Sunday, October 12, 2014

ထိုင်းနိုင်ငံ က အပြောင်း အလဲတွေ ...



ခင်မောင်ညို (ဘောဂဗေဒ)

ထိုင်းနိုင်ငံ မှာဖြစ်နေတဲ့ အပြောင်း အလဲတွေ ကို မြန်မာနိုင်ငံ ကလည်း စိတ်ဝင် စားပြီးတော့ ဂရုတစိုက် စောင့်ကြည့်နေကြတာတွေ့ရ ပါတယ်။ 

ထူးခြား တာက အခုလို ထိုင်းနိုင်ငံ မှာ နိုင် ငံရေးပြဿ      နာတွေဖြစ်နေပေ မယ့် အများပြည်သူ က ပါဝင်ခြင်း မရှိဘဲ နိုင်ငံရေး သမား အချင်း ချင်းစာရင်း ရှင်းကြတာ ထိုင်းနိုင်ငံ မှာ စားသုံး ကုန်ဈေးနှုန်း ထူးထူးခြားခြားပြောင်း လဲမှု မရှိဘူး ဆိုတဲ့ သတင်းတွေ ဟာ မြန်မာတွေ စိတ်ဝင် စား စရာသတင်း များ ဖြစ်ခဲ့ပါတယ်။ 




ဒီ စီးပွားရေးလောက က ထိုင်းနိုင်ငံ ရဲ့လက်ရင်း အခြေ အနေ ပိုပြီး ဆိုးရွားမယ် လို့ မယူဆ ဘဲ ကောင်းလာမယ် လို့မျှော်လင့် ယုံကြည်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ထိုင်းနိုင်ငံ မှာ လပေါင်းများ စွာ အကျပ် အတည်းဖြစ်နေခဲ့ လို့ ဖြစ်ပါတယ်။ 

အခုဆိုရင် ထိုင်း အစိုးရ သစ်က ကြားဖြတ် အစိုးရ သစ် တစ်ခုကို အမြန်ဆုံး ဖွဲ့မယ် လို့မျှော် လင့်နေကြ ပါတယ်။ အစိုးရ သစ်ပေါ်လာရင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းက လုပ်ငန်းတွေ  ပြန် ပြီးဦးမော့ လာမယ် လို့ အကောင်းမြင်နေတာ ကို တွေ့ရပါတယ်။

အခုထိ ထိုင်းဘတ်ငွေ က မနှစ်က တန် ဖိုးလျှော့သွား တာတွေ ကို ပြန်ကာ မိမယ့် အခြေအနေ မျိုး မရှိသေး ပါဘူး။ ဒါပေမဲ့ တည်ငြိမ် မှုတော့ ရှိနေပါပြီ။ အခြားသော သုတေသန အဖွဲ့များ ကလည်း ထိုင်းနိုင်ငံရဲ့ အခြေ အနေများကို လျှော့ချခန့်မှန်းခဲ့ပါ တယ်။ အရေးကြီး တာက နိုင် ငံရေး အကျပ်အတည်း ဟာ ယခုထက် ပိုပြီး ဆိုး မလာဖို့ပဲ ဖြစ်ပါတယ်။ 


ထိုင်းနိုင်ငံ ဟာ စီးပွားရေး အရ နှေးကွေးမှု ကို ဒုတိယ အကြိမ် ရင်ဆိုင်နေရပြီ ဆိုတဲ့ တွက်ဆ မှုမျိုးလည်း ရှိနေ ရပါတယ်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဆက်လက် ကျဆင်းနေမယ် ဆို ရင် ပြည်ပငွေပေးငွေယူ ရှင်းတမ်း သာမန် စာရင်း ပိုငွေလျှော့နည်း ခြင်း သို့မဟုတ် လိုငွေပြခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ 

လက်ရှိ အခြေအနေ အရဆိုလျှင် ထိုင်းနိုင်ငံ ရဲ့ ပြိုင်ဆိုင်နိုင်စွမ်း နဲ့ ထုတ်လုပ်မှု စွမ်းရည် ဟာ ရေရှည်မှာ ကျ ဆင်းမှာ ကို စိုးရိမ်နေကြပါတယ်။

မနှစ်က ကမ္ဘာ့ပြိုင်ဆိုင်နိုင်စွမ်း မှာ အဆင့် ၂၇ မှာ ရှိနေတဲ့ ထိုင်းနိုင်ငံ ဟာ ဒီနှစ်မှာ ၂၉ အထိ ကျဆင်း ခဲ့ပါ တယ်။ အာရှနိုင်ငံတွေ ထဲမှာ မလေးရှား ၁၂၊ အင် ဒိုနီးရှား ၃၇ သို့ တက်လာတာ ကို တွေ့ရပါတယ်။ ပြိုင် ဆိုင်နိုင်စွမ်း ကို စီးပွားရေး တိုးတက်မှု၊ အစိုးရ ရဲ့စွမ်းရည်နှင့် စီးပွားရေး လုပ်ငန်းတွေ ရဲ့ စွမ်းရည်နဲ့ အခြေခံ အဆောက် အအုံတို့ အပေါ် မူတည်ပြီး တွက်တာဖြစ် ပါတယ်။ 


