုင်သည် ဟု The New Paper သတင်း တွင် ဖော်ပြသည်။

အသက် ၄၀ အရွယ် ရှိ အန်းနှင့် ဇနီးဖြစ်သူ အသက် ၃၁ နှစ်ရှိ ယလာဒီ အန် အေဆွန်စီယွန် တို့ သည် လုပ်ဖော်ကိုင်ဖက် ၁၇ ဦးတို့နှင့်အတူ ၎င်းတို့၏ ဆိုင်များ တွင် ပြည့်တန်ဆာ ၀န်ဆောင် မှုပေးရန် ဖိလစ်ပိုင် မှ မိန်းကလေးများ ကို ခေါ်ယူ ထားခဲ့ ခြင်းဖြစ်ကြောင်း သိရ သည်။

ဇနီးဖြစ်သူ အေဆွန်စီယွန်က ဖိလစ်ပိုင်သို့ ပြန်သည့်အခါတိုင်း ခင်ပွန်း၏ လုပ်ငန်းတွင် အသုံးချ ရန် ဖိလစ်ပိုင် မိန်းမပျိုလေးများကို စည်းရုံးခေါ်ယူ ခဲ့သည်။

ယင်း အမျိုးသမီးလေး များကို အေဆွန်စီယွန်က ငွေများ ထုတ်ချေးခဲ့ပြီး ယင်းအကြွေး များ ကို ပြန်လည်၍ ဆပ်ရန်အတွက် အမျိုးသမီးလေးများက ခန္ဓာကိုယ်ကို အရင်း အနှီးပြု ကာ ပြန် ဆပ်ခဲ့ ရသည်။

အန်းက ၎င်း၏ ဆိုင်များတွင် စုစုပေါင်း အမျိုးသမီး ၅၅ ဦးထိ ခန့်အပ်ထားပြီး ၎င်း၏ အမြတ် ရရှိမှု ပမာဏမှာ အလုပ်ကောင်းသည့် လများတွင် တစ်လလျင် စင်ကာပူဒေါ်လာ ၆၀,၀၀၀ ထိရ ရှိသည်ဟု ပြောကြားခဲ့သည်။

အန်းသည် ၎င်း၏ပထမဆုံးသော ဆိုင်ကို ၂၀၀၉ ခုနှစ် ဇွန်လက Orchard ပလာဇာတွင် ဖွင့်လှစ်ခဲ့ပြီးနောက် ၎င်း၏နာမည်ဖြင့် အခြား ဆိုင်ရှစ်ဆိုင်ကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။

ယခု အခါ အန်းသည် စွဲချက်စုစုပေါင်း ၂၃၂ ခုနှင့်ရင်ဆိုင်နေရပြီး ဇနီးဖြစ်သူမှာလည်း ခင်ပွန်းဖြစ် သူ၏ လုပ်ငန်းအတွက် အမျိုးသမီးလေးများကို ခေါ်ဆောင်ပေးခဲ့ခြင်း အပါအဝင် အမှုခြောက် ခုဖြင့် စစ်ဆေးခံရမည်ဖြစ်သည် အဆိုပါ လင်မယားအား အောက်တိုဘာ ၁၃ ရက်တွင် စီရင်ချက်ချဖွယ်ရှိကြောင်း သိရသည်။


From: မဇ္ဈိမ
www.mmdailystar.com 

No comments:

Post a Comment