Sunday, October 19, 2014

မွေးကင်းစ ကလေး သေဆုံးမှုနှင့် ပတ်သက်၍ ၀ိတိုရိယဆေးရုံ ၏ သဘောထား ထုတ်ပြန်ချက် အပေါ် ကာယကံရှင် မိသားစုက လုံးဝ လက်မခံဘဲ ဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမည် ဟုဆို

Untitled

မွေးကင်းစ ကလေး သေဆုံးမှုနှင့် ပတ်သက် ၍ ဝိတိုရိယဆေးရုံ မှ သဘောထား ထုတ်ပြန်ချက် အပေါ် ကာယကံရှင် မိသားစု များက လုံးဝ လက်မခံဘဲ ဥပဒေ အရသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်က စင်ထရယ် ဟိုတယ်တွင် မနွေးဝါဝါလတ်နှင့် မိသားစုများ က ပြုလုပ် ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။

ထို့ပြင် ဝိတိုရိယဆေးရုံနှင့် ပတ်သက်၍ ကာယကံရှင် မိသားစုဝင်များ မှ ရေးသား တိုင်ကြား ထား သည့် စာများကို လည်း အောက်တိုဘာ ၁၆ ရက်က ကျန်းမာရေး ဝန်ကြီးဌာန ၊ ပြည်ထောင် စု ဝန်ကြီး သို့လည်းကောင်း၊ အောက်တိုဘာ ၁၇ ရက် က မြန်မာနိုင် ငံ ဆေးကောင်စီ သို့လည်းကောင်း ပေးပို့တိုင်ကြား ထားကြောင်းလည်း သိရသည်။


သတင်းစာ ရှင်းလင်းပွဲ တွင် မနွေးဝါဝါလတ် မှာ ဆေးရုံသို့ သွားရောက်ခဲ့ပုံ များ၊ ကလေးမွေး ဖွား ခဲ့ပုံများ ကိုသာ ပြောကြားခဲ့ပြီး ဝိတိုရိယဆေးရုံ သို့ သွားရောက်တွေ့ဆုံခဲ့ မှုများ၊ သက်ဆိုင် ရာ ဆေးရုံ အုပ်ချုပ်မှု အဖွဲ့နှင့် တွေ့ဆုံ ခဲ့သည် များနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များ၊ ဆက်လက် လုပ်ဆောင် သွားမည့် အစီအစဉ် များအားလုံးကို မနွေးဝါဝါလတ် အဒေါ်ဖြစ်သူ ဒေါ်စံပယ်လတ် မှ သာ ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝိတိုရိယဆေးရုံ ဘက်က ထုတ်ပြန် ခဲ့တဲ့ သဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်မ တို့ ဘက်က လုံးဝ လက်မခံ ပါဘူး။ ဒီအတွက် ဥပဒေအရ ဆက်လက်ဆောင်ရွက် ရန် ရှိတာတွေကို ဆက်လက် လုပ်ဆောင် သွားဖို့ စီစ ဉ်သွားပါမယ်” ဟု မနွေးဝါဝါလတ် ၏ အဒေါ်ဖြစ်သူ ဒေါ်စံပယ်လတ် က ဆိုသည်။

ထို့ပြင် မွေးကင်းစ ကလေး သေဆုံးမှုနှင့် ပတ်သက်၍ မနွေးဝါဝါလတ် မိသားစုမှ ဝိတိုရိယဆေး ရုံ သို့ ကျပ်ငွေသိန်း ၅ဝဝ တောင်းခံ ခဲ့မှု ရှိမရှိ ကို မီဒီယာ များက မေးမြန်း ခဲ့ရာ “ဝိတိုရိယဆေး ရုံ အုပ်ကြီး က ကျွန်မ တူမ ကို မေးပါတယ်။ သမီး ဘာလိုအပ် ပါသလဲ။ သူတို့ ဘာလုပ်ပေးရ မလဲ လို့ မေးပါတယ်။ 

ဒါနဲ့ တူမလေး က လူကြီးတွေ နဲ့တော့ မတိုင်ပင် ရသေးဘူး။ သမီး ခင်ပွန်းနဲ့တော့ တိုင်ပင် ထားပါတယ် လို့ ကျွန်မ တူမ က ပြောခဲ့တယ်။ နောက် သူက ကလေး ကို အသက် လုပေး ခဲ့တဲ့ ရန်ကင်း ကလေး ဆေးရုံကြီး နဲ့ စေတနာ အပြည့် နဲ့ ကူညီပေး ခဲ့တဲ့ နာရေး ကူညီမှု အသင်း ကြီး ကို လှူဒါန်းချင် တဲ့ အတွက်ကြောင့် သမီး လိုအပ်တာ ကို လုပ်ပေး မယ်ဆိုရင် လှူဒါန်းနိုင် ဖို့အတွက် သိန်း ၅ဝဝ ဆရာကြီး အနေနဲ့ စီစဉ်ပေးပါ လို့ ပြောခဲ့ပါတယ်” ဟု ဒေါ်စံပယ်လတ် က ဖြေကြားခဲ့သည်။

ယင်းဖြေကြားချက် အပြီး မီဒီယာ များမှ ဝိတိုရိယဘက် မှ အဆိုပါ ငွေကြေးအား ပေးအပ်ခဲ့ခြင်း ရှိမရှိ ကို ဆက်လက်မေးမြန်း ခဲ့ရာ “ဆရာကြီး က ဘုတ်ထိုင်ပြီး ရင် အကြောင်းပြန်မယ် လို့ ပြန်ပြော ပါတယ်။ ဆေးရုံ ဘက်က ဘုတ် ထိုင်ပြီးတော့ အောက်တိုဘာ ၁၄ ရက်မှာ ကျွန်မ တို့ကို လှမ်းခေါ်ပါတယ်။ 

