Saturday, October 18, 2014

မျက်စိသုံးလုံး ပါ ရှားပါးနွားပေါက် တစ်ကောင် အိန္ဒိယနိုင်ငံ တွင် မွေးဖွား




တမီးလ်နာဒူ ၊ ၁၈-၉-၂၀၁၄

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူ ပြည်နယ် အတွင်း ရှိ ကိုလာသာ ကျေးရွာ တွင် မျက်စိ သုံးလုံး ပါ ရှိသည့် ရှားပါး နွားပေါက် တစ်ကောင် မွေးဖွား ခဲ့ကြောင်း သိရသည်။

အဆိုပါ နွားပေါက် သည် သာမန် နွားပေါက် များနှင့် မတူဘဲ နဖူး တည့်တည့်တွင် မျက်စိ တစ်လုံး အပို ပါရှိ၍ မွေးဖွား ခဲ့ခြင်း ဖြစ်သည်။ ထူးဆန်း စွာ မွေးဖွား လာသည့် အဆို ပါ နွားပေါက် ကို ဒေသခံ များက မျက်စိ သုံးလုံး ပါသည့် Shiva နတ် ဘုရား ဝင်စားသည်ဟု ယုံကြည် ထား ကြကြောင်း သိရသည်။








 



မျက်စိ သုံးလုံးပါ နွားပေါက်လေး မွေးဖွား ခဲ့ခြင်း သည် အလွန် အံ့အား သင့်ဖွယ် ကောင်း ပြီး ကျေးရွာ အတွက် ကံကောင်းခြင်း နိမိတ် လက္ခဏာ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အဆို ပါ နွားပေါက် ကလေး ကို တိုင်တည် ၍ ဆုတောင်း ပါက မိမိ တို့၏ ဆုတောင်းများ ပြည့်မည်ဟု ယုံကြည်ကြောင်း၊ 

ထို့ကြောင့် မိမိတို့ ဒေသခံ များ အနေဖြင့် အဆိုပါ နွားပေါက် ကို နတ်ဘုရား တစ်ပါး ကဲ့သို့ သဘောထား ၍ ဂါရ၀ပြု ဆုတောင်းမှု များ ပြုလုပ် နေကြောင်း ၊ အနီးအနား ရှိ ကျေးရွာ များ မှ ဒေသခံ များ ကလည်း အဆိုပါ နွားပေါက် ကို လာရောက် ဂါရ၀ပြု ဆုတောင်း ကြကြောင်း နွားပေါက် ပိုင်ရှင်ဖြစ်သူ ရာဂျက် က ပြောကြားသည်။

မျက်စိ သုံးလုံး ပါရှိသည့် Shiva နတ်ဘုရား သည် ဟိန္ဒူ  ဘာသာဝင် များ အပေါ် လွှမ်းမိုးမှု အရှိ ဆုံး နတ်ဘုရား များ အနက် တစ်ပါး အပါ အ၀င် ဖြစ်ပြီး Shiva နတ် ဘုရား ဒေါသထွက် ၍ ၄င်း ၏ တတိယ မျက်လုံးဖြင့် အရာ ၀တ္ထု များကို ကြည့်ရှု ပါက ၄င်း အရာ ၀တ္ထု များမှာ မီးလောင် ကျွမ်း၍ ပြာမှုန့် များ ဖြစ်သွား သည် အထိ အစွမ်း ရှိကြောင်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/09/blog-post_6.html


From...Thit Htoo Lwin

No comments:

Post a Comment