Monday, October 27, 2014

နွားနို့ တစ်ခွက်ဖြင့် ကုသသည်



 


အိမ်တွေ ကို လိုက် တံခါးခေါက် လို့ ဟင်းသီးဟင်းရွက်ရောင်း ရတဲ့ ၁၀ နှစ်သား အရွယ် ကလေး ငယ်လေး တစ်ဦး ရှိပါတယ်။ မိဘ ဆင်းရဲတာကြောင့် သူ ကျောင်းတက် ဖို့ အတွက်ကို အရွယ် နဲ့ မလိုက်အောင် အလုပ် လုပ်ပြီး ငွေရှာ ရပါတယ်။

 နေပူကြဲကြဲ ထဲ သွားရင်း တစ်အိမ်ရှေ့ရောက်တော့ အောင့် မထားနိုင်တဲ့ အဆုံး ရေ တစ်ခွက် တောင်းသောက် ပါတော့တယ်။ သူ့လိုပဲ ရွယ်တူ အမျိုးသမီး ငယ်လေး ဖြစ်ပြီး ရေတင် မကပဲ ဗိုက်ဆာနေတဲ့ ပုံစံလည်း ပေါက် တာကြောင့် ရေအစား နွားနို့ ကို ခွက် အပြည့်ထည့်လို့ တိုက် ပါတယ်။


 
နွားနို့ ကို သောက်ပြီး ဗိုက်ပြည့် သွားတဲ့ ကလေးငယ် က ဒီအတွက် ဘယ်လောက်ပေး ရမလဲ လို့ မေး ပါတယ်။ 

ဒါနဲ့ ကလေးမလေး က ငွေပေးစရာ မလိုကြောင်း စေတနာ နဲ့တိုက်ခြင်း ဖြစ်ကြောင်း တစ်ပါး သူက စေတနာဖြင့် ကူညီတာ ကို ငွေ ဖြင့်တန်ဖိုး မဖြတ် ရဘူးလို့ မေမေက ပြောထားကြောင့် ခပ်တည်တည်နဲ့ ဆရာမကြီး ဂိုက်နဲ့ ပြော လိုက်ပါသေးတယ်။ 

ဒါနဲ့ ဟင်းရွက်ရောင်း တဲ့ ကလေး ဟာ ဝမ်းသာ သွားပြီး နှုတ်ဆက် ထွက်သွားပါတယ်။

နောက်နှစ် ၂၀ ကြာတဲ့ အခါ ..
အမျိုးသမီး တစ်ဦး ဟာ ရှားပါး ကင်ဆာရောဂါဝေဒနာကြောင့် ဆေးကုသ မှု ခံယူနေရပါတယ်။ ဒါကြောင့် မြို့ငယ်လေး ကနေ မြို့ကြီး ကို တက် လာပြီး ဆေးရုံကြီး တစ်ခု မှာ ဆေးကုသမှု ခံယူခြင်း ဖြစ်ပါတယ်။ 

အမျိုးသမီး ဟာ မဆင်း ရဲပေမယ့် ခွဲစိတ်ကုသ ဖို့ ငွေလုံလောက်သူ လည်း မဟုတ်ပါဘူး။ တာဝန်ကျ ဒေါက်တာ ဟာ သူမ ကို တွေ့ရှိပြီး ဒေါက်တာ ဟာ အမျိုးသမီး ကို မြင်တာနဲ့ အရင် က သိခဲ့ဖူးသူ ဖြစ်ကြောင်း ချက်ချင်း သိပါတယ်။ 

ခွဲစိတ် ကုသမှု ကို ပြီးဆုံးအောင် ပြုလုပ်ပေးခဲ့ ပါတယ်။ ဒါနဲ့ ကုန်ကျ စရိတ်အတွက် ရှိသမျှ စည်းစိမ် အကုန် ရောင်းဖို့ ဆုံးဖြတ် ထားတဲ့ အမျိုးသမီး လက်ထဲ ကို သူနာပြုက စာတစ်စောင် လာပေး ပါတယ်။ 

စာထဲမှာ ရေထားတာ ကတော့ .
“စေတနာဖြင့် တိုက်ခဲ့သော နွားနို့ တစ်ခွက် အတွက် စေတနာဖြင့် ခွဲစိတ် ကုသပေးပါသည်”

သင်ခန်းစာ -
စေတနာ ဟူသည်ကား ကောင်းသည် ဖြစ်ဖြစ် ဆိုးသည် ဖြစ်ဖြစ် စောင့်ဆိုင်းစရာ မလိုပဲ တစ်နည်း မဟုတ် တစ်နည်း ပြန်လည် တန်ပြန် သက်ရောက်သည်။

 


Ref: inspiratestory 
အောင်ခမ်း (ရိုးရာလေး)
From...Search Myanmar

 

No comments:

Post a Comment