အမြဲတမ်းလည်း သူတို့ဘက်က ချည်းပဲ လှမ်းခေါ် ခဲ့ပြီး ကျွန်မတို့ က သွားရတယ်။ ၁၄ ရက်မှာ သူတို့က သူတို့ ဘက်မှာ တာဝန် လုံးဝ မရှိပါ ဆိုတဲ့ စကားကို ပြောဆို ခဲ့ပါတယ်။ ပိုက်ဆံ ကိစ္စ လုံးဝ မပြောဆိုခဲ့ပါဘူး” ဟု ဒေါ်စံပယ်လတ် က ဆက်လက်ပြောကြား ခဲ့သည်။

ဒေါ်နွေးဝါဝါလတ် ၏ မွေးကင်းစ ကလေး သေဆုံးမှုနှင့် ပတ်သက်၍ ဝိတိုရိယဆေးရုံ အုပ်ချုပ်မှု အဖွဲ့မှ အောက်တိုဘာ ၁၅ ရက်က သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာ ခဲ့သည်။

]အဆိုပါ ထုတ်ပြန်ချက် တွင် ဝိတိုရိယဆေးရုံ ၌ အောင်မြင်စွာ မွေးဖွားပြီး သုံးရက် အကြာတွင် ကွယ်လွန် သွားသော ရင်သွေးငယ် အတွက် ဒေါ်နွေးဝါဝါလတ် မိသားစုတို့နှင့် အတူ ထပ်တူ ထပ် မျှ ဝမ်းနည်းကြေကွဲ ရကြောင်း၊ 

ဝိတိုရိယဆေးရုံ ၌ ဒေါ်နွေးဝါဝါလတ် ၏ ရင်သွေးငယ် ကို အောက်တိုဘာ ၃ ရက် တွင် ပုံမှန်မွေး ရက် မတိုင်မီ ငါးပတ်ခန့် စောစီးစွာ မွေးဖွား ခဲ့သော် ည်း အထူးကု ဆရာဝန်ကြီး ၏ လမ်းညွှန်ချက် အတိုင်း ဆေးရုံ မှ အောင်မြင်စွာ မွေးဖွားပေးနိုင် ခဲ့ကြောင်း၊

 မွေးဖွားပြီးနောက် ကလေးအထူးကု ဆရာဝန်ကြီး ၏ လမ်းညွှန်ချက် အတိုင်း ရန်ကင်းကလေး အထူးကုဆေးရုံ သို့ စနစ်တကျ ကောင်းမွန်စွာ လွှဲပြောင်းပေး ခဲ့ကြောင်းနှင့် ရန်ကင်း ကလေး အထူးကုဆေးရုံကြီး တွင် ယင်း ရင်သွေးငယ် အား အထူးကြပ်မတ် ကုသဆောင်၌ သုံးရက်  တိုင် ပြုစုစောင့်ရှောက် ကုသပေးခဲ့သော် လည်း ကွယ်လွန် သွားခဲ့ကြောင်း သိရသည်။

အထက်ဖော်ပြပါ အကြောင်း အရာ များနှင့် ပတ်သက်၍ ဒေါ်နွေးဝါဝါလတ် ၏ လူမှု ကွန်ရက် စာမျက်နှာ များပေါ်တွင် ရေးသားပြောကြားချက် များ ပေါ်ထွက် ခဲ့ကြောင်း၊ ကာယကံရှင် မိသားစု မှ မွေးဖွားမှုဖြစ်စဉ်နှင့် ပတ်သက် ၍ အဖြစ်မှန် ကို သိရှိ လိုကြောင်း ဝိတိုရိယဆေးရုံ သို့ အောက်တိုဘာ ၉ ရက်တွင် ဆက်သွယ်တောင်းဆို ခဲ့ကြောင်း၊ 

ဝိတိုရိယဆေးရုံ မှလည်း ဒေါ်နွေးဝါဝါလတ် မိသားစု ၏ ဆန္ဒ ကို အလေးထားသော အားဖြင့် ဘာသာရပ် အလိုက် အထူး ကျွမ်းကျင်သော အထူးကု ဆရာဝန်ကြီးများနှင့် ဥပဒေရေး ရာ ဆေး ပညာ ကျွမ်းကျင်သူ ပညာရှင် သီးခြား ပြင်ပ အဖွဲ့အစည်းဖြင့် အကြိမ်ကြိမ် စုံစမ်းစိစစ် စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း၊ 

ထိုစစ်ဆေး တွေ့ရှိချက် များကို သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး များနှင့် တာဝန်ရှိသူ များ မှ ဒေါ်နွေးဝါဝါလတ် မိသားစုအား အောက်တိုဘာ ၁၄ ရက်တွင် ဆေးပညာ ရှုထောင့် အရ ဆရာဝန် ကျင့်ဝတ်၊ ဆေးရုံ ကျင့်ဝတ် များဖြင့် ခိုင်လုံ တိကျစွာ ရှင်းပြ ခဲ့ပြီးဖြစ်ကြောင်းနှင့် သို့ဖြစ် ပါ၍ ဒေါ်နွေးဝါဝါလတ် မိသားစု အား ရှင်းလင်း တင်ပြပြီး ဖြစ်သကဲ့သို့ မိသားစု ၏ ခံစား ချက် ကို နားလည်သော အားဖြင့် ဝိတိုရိယဆေးရုံ မှ ဝမ်းနည်းကြေကွဲ စွာဖြင့် ဤရှင်းလင်းချက် အား ထုတ်ပြန် အပ်ပါကြောင်း ရေးသား ဖော်ပြထားသည်။

eleven media
From...Search Myanmar

 

No comments:

Post a Comment