ဂျပန်နိုင်ငံဟာ ယန်းငွေ တန်ဖိုး ကျဆင်း ခဲ့တဲ့ အတွက် ပြိုင် ဆိုင်နိုင်စွမ်း တက်လာပြီး အမှတ်စဉ် ၂၁ အထိ ရောက်ရှိ ခဲ့ပါတယ်။ တရုတ်နိုင်ငံ ရဲ့ ပြိုင်နိုင်စွမ်း လည်း ကျဆင်း ခဲ့ပါတယ်။ အမေ ရိ ကန်နိုင်ငံ ရဲ့ ပြိုင်ဆိုင်နိုင်စွမ်း ကတော့ ဆက်လက်ကောင်းမွန်နေ ဆဲဖြစ်ပြီး ထိပ်ဆုံး မှာ ရှိပါ တယ်။ ရွေးကောက်ပွဲ မကျင်းမမီ ယာယီအစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ် တွေဆောင်ရွက်မယ် လို့ မျှော်လင့်နေကြပါတယ်။

စတော့ရှယ်ယာ ဈေးကွက်တွေ ဟာလည်း သိသိ သာသာကျဆင်းခြင်း မရှိပါဘူး။ အကြောင်း တစ်ခု ကတော့ ထိုင်းနိုင်ငံ ရဲ့ စီးပွားရေး အပေါ် အကောင်းမြင်နေ လို့ ဖြစ်နိုင် ပါတယ်။ နောက် အကြောင်း တစ်ခု ကတော့ ထိုင်းနိုင်ငံ မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရဲ့ စတော့ရှယ်ယာဈေး ကွက်ထဲ မှာ ဖြစ်တဲ့ အတိုင်း စတော့ရှယ်ယာ အရောင်း အ၀ယ် လှုပ်ရှားမှု အားနည်းပြီးတော့ စတော့ ရှယ်ယာများ ကို ၀ယ်ယူထားတဲ့ သူတွေက ကိုင်ဆောင် ထား ကြလို့ ဖြစ်ပုံ ရပါတယ်။ 


ဈေးကျ တဲ့ ရှယ်ယာတွေကြား ထဲ မှာ ဖက်ရှင်နှင့် စားသုံးကုန် လို ကုမ္ပဏီတွေ ရဲ့ ရှယ်ယာဈေးတွေ က အနည်း ငယ် တက်ခဲ့ကြတယ်။ ဘဏ်၊ အိမ်ရာမြေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရဲ့ ရှယ်ယာတွေ လည်း တက်ခဲ့ကြ တယ်။ ၀န်ဆောင်မှုနဲ့ စက်မှု လက်မှုလုပ် ငန်းတွေ ရဲ့ ရှယ်ယာတွေပဲ သိသိသာသာ ကျဆင်းခဲ့တယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများ ကတော့ ထိုင်းနိုင်ငံ က စတော့ရှယ်ယာ များကိုရောင်း ထုတ်နေ ကြတယ် ဆိုတာ တွေ့ရပါတယ်။ ဘယ်နိုင်ငံ အစိုးရ ကမှ အာဏာ သိမ်းတဲ့ လုပ်ရပ် မျိုးကို သဘော ကျကြတာ မတွေ့ရပါဘူး။ ထိုင်းနိုင်ငံ ဟာ အာဆီယံရဲ့ ခေါင်း ဆောင်ဖြစ် လာဖို့ အခွင့် အလမ်း ရှိပေမယ့် လောလောဆယ် မှာတော့ အဲဒီ အလားအလာ တွေ မှေးမှိန်နေပါတယ်။


 အာဆီယံ စီးပွားရေး အ၀န်းအ၀ိုင်း မှာ မပါဝင်ဘဲ ကျန်ရစ် ခဲ့မယ့် အလားအလာတွေ ကို ရင်ဆိုင်နေ ရတယ်။ ထိုင်း မှာရောက်နေ တဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ကို ဆွဲထုတ် မသွားပေ မယ့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးမသွားပါဘူး။ 

ထိုင်းနိုင်ငံ ဆက်လက် မတည်မငြိမ်ဖြစ်နေရင် ဖိလစ်ပိုင်နှင့် အင်ဒို နီးရှား တို့လို အလား အလာကောင်း တဲ့ တခြား နိုင်ငံတွေဆီ ကို ရင်းနှီးမြှုပ်နှံမှု အသစ် တွေ ရောက်သွားနိုင် တယ် ။

 လောလောဆယ် မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေက တပ်မတော် အစိုးရ ရဲ့မူဝါ ဒတွေကြောင့် သူ တို့ ရဲ့ အရောင်း ကွင်းဆက်တွေ ကို ဘယ်လို ထိခိုက် မလဲ ဆိုတာ မသိ ကြသေး ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေကလည်း ထိုင်းနိုင်ငံရဲ့ ကုန်သွယ်မှု ဘယ်လိုပြောင်းလဲ မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။

