Thursday, October 23, 2014

အကြမ်းဖက် ရိုက်နှက် ခြောက်လှန့် စစ်ဆေး ခံခဲ့ ရကြောင်း ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးပြော

 
 
ထိုင်းနိုင်ငံ မှ ရှေ့နေများကောင်စီ အဖွဲ့ဝင် များနှင့် မြန်မာ သံအမတ်ကြီး တွေ့ဆုံစဉ် (ဓာတ်ပုံ− ငြိမ်းချမ်း)
 
 ဘန်ကောက်- 
ထိုင်း ရဲတပ်ဖွဲ့သည် မြန်မာ လုပ်သား နှစ်ဦးအား စစ် ဆေးစဉ် က အကြမ်းဖက် ရိုက်နှက် စစ်ဆေး ခဲ့ပြီး နှုတ်အားဖြင့် ကြောက် လန့်အောင် ပြောဆို မှု မျာြး ပုလုပ်ခဲ့ကြောင်း ထိုင်းနိုင် ငံ ရှေ့နေများ ကောင်စီက ပြော ကြားသည်။

ဖမ်းဆီးခံ မြန်မာ လုပ်သား နှစ်ဦး သည် ဗြိတိန် စုံတွဲ ကို သတ် ဖြတ် ရာတွင် ၎င်းတို့ မပါ ၀င်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေ များ ကောင်စီ အား ပြောကြား ခဲ့ကြောင်း ယင်းကောင်စီ က ပြော သည်။ 

ထိုင်းနိုင်ငံရှေ့နေ များကောင်စီ သည် အောက်တိုဘာ ၂၁ ရက် တွင်ဖမ်းဆီး ခံ မြန်မာ လုပ် သားနှစ် ဦးထံ သွားရောက်မေးမြန်း ခဲ့ရာ ဖမ်းဆီးခံ မြန်မာ လုပ်သား နှစ်ဦးက ယင်းကဲ့ သို့ ပြော ကြားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှေ့နေကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက အောက် တိုဘာ ၂၂ ရက် တွင် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြီး ထိုင်းနိုင်ငံ ဆိုင် ရာ မြန်မာ သံအမတ်ကြီးအား အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
 
 
 
 

သုဝဏ္ဏဘူမိလေဆိပ် အတွင်း တွေ့ရသည့် ဖမ်းဆီးခံမြန်မာလုပ်သား ၏ မိဘနှစ်ပါး (ဓာတ်ပုံ− ငြိမ်းချမ်း)


‘‘မနေ့က ကျွန်တော်တို့ အဖွဲ့ တွေ ဖမ်းဆီးခံ ထားရတဲ့ မြန်မာ ကလေးနှစ်ယောက် ကို သွားတွေ့ ပါတယ်။ ထိုင်း ရဲတပ်က သူတို့ ကို အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ ပြီး နှုတ် အားဖြင့် ကြောက်လန့် အောင် ပြောဆို ခဲ့တယ်လို့ ကလေးတွေက ပြောပါတယ်။

 နောက်ပြီး သူတို့ က ပြစ်မှု မကျူးလွန်ဘူး လို့လည်း ပြောပါတယ်။ အဲဒါကြောင့် အမှုအတွက် ဦးတိုက်လျှောက်ထား မလားလို့ မေးတဲ့ အခါ ဦးတိုက် လျှောက်ထားချင် ပါတယ်လို့ ပြော ပါ တယ်။

 နောက်ပြီး ပြစ်မှု ကျူးလွန်ရာမှာ လည်း သူတို့ မပါဘူးလို့ ပြောပါတယ်’’ ဟု အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦး ထံ သွားရောက်မေးမြန်းခဲ့သူ ထိုင်းနိုင်ငံရှေ့နေ များကောင်စီ မှ အထူးရှေ့နေ တစ်ဦးက ပြောသည်။

ယင်းသို့ သွားရောက်မေးမြန်း ခဲ့ ရာတွင် ပြစ်မှု တွင် အခြား မျက်မြင်သက်သေ များနှင့် ပတ်သက် ၍ မေးမြန်းခဲ့ ပါသလားဟု မြန်မာ သံအမတ်ကြီး ဦးဝင်းမောင် က ထိုင်းနိုင်ငံရှေ့နေ များ ကောင်စီ သို့ မေးမြန်းရာ ‘‘သူတို့ က ပြစ်မှု ကျူးလွန်တဲ့ နေရာမှာ ကို မရှိလို့ မသိပါဘူး လို့ ဖြေ တယ်’’ ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ  ရှေ့နေများ ကောင်စီ သည် ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦး ထံ သွားရောက် တွေ့ ဆုံရာတွင် ခြေချင်း များ ခတ်ထားသည် ကို တွေ့မြင် ခဲ့ရပြီး တရားခံ ဟု မယူဆ ရသေး မီတွင် ထိုကဲ့သို့ သံခြေချင်း များ ခတ်ထားခြင်း မျိုး ပြုလုပ် ၍ မရသောကြောင့် သံအမတ်ကြီး အနေဖြင့် ပြော ဆိုသင့်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက ပြောကြားရာ သံအမတ်ကြီး က ‘‘ချက်ချင်း စာထုတ်ပြီး လုပ်သွားမယ်’’ ဟု ပြန် လည်ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက် တွင် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံ ရုံးသို့ မြန်မာ လုပ်သားနှစ်ဦး ၏ အမှု အား ကူညီရန် ထိုင်းနိုင်ငံရှေ့နေ များ ကောင်စီနှင့် ထိုင်းနိုင်ငံ လူ့အခွင့်ရေးရာ ကောင်စီ တို့က မြန်မာ သံရုံး သို့ လာရောက် ခဲ့ပြီး သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံ  ရှေ့နေများ ကောင်စီနှင့် ထိုင်းနိုင်ငံ လူ့အခွင့် ရေးရာကောင်စီ တို့သည် ဖမ်းဆီး ခံမြန်မာ လုပ်သားနှစ်ဦး တို့၏ မိဘ များနှင့် တွေ့ဆုံ ခဲ့ပြီး အတတ်နိုင် ဆုံး ကူညီမှု များ ဆောင် ရွက်ပေး သွားမည် ဟု  ကတိပေးသွားခဲ့ သည်။ 

ဖမ်းဆီးခံမြန်မာ လုပ်သား နှစ်ဦး ၏  မိဘများ  ထိုင်းနိုင်ငံလေဆိပ် သို့ ရောက်ရှိ လာချိန်တွင် ထိုင်းနိုင်ငံ အခြေစိုက် မီဒီယာ များ နှင့် ပြည်ပ မီဒီယာများ မှ သတင်း ထောက် တစ်ရာ ၀န်းကျင် လာ ရောက် သတင်းယူ ခဲ့ကြသည်။

အဆိုပါ သတင်းထောက် များ သည် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံ ရုံးရှေ့ ၌ တစ်နေကုန်စောင့် ဆိုင်း သတင်းယူနေသည် ကို တွေ့မြင်ရ သည်။


7daydaily
From...Search Myanmar

 

No comments:

Post a Comment