Thursday, October 23, 2014

စေတီ တို့တွင် တွေ့ရသော ခြင်္သေ့ရုပ် ၏ အဓိပ္ပါယ် အမှန်

ခြသေ့င်္ ဟာ သူ့ကိုမြှား နဲ့ ပစ်ရင် မြှားနောက် သို့ မလိုက် ဘဲ ပစ်တဲ့ သူကိုပဲ လိုက်ပါ တယ် …  ခွေးဆို လျှင် ခဲနဲ့ ပစ်ပါက ခဲနောက် ကို လိုက်ပါတယ်… ခြသေ့င်္ နဲ့ မတူပါ… ဒါကြောင့် ခြသေ့င်္ ဟာ အကြောင်း ကို လိုက်တယ် လို့ ပမာပြု ပါတယ်…

ဒီလိုပဲ ဗုဒ္ဓ တရား တွင် ပဋိစ္စသမုပ္ပါဒ် တရား သည် အကျိုး တရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ် မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာ ရှိတဲ့ အကြောင်း တရားတွေ ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ တို့ မဖြစ်အောင် အပြီးသတ်ပါတယ်… 

အကြောင်း တရား များ မရှိပါက အကျိုး တရား ခန္ဓာ (ဒုက္ခသစ္စာ) သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရား တို့သည် ပုံမှန် အတိုင်း ဖြစ်နေတာပါပဲ။ သူတို့ ကို တိုက်ရိုက် ချည်း မဖြစ်အောင် လုပ်ရိုး မရှိပါ… လုပ်လို့လည်း မရပါ…


ခန္ဓာ ဟူသော ဒုက္ခသစ္စာ ဆိုတဲ့ အကျိုးရှိနေ ၍ ဝေဒနာ ဆိုသည် မှာ ထို အကျိုးတရားနှင့် တခါ တည်း ပါလာ ၍ ခံစား ရမှာပါပဲ… 

ထိုဝေဒနာ အကျိုးတွေ ကို တိုက်ရိုက် ချည်း ဖယ်နေ၍ လည်း အပြီး ပျောက်သွား မည် မဟုတ် ပါ… မည်သည့် ပုဂ္ဂိုလ် မဆို ဝေဒနာ၊ ဇာရာ၊ မရဏ ဟူသော အကျိုး တို့ မလွဲမသွေ ခံစားရ မှာပါပဲ… 

ထို အကျိုးတရား များသည် အကြောင်း ရှိနေသမျှ   ဖြစ်နေဦးမှာ ပါပဲ…

ထို့ကြောင့် ဆိုင်ရာ အကြောင်း တရားများ ကို ဖယ်ခွာမှ သာလျှင် ထို အကျိုး တရားများ ထပ်ဖြစ် မလာတော့ပါ။ 

ဒါကြောင့် ဘုရားရှင်တို့ မည်သည် အကြောင်း ကိုသာ ကျင့်ပါတယ်။ အကျိုး ကို မကျင့် ဘူးလို့ ဆိုလို ပါတယ်… ဒီသဘောကို ပဲ ခြသေ့င်္ နဲ့ ပမာပြုထား တာပါ။ 

ဒီ သဘောတွေ နဲ့ ပက်သက်ပြီး သာ စေတီ ပုထိုးများရှေ့ မှာ ခြသေ့င်္ရုပ်ကြီး များ ထားတာပါ…



Credit: ဆရာတော် အရှင် ကောသလ္လ (ဓမ္မစေတီ ဆရာတော်)
From...Myanmar Latest News

 

No comments:

Post a Comment