Thursday, October 16, 2014

လိင် ၂ မျိုး အင်္ဂါဇာတ် ၃ ခု ပါတဲ့ ကလေး တစ်ဦး မွေးဖွား


လိင်၂ မျိုး၊ အင်္ဂါဇာတ် ၃ ခု ပါတဲ့ ကလေးငယ် တစ်ဦးကို ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည် သူ့ဆေး ရုံ မှာ အောက်တိုဘာ လ ၁၀ ရက် နေ့က မွေးဖွားခဲ့တယ်လို့ နိရဉ္စရာ သတင်း တစ်ပုဒ်မှာ ဒီ ကနေ့ ဖော်ပြလာပါ တယ်။ 

 
 နေရဉ္စရာ သတင်းက ဖော်ပြထားတဲ့ လိင် ၂ မျိုး လိင်အင်္ဂါ ၃ ခုပါတဲ့ ကလေးသတင်း၊ ဓာတ်ပုံ- နေရဉ္စရာ


ရခိုင်ပြည်နယ် ဂွမြို့နယ် က အဖ ဦးရဲပိုင်ထူး၊ အမိ ဒေါ်ဝေေ၀မာ တို့က မွေးဖွား လာတဲ့ ကလေး ငယ်ဟာ ယောင်္ကျားအင်္ဂါ ၂ ခု၊ မ အင်္ဂါ တစ်ခု ပါဝင်တာဖြစ်တယ် လို့ ဂွ မြို့နယ် ကျန်းမာရေး ဦးစီးဌာနက နေရဉ္စရာ သတင်းဌာနကို ပြောဆို ထားခဲ့ပါတယ်။ 



လိင် အင်္ဂါ ၂ မျိုး ၃ ခု နဲ့ မွေးဖွား လာတဲ့ ကလေးငယ် ကို ဆေးကုသနိုင် ဖို့ ရခိုင်ပြည်နယ် ကျန်းမာရေး ဌာန ကို တင်ပြ ထားတယ်လို့လည်း သတင်း က ဆိုပါတယ်။ 

ကျမ်းဂန်တွေ အရ ဣတ္ထိလိင်၊ ပုလ္လိင်၊  ဒွိလ္လိင်၊ နပုလ္လိင် ဆိုတဲ့ မလိင်၊ ကျားလိင်၊ ကျား+မ လိင်၊ လိင် အင်္ဂါ မပါ ဆိုပြီး ၄ မျိုး ရှိတာ သိရပါတယ်။ 

အခု လို ကျား အင်္ဂါ ၂ ခု နဲ့ မ အင်္ဂါ ၁ ခု ပါတဲ့ ( လိင်၂ မျိုး ၊ အင်္ဂါဇာတ် ၃ ခု)  ကလေးငယ် ကို မည်သို့ ခေါ် ဆို မ လည်း ဆိုတာတော့ ကျမ်းတတ်ပေတတ်တွေ က ဆွေးနွေး ရတော့မယ် ထင်ပါတယ်။ 

ဧရာဝတီ Facebook / ဧရာဝတီ Twitter
Go to Source
From...Search Myanmar

No comments:

Post a Comment