ထိုင်းနိုင်ငံ ရဲ့ စီးပွားရေး ဟာ ပဋိပက္ခတွေ မဖြစ်ခင် ကတည်းက ကျဆင်း ခဲ့ပြီးသားဖြစ် ပါတယ်။ အခု အခါမှာ ဆိုရင် ထိုင်းနိုင်ငံ ရဲ့ ပို့ကုန် နဲ့ ထုတ်လုပ်မှု ဟာ ကျဆင်းနေတယ်။ အစိုးရသစ် ကို အလျှင်အမြန် ဖွဲ့စည်းနိုင်မယ် ဆိုရင် ကမ္ဘာလှည့် ခရီးသွားတွေ ပြန်များ လာနိုင်မယ်၊ လောလော ဆယ်မှာ ထိုင်းနီုင်ငံကို လာရောက်ကြမယ့် စီးပွားရေး လုပ် ငန်းရှင် များရော၊ သာမန် ခရီး သည်တွေ ကပါ ထိုင်းနိုင်ငံ ခရီးစဉ်တွေ ကို ဖျက်သိမ်း ခဲ့ကြတယ်။

ဒါပေမဲ့ အစိုးရသစ် တက် လာရင် ကမ်္ဘာလှည့် ခရီးသည်တွေ တိုးလာ နိုင်တယ်။ ၂၀၀၆ တုန်းက ခရီးသည် ၁၃ ဒသမ ၈ သန်း ရှိခဲ့တယ်။ ၂၀၁၃ မှာ ၂၆ ဒသမ ၇ သန်း အထိ တိုးလာခဲ့တယ်။ ၂၀၀၄ တုန်း က ဆူနာမီ ဖြစ်ခဲ့ပေမယ့် အလျှင် အမြန် ဦးမော့လာနိုင်ခဲ့တယ်။ 


အမေရိကန်၊ ကနေဒါ၊ ယူကေနှင့် ဥရောပ နိုင်ငံများ စီ စဉ်ထားတဲ့ ခရီးစဉ်တွေ ကို ဖျက် သိမ်းခဲ့ကြတယ်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပါအ၀င် ထိုင်းနိုင်ငံ က လူတိုင်းက မကြာမီ စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည် ရရှိမယ်လို့ မျှော်လင့် နေကြတယ်။ ကမ္ဘာလှည့် ခရီးသွားလုပ် ငန်း ကလည်း သိသိသာသာ ထိခိုက်မှုရှိမယ်။

အဲဒီ အပြင် အရေးအကြီးဆုံး အချက်ဖြစ် တဲ့ အစိုးရ မတည် မငြိမ်ဖြစ်နေ လို့ အစိုးရ ရဲ့ အသုံး စရိတ်တွေ ကို ထုတ်မပေးနိုင် ဘူး၊ စီးပွားရေး ပြန်လည် ရှင်သန်အောင် အစီ အစဉ်တွေ မလုပ်နိုင်ဘူး ဆိုရင် အခြေ အနေ တွေက ပိုမို ဆိုးရွားမယ်လို့ တွက်ဆ ရပါတယ်။ 


ဒါကြောင့် စစ်တပ်က အာဏာ သိမ်းလိုက်တဲ့ ကိစ္စရဲ့ အကောင်း အဆိုး အကြောင်း အကျိုးဟာ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ ကို ဘယ်လောက်မြန်မြန် အကောင် အထည်ဖော်နိုင် မလဲ ဆိုတဲ့အ ပေါ်မှာ မူတည်နေတာတွေ့ရ ပါတယ်။

ထိုင်း ဘတ်ငွေ ရဲ့ အခြေ အနေက ယခု ထက်ပိုပြီး မကျဆင်းနိုင်ပါ၊ အစိုးရသစ် က ယာယီ အစိုးရသစ် ဖွဲ့စည်း ပြီး ဘဏ္ဍာရေး မူဝါဒ ကောင်းမွန် လာနိုင်တယ်။ ဘတ်ဂျက် မရှိလို့ ရပ်ဆိုင်း ထားတဲ့ လမ်းပန်း ဆက်သွယ်ရေး အခြေခံ အဆောက် အအုံ စီမံကိန်းတွေ မကြာခင် မှာ ပြန် စနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ 


ဥရောပ မှာ ပေါ် ထွန်းလာဖို့ အတွက် နှစ်ပေါင်း ရာချီပြီး အချိန် ယူတဲ့ လူမှု အပြောင်း အလဲတွေ ဟာ ထိုင်းနိုင်ငံ မှာနှစ် ပေါင်း ၅၀ လောက်ပဲ ရှိပါသေးတယ်။ ထိုင်း နိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်း အလဲတွေ ကို အိမ်နီးချင်းနိုင်ငံတွေ က အနီးကပ် စောင့်ကြည့်နေကြ ပါတယ်။ 

From:OE
www.mmdailystar.com 

No comments:

Post a Comment