Thursday, October 23, 2014

နှုတ်ခမ်းနီ



အလယ်တန်