Monday, October 13, 2014

တယ်လီနော ဖုန်း များတွင် အခမဲ့ ၀န်ဆောင်မှု အများ အပြား ပါဝင်မည်

 တယ်လီနော ဆင်းမ်ကတ် အသုံးပြုသူများ အနေဖြင့် ဖုန်းခေါ်ဆိုရာ တွင် အသုံးပြုနိုင်သည့် အခြေခံ ၀န်ဆောင်မှု ခုနစ်ခု ကို အခမဲ့ အသုံးပြုနိုင်ကြောင်း ၎င်းတို့၏ ၀က်ဘ်ဆိုက် တွင်ဖော်ပြ ထားသည်။

‘‘Call Forwarding နဲ့ Call Waiting တို့ ဆိုရင် MPT လို ပြန်လျှောက်စရာ မလိုဘူး။ ၀န်ဆောင် ခ အနေနဲ့ လည်း ကောက်ယူခြင်း မရှိဘဲ အခမဲ့ အနေနဲ့ တစ်ခါ တည်း အသုံးပြုလို့ ရပါတယ်’’ ဟု တယ်လီနော ၏ Call Center မှ တာဝန်ခံ တစ်ဦးက ပြောသည်။

လက်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းခေါ်ဆိုရာ တွင် အသုံးပြုနိုင်သည့် ၀န်ဆောင် မှုလေး ခု ကို ပေးလျက် ရှိပြီး Call Waiting ၀န်ဆောင်မှု အတွက် ငါးရာကျပ် ၊ Call Forwarding ၀န်ဆောင်မှု အတွက် ကိုးထောင်ကျပ် ၊ Miss Call Alarm နှင့် Voice mail ၀န်ဆောင်မှုတို့ အတွက် တစ်ထောင်ကျပ်နှုန်းဖြင့် ၀န်ဆောင်မှု အသုံးပြုခ အဖြစ် တစ်လ လျှင်တစ်ကြိမ် ကောက်ယူလျက် ရှိသည်။


 
‘‘တယ်လီနော ဆင်းမ်ကတ် ထဲမှာ အဲဒီ ၀န်ဆောင်မှုတွေ အသုံးပြုချင်တယ် ဆိုရင်တော့ ဟန်းဆက် ရဲ့ ဖုန်းခေါ်ဆိုမှု စနစ်ထဲ ကို ၀င်ပြီးတော့ Setting ကို ချိန်လိုက်မယ် ဆိုရင် အသုံးပြု လို့ရပါတယ်။ ဖုန်းပြောခက လွဲရင် ၀န်ဆောင်ခ ကို ပေးစရာ မလိုပါဘူး’’ဟု တယ်လီနော Call Center မှ တာဝန်ခံ တစ်ဦးက ဆိုသည်။

တယ်လီနော မှ အခမဲ့ပေးထား သည့် အခြေခံ ၀န်ဆောင်မှု များမှာ ဖုန်းပြောနေ စဉ် နောက် ထပ် ဖုန်းတစ်လုံး ၀င်လာ ပါက Hold ကို နှိပ် ၍ ဖုန်း မချဘဲ နောက်ဝင် လာသည့် ဖုန်း ကိုပြန်ဖြေနိုင်သည့် Call Hold ၀န်ဆောင်မှု၊ ဖုန်းဝင် လာပါက ဖုန်းနံပါတ် ကို ကြည့်နိုင်သည့် Caller ID ၀န်ဆောင်မှု ၊ လူငါးဦး ကို တစ်ပြိုင်တည်း ဖုန်းပြောနိုင်မည့် Conference Call ၀န်ဆောင်မှု၊ 

အ၀င်ခေါ်ဆိုမှု များကို Personal Voicemail သို့ လွှဲပြောင်းပေးနိုင်သည့် Call Divert ၀န်ဆောင် မှု၊  ဖုန်းပြောနေ စဉ် ဖုန်း တစ်လုံး ထပ်ဝင် လာပါက သိနိုင် မည့် Call Waiting ၀န်ဆောင်မှု၊ ဖုန်းခေါ်ဆို ၍ မရအောင် တားမြစ်သည့် Call Banning ၀န်ဆောင်မှုနှင့် အ၀င် ဖုန်းများကို အခြား ဖုန်းများ သို့ လွှဲပြောင်းပေးနိုင်သည့် Call Forwarding ၀န်ဆောင်မှု တို့ဖြစ်ကြောင်း သတင်း ရရှိသည်။

7day daily
From... Search Myanmar

 

No comments:

Post a Comment