Saturday, October 18, 2014

ငွေဆောင် ကမ်းခြေ ရေကူး သူများ ဘာတွေ သတိ ထားရမလဲ


ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် က ငွေဆောင်ကမ်းခြေ ဟာ ယခင် ကတော့ ပြည်ပ ခရီးသွားတွေ ပဲ လာရောက် လည်ပတ်တာ များပေမယ့်  အခု ကတော့ ပြည်တွင်း ခရီးသွားတွေပါ တိုးမြင့် ၀င်ရောက် လာပါပြီ။

ဒီလိုမျိုး ခရီးသွားတွေ တိုးမြင့် လာတာနဲ့ အတူ ငွေဆောင် ကမ်းခြေမှာ ပင်လယ်ရေ ကူးရင်း ရေ နစ်သေဆုံး မှုတွေလည်း ဖြစ်ပွား လာခဲ့ပါတယ်။ မနှစ်က ဆိုရင် ရေနစ်သေဆုံး သူ ၇ ဦးရှိခဲ့တဲ့ အနက် ၆ ဦး က မြန်မာနိုင်ငံသား ခရီး သွားတွေဖြစ်ကြောင်း ငွေဆောင် ရဲစခန်း လူသေမှု မှတ် တမ်းတွေအရ သိရပါတယ်။
 
ရေကူး ရာမှာ သတိထား ရမယ့်အချက်တွေ ကို ဟိုတယ်တွေ က ထုတ်ပြန်ပေးထား ပါတယ်။
ဒါပေမယ့်  မြန်မာဘာသာနဲ့ သတိပေးချက်တွေ ကို   မြန်မာ ခရီးသွား အများစုဟာ လိုက်နာမှု အားနည်းတဲ့ အတွက် အခုလို ကြေကွဲ ဖွယ်ဖြစ်ရပ်တွေ ပေါ်ပေါက် ရတာဖြစ်တယ် လို့ လုပ် သက် ၁၄ နှစ်ရှိ ပြီဖြစ်တဲ့ ယုဇန ဟိုတယ် မန်နေဂျာ ဦးသိန်းစိုး က ဧရာဝတီကို ပြောပါတယ်။




“ကျနော့် လုပ်သက် တလျှောက်တော့ ငွေဆောင် မှာရေနစ် တာက ပြည်တွင်း က ပိုများပါတယ်။
 ရေဆင်း ချိုးမယ် ဆို သတိထားရမယ့် အချက်တွေ ဟိုတယ် တာဝန်ရှိ သူတွေက ထုတ်ပြန်ပေး ထား ပါတယ်။
 

ဒါပေမယ့် ပြည်တွင်း ခရီးသွား တချို့ကျတော့ သတိပေးချက်တွေ ကို လိုက်နာမှု အားနည်းတယ်။
တချို့ဆို ငါ ရေကူးတတ် တာပဲ ဆိုပြီး သတိထား ဖို့ ပြောနေရင်းနဲ့ ကို မျက်စိရှေ့တင် ရေနစ် တာတွေ ဖြစ်ကုန်တာ။


 ပြည်ပ ခရီးသွား ကကျတော့ သတိပေးထားရင် သူတို့ လိုက်နာတယ်။ အဲဒီတော့ ဘေးကင်း တာပေါ့” 


ငွေဆောင် မှာ ရေနစ်မှု အဖြစ်များ တာကတော့ မိုးတွင်း ကာလ လှိုင်းကြီးချိန်တွေ မှာဖြစ်ပြီး  သတိ မထားဘဲ ရေကူး ရာကနေ လှိုင်းနဲ့ အတူ ပင်လယ်ထဲ ပါသွားတာတွေ ဖြစ်လေ့ရှိ တယ် လို့ ငွေဆောင် ရဲစခန်းမှူး ရဲအုပ် ထွန်းထွန်းစိုး က ပြောပါတယ်။

“ရေနစ်မှု အဖြစ် များတာက မိုးတွင်း လှိုင်းကြီးချိန်ပေါ့။  တချို့က ပင်လယ် မရောက် ဖူးတော့ သတိပေးချိန်တောင် မရလိုက်ဘူး။  ရောက်တယ်ဆိုတာနဲ့ ချက်ခြင်းရေဆင်း ကူးတော့ ရေနစ် တာတွေ ဖြစ်ကုန် တာပေါ့။
 

ဟိုတလောက ဆိုရင် ၀ိုင်းစုခိုင်သိန်း နဲ့ စန္ဒီမြင့်လွင် တို့ရဲ့ မိတ်ကပ် ဆရာ၂ ယောက် ရေနစ်သေ ဆုံး မှုဖြစ်သွားတယ်။ သူတို့ဆို ဂျင်းဘောင်းဘီ ရှည်တွေ နဲ့ ရေဆင်း ကူးတာ။ လှိုင်းရိုက်တော့ ရေထဲ ပါသွားရော”လို့ သူက ပြောပါတယ်။

ဒါကြောင့် ငွေဆောင် မှာရေကူးမယ် ဆိုရင်..

-      ငွေဆောင် က ဟိုတယ် နဲ့ ဒေသခံတွေ ကို ဆောင်ရန်/ရှောင်ရန်တွေ ကြိုတင်မေးမြန်းပြီး မှ ရေကူး သင့်ပါတယ်။

-      ရေကူး ရာမှာ သတိထားဖို့ ထုတ်ပြန်ချက်တွေ ကို အလေးထား လိုက်နာ ဖို့ လိုပါတယ်။

-      ရာသီဥတု မကောင်းချိန်၊ လှိုင်းကြီးချိန် မှာ ရေမကူး သင့်ပါ။

-      ရေကူး တတ်တယ် ဆိုပြီး အတင့်မရဲ သင့်ပါ။ ပင်လယ်ပြ င်မှာ ရေကူး တတ်ခြင်းက အသုံး မ၀င် တတ်ပါဘူး။

ဒါတွေ ကတော့ ငွေဆောင် ဟိုတယ် များနဲ့ ဒေသခံတွေပြောပြ တဲ့ ငွေဆောင် မှာရေကူးမယ် ဆို သတိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒါတွေ လိုက်နာမယ် ဆို ငွေဆောင်မှာ ရေကူးရာ မှာ ဘေးကင်း ပါလိမ့်မယ်။
 
  


ဒီနှစ် ခရီးသွား ရာသီမှာ ခရီးသွားတွေ ရေနစ်သေဆုံးမှု မဖြစ်ဖို့ အထူးကြပ် မတ်ဆောင်ရွက် သွားမယ် လို့ ငွေဆောင် ဟိုတယ်တွေက ပြောပါတယ်။

“ဒီနှစ် ရာသီမှာ ခရီး သွားတွေ ရေနစ် မှုတွေ မဖြစ်ဖို့ ဟိုတယ် အားလုံး တိုင်ပင်ပြီး လုံခြုံရေးတွေ အပြည့် ချဖို့ စီမံထားတယ်။
 

ရေကူးသူ ခရီးသွား အနားမှာ အသက်ကယ်ဘောတွေ ချထားပေးမယ်၊ ရေပြင် အသက်ကယ် သင်တန်း တက်ထား သူက  ကမ်းနား မှာ စောင့်နေမယ်။  အသက်ကယ် အင်္ကျီတွေထားမယ်။ ရစ်ဘီး ပါတဲ့ အသက်ကယ် ကြိုးတွေ၊ ၀ီစီတွေ၊ လက်ကိုင် စပီကာတွေ ပြင်ဆင်ထားတယ်”လို့ ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးသိန်းစိုး က ပြောပါတယ်။

ငွေဆောင်ကမ်းခြေ ဟာ ကမ်းခြေ အရှည် ၄ မိုင်ခွဲ ရှိပြီး ပင်လယ်ရေ လည်း ကြည်လင်ပြီး
ချောင်းသာ ထက် စာရင် နိုင်ငံခြားသား ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်လေ့ ရှိပါတယ်။


ကမ်းခြေ အရှည် ၁ မိုင်ခွဲ ရှိပြီး ပင်လယ်ရေနောက်ပေ မယ့် ရေတိမ်တဲ့ ချောင်းသာ ကမ်းခြေ ကတော့  ပြည်တွင်း ခရီးသွား အများဆုံး လာရောက်လည် ပတ်လေ့ရှိပါတယ်။
 
ဆလိုင်းသန့်စင်

 ဧရာဝတီ Facebook

From...Search Myanmar

 

No comments:

Post a Comment