Tuesday, October 28, 2014

ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီး ခြောက်ရက်ကြာ အမှောင် ကျ သွားမည် ဆိုခြင်း နာဆာငြင်း

နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ် တစ်ရပ်ကြောင့် လာမည့် ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီး မှာ ခြောက် ရက်ကြာ အမှောင်ဖုံး လွှမ်း သွားလိမ့်မည် ဆိုသည့် အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့ လျက် ရှိသည့် သတင်း တစ်ရပ်နှင့် ပတ်သက်ပြီး နာဆာ က ငြင်းပယ် လိုက်သည်။

SolarStorm
နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ် သရုပ်ဖော်ပုံ။

ဖျော်ဖြေရေး ဝက်ဘ်ဆိုက် Huzlers.com တွင် “၂၀၁၄ ဒီဇင်ဘာလ အတွင်း ကမ္ဘာတွင် ခြောက် ရက်ကြာ လုံးဝ အမှောင် အတိ ကျသွားမည် ဟု နာဆာ အတည်ပြု” ဟူ၍ သတင်း တစ် ပုဒ် ဖော်ပြ ခဲ့ရာ ယင်း သတင်း အွန်လိုင်းပေါ် ရောက်ချိန် မှ စပြီး သတင်းမှန် သတင်း စစ် အဖြစ် ယုံကြည် ပျံ့ နှံ့ မှု များ ကျယ်ပြန့် သွားခဲ့သည်။


 
“ဒီဇင်ဘာ ၁၆ ရက် ကနေ ၂၁ ရက် အထိ ကမ္ဘာမြေ ပေါ်မှာ ခြောက် ရက်ကြာ လုံးဝ မှောင် သွား လိမ့်မယ်။ နေမုန်တိုင်း ထန် ဖြစ်စဉ် ပေါ်ပေါက် မှာ ဖြစ် လို့  ဖုန်နဲ့ စကြဝဠာ အမှိုက် သရိုက်တွေ ပြည့်သိပ် ဖုံးလွှမ်း သွားမှာ ဖြစ်တဲ့ အတွက် ၉၀ ရာခိုင်နှုန်း နေ အလင်းရောင် ပျောက် သွားမှာ ဖြစ်တယ် လို့  နာဆာက အတည်ပြု ထားပါတယ်”ဟု ယင်း Huzlers.com သတင်းတွင် ဖော်ပြသည်။

Huzlers.com ၏ ဖော်ပြချက် ကို နာဆာ က တုံ့ ပြန် ရှင်းလင်းမှု တစ်ရပ် ပြုလုပ် ခဲ့ပြီး အေဂျင်စီ က မည့်သည့် တရားဝင်ပြောဆိုမှု မှ ထုတ်ပြန်ထားခြင်း မရှိကြောင်း ကိုယ်ပိုင် ဝက်ဘ်ဆိုက် တွင် ပြန်လည် ဖော်ပြလိုက်သည်။ 

ထို့ပြင် Huzlers.com ဝက်ဘ်ဆိုက် ကိုယ်တိုင် ကလည်း ၎င်းတို့ ဝက်ဘ်ဆိုက် သည် အပျော်ဖတ် သတင်းသာ များ၍ အလေး အနက် မထားကြ ရန် ပွင့်ပွင့် လင်းလင်း ပင် ဖော်ပြခဲ့သည်။


Ref: Zee News
mizzima
From...Search Myanmar

 

No comments:

Post a Comment