Tuesday, October 21, 2014

နိုက်ဂျီးရီးယားနိုင်ငံ က လူ တစ်ပိုင်း ချင်ပန်ဇီ တစ်ပိုင်း နဲ့ မွေးလာသူ







ဟိုး အရင်က သိပ္ပံပညာ ရှင် အဖွဲ့ တစ်ဖွဲ့ စမ်းသပ်ခန်း မှာ လူ/မျောက်ဝံနှစ်မျိုး ပေါင်းစပ် သတ္တဝါဖြစ်တဲ့ လူမျောက်ဝံ ( humanzee) ပြု လုပ်ချင်တယ် လို့ သတင်းထဲ ဖတ်မိကြ မှာပါ။ 

ကျွန်ုပ်တို့ ဘာမှ မသိရှိ ရပေမယ့် များစွာသောလူတွေ ကတော့ အံ့သြ မင်သက် သွားကြ ပါ တယ်။ အခုတော့ နိုက်ဂျီးရီးယားနိုင်ငံ လာဂိုစ်ဒေသ မှာ အသက် (၂၆) နှစ်ရှိ လူတစ်ပိုင်းမျောက် ဝံ တစ်ပိုင်း လူသား တစ်ဦး သက်ရှိ ထင်ရှားရှိနေပါတယ်။

ဖြစ်လာနိုင် တဲ့ အကြမ်းဖက်မှု အန္တရာယ် ကိုရှောင်ရှားနိုင်အောင်  Azi အမည်ရှိ အဲဒီ လူမျောက် ဝံ ဟာ သူ့ အတွက် မရှိ မဖြစ် လိုအပ်ချက်တွေ ကူညီစောင့်ရှောက်ပေး တတ်တဲ့ ခင်မင် ရင်းနှီး မိတ်ဆွေ အချို့နဲ့သာ အဆက် အသွယ်ပြုလျက် တစ်ဦးတည်း လူသူ ကင်းဝေးရာ အရပ်မှာ သီးခြားနေထိုင်တယ်။ 


သူမ က ရိုးရှင်း လွယ်ကူတဲ့ အင်္ဂလိပ် စကား အခြေခံလောက် ကို ပြောတတ်ပေမဲ့ လက် ဟန်ခြေ ဟန်နဲ့ အပြန် အလှန်စကားပြောတာ များတယ် လို့ လူမျောက်ဝံ ရဲ့ ရင်းနှီးမိတ်ဆွေ တစ်ဦးက ပြောတယ်။ သူမ ဓာတ်ပုံတွေ နဲ့ ထုတ်ပြန်ချက် တစ်ခုကို ဖော်ပြပေးထားတယ်။ 

သူ အရေးကြီးတဲ့ ဆေးကုသမှု ခံယူဖို့ လိုအပ်တဲ့ အတွက် ပုန်းကွယ်နေထိုင် ရာမှ ထွက်လာ ဖို့ မျှော်လင့်တယ် လို့ သူမက ပြောဆိုခဲ့ပါတယ်။ ကျွန်မဖခင် က လူသားပါ။ အမေ ကျတော့ မျောက် ဝံဖြစ်တယ်။ 

အမေ က အသားစား ဖို့ အသတ် ခံရပြီး အဖေ က လဲကျတဲ့ သစ်ပင် တစ်ခုကြောင့် အသက် ဆုံးရှုံး သွားတယ်။ ကျွန်မ တိရိစ္ဆာန် ဆရာဝန် တစ်ဦးရဲ့ အခမဲ့ ဆေးကုခန်း တစ်ခုမှာ မွေးဖွား ခဲ့ပါတယ်။ ကံဆိုးမိုးမှောင် ကျလို့ HIV ရောဂါ နဲ့မွေးလာတယ်။ 

နာမကျန်းဖြစ်နေတဲ့ အတွက် ဆေးကုသမှု ခံယူဖို့ လိုအပ်တယ်။ အစာအိမ် မှာ ဆိုးဆိုးဝါးဝါး နာကျင် ကိုက်ခဲတယ်။ ဆရာဝန် ဆီသွားပြဖို့ ပုန်းအောင်းနေနေရာ မှ ထွက်လာ ချင်ပါတယ်လို့ Azi ကပြောဆို ခဲ့တယ်။


Ref:vibenigeria.com
Trend Myanmar
From...Search Myanmar

No comments:

Post a Comment