Tuesday, October 21, 2014

အမေ့ပြေစာ

 
 
သူ့ အိမ်မှာ စားသောက်ဆိုင် ဖွင့်ထားတယ်။ တစ်ခါ တလေ ကျောင်းအား ရက်မှာ အမေ့ကို သူ ကူရတယ်။ ဧည့်ကြို၊ ဧည့်ပို့၊ စားပွဲ သိမ်း၊ ပြေစာရှင်း တာက အစ သူဝင် လုပ်ရတယ်။ ကြာတော့ စီးပွားရေး သမား တစ်ယောက် လို သူအတွက် အချက် တော်လာခဲ့တယ်။
 
ဒီလိုနဲ့ တစ်နေ့ မှာ ဆိုင်မှာ ဝင်ကူရင်း ကိုယ့်လုပ်အားခ အတွက် စိတ်ကူး ရလို့ ပြေစာရေးပြီး အမေ့ ကို သူပေး လိုက်တယ်။ ပြေစာပေါ် မှာက …..

၁) ပန်းကန်ဆေးခ ၅ဝဝကျပ်
၂) တံမြက်စည်း လှဲခ ၂ဝဝကျပ်
၃) အပြင် ထမင်း ပို့ဆောင်ခ ၃ဝဝကျပ်

 
၎) ဈေးဝယ် ထွက်ခ ၁ဝဝကျပ်
၅) မခို မကပ်တဲ့ ကျွန်တော့် အတွက် အပို ဆုငွေ ၁ဝဝကျပ်
စုစုပေါင်း ကျပ် ၁၂ဝဝ။ ပြေစာ ကို အမေကြည့်ပြီး ဘာမှ မပြောခဲ့ဘူး။
 
ညရောက်တော့ သူ့ခေါင်းအုံးဘေး မှာ ငွေကျပ် ၁၂ဝဝ ကို တွေ့လိုက် တယ်။ အားရ ဝမ်းသာ ပိုက်ဆံကို ယူပြီး အိတ်ထဲ ထည့်မယ် အလုပ် ခေါင်းအုံးဘေး မှာ ပြေစာ တစ်စောင် ရှိနေတာကို သူတွေ့လိုက်တယ်။
 
 ပြေစာ ကို ယူကြည့်တော့........
အမေ့ အပေါ် ကျန်ရှိသော အကြွေး များ…
၁) အမေ့အိမ် တွင် ၁ဝနှစ်ကျော် အပူအပင် မရှိ နေထိုင်ခ ဝကျပ်
၂) နေထိုင်သော ၁ဝနှစ် အတွင်း စားဝတ်နေရေးခ ဝကျပ်
၃) ကျောင်းတက် ခ၊ စာအုပ်ဖိုး ဝကျပ်
၎) ဖျားနာစဉ် ဆေးကုခ၊ စောင့်ရှောက်ခ ဝကျပ်
၅) မေတ္တာကြီးမားသော မိခင်တစ်ဦး အတွက် အပိုဆု ဝကျပ်
 
 ပြေစာ ကိုကြည့်ပြီး သူရှက်ရွံ့ သွားမိတယ်။ ဝမ်းနည်း စိတ်မကောင်း စွာနဲ့ အမေ့ အနား သွားပြီး အမေ့ရင်ခွင် ထဲ သူ တိုးဝင် လိုက်မိတယ်။ 
 
ကျပ် ၁၂ဝဝ ကို အမေ့ အိတ်ကပ်ထဲ ဂရုတစိုက် သူပြန် ထည့်လိုက်တယ်။ သူ့ကျော ကို ပွတ် သပ်ပြီး အမေက ပြုံးနေခဲ့တယ်။


နိုင်းနိုင်းစနေ (Wednesday, August 06, 2008)
From...Search Myanmar

 

No comments:

Post a Comment