Friday, October 17, 2014

မြန်မာနိုင်ငံ တွင် လူကြိုက် အများဆုံးနှင့် ဈေးကွက်ဝေစု အများဆုံး ကားမှာ တိုယိုတာ ဟု စစ်တမ်း တစ်ခု ဖော်ပြ


မြန်မာနိုင်ငံတွင် လူ ကြိုက်အများဆုံးကား အမှတ်တံ ဆိပ်နှင့် ဈေးကွက်ဝေစု အများ ဆုံးရရှိထားသည့် ကားမှာတိုယို တာဖြစ်ကြောင်း Motors.com.mm မှ ကောက်ယူထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။

တိုယိုတာ က ဈေးကွက်ဝေ စု ၅၃ ရာခိုင်နှုန်းဖြင့် နံပါတ် ၁ နေရာ ရရှိပြီး၊ ဒုတိယနေရာတွင် ၁၁ ရာခိုင်နှုန်းဖြင့် ဟွန်ဒါ ၊ တတိယနေရာတွင် ၈ ရာခိုင်နှုန်းဖြင့် နစ်ဆန်းတို့က ရပ်တည် လျက် ရှိကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံ ၏   ပတ်ဝန်းကျင်၊ ရေမြေ ရာသီဥတုနှင့် လည်း ကိုက် ညီကာ ယာဉ် အပိုပစ္စည်း များ လည်း အလွယ် တကူရရှိနိုင်သည့် ဂျပန်ထုတ် ကားများကို ကြိုက်နှစ် သက်ကြပြီး မြန်မာ ကားဈေးကွက် အတွင်းမှ ၈၅ ရာခိုင်နှုန်းသော ကားများ မှာ ဂျပန် အမှတ်တံဆိပ် ကား များဖြစ်ကြောင်း အဆိုပါ စစ် တမ်းတွင် ဖော်ပြထားသည်။


 
ပြီးခဲ့သည့် လ ကလည်း ရန်ကုန်မြို့ တွင် Brand New အ ရောင်းပြခန်း လာရောက်ဖွင့်လှစ် ခဲ့သော တိုယိုတာ ကား အရောင်း ပြခန်း၌ ဈေးကွက်ဝေစု အများဆုံး ကို ဂျပန် ကားများ ရရှိ ထားပြီး ယင်း အထဲတွင် တိုယိုတာ က အများဆုံးဖြစ်နိုင်ကြောင်း ကုမ္ပဏီ တာဝန်ရှိ သူက  ခန့်မှန်း ထားသည်။

မြန်မာနိုင်ငံ တွင် ဒီဇိုင်း ဆန်းပြီး လူကြိုက်များ လာသည့် ကိုရီး ယားနိုင်ငံ ထုတ် ကားများဖြစ် သည့် ကေအိုင်အေ၊ ဟွန်ဒိုင်း တို့က ဈေး ကွက် ၏ ဒုတိယဝေစု ကို ရရှိထား ကြောင်း မြမြင့်မိုရ် ကားအရောင်း ပြခန်းပိုင်ရှင် က ခန့်မှန်းပြောကြားသည်။

တတိယမြောက် လူကြိုက် အများဆုံး ဈေးကွက်ဝေစု အဖြစ် ဥရောပနိုင်ငံ ထုတ် ကားများ က နေရာ ယူထားပြီဖြစ်ကြောင်း ကား အရောင်းပြခန်း ပိုင်ရှင် အချို့က သုံးသပ်သည်။

‘‘ဥရောပ ကားတွေ က ဆီစား တယ်။ ဈေးလည်း ကြီးတယ်။ ဒါ့ ကြောင့် ဂျပန်ကားတွေ နဲ့ တိုးဖို့ ခက်နိုင်တယ်’’ဟု ကားတ င်သွင်း သူ လုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။ ရန်ကုန်မြို့၏ ကားဈေး ကွက် တွင် နည်းပါးနေသေးသ ည့် တရုတ်နိုင်ငံထုတ် ကားများမှာ အဆိုပါ စစ်တမ်း တွင် နောက်ဆုံး အဆင့် ၌ ရပ်တည်လျက် ရှိသည်။

စစ်တမ်း ကောက်ယူ ထား သော Motor.com.mm သည် ရန်ကုန်မြို့ ၏ ကားအရောင်း အ ၀ယ် ပြုလုပ်ရာနေရာ လေးခု အပါအ၀င် တစ်နိုင်ငံလုံး ရှိ ကားအ ရောင်းပြခန်း ၂၂၀ ကျော်နှင့် စာချုပ်ချုပ် ဆိုထားပြီး အဆိုပါ ၀က်ဘ်ဆိုက်ပေါ် တွင် အရောင်း အ၀ယ်ပြုလုပ်သူ များ၏ အချက် အလက် ကို အခြေပြု၍ စစ်တမ်း ကောက်ယူ ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

Motor.com.mm သည် မြန်မာနိုင်ငံ တစ်ဝန်း ရှိ ကားအ ရောင်းအ၀ယ် ပြုလုပ်နေသူ ၉၀ ရာခိုင်နှုန်း မှ အဓိက အသုံးပြုနေ သည့် ၀က်ဘ်ဆိုက် တစ်ခု ဖြစ် ကြောင်း ယင်းကုမ္ပဏီ က ပြော သည်။ သို့သော် လူဦးရေ ၅၁ သန်းကျော် ရှိသော မြန်မာနိုင်ငံ တွင် အင်တာနက် သုံးစွဲသူ ငါးသန်း ကျော် သာ ရှိသည်။


 
7daydaily
From...Search Myanmar


 

No comments:

Post a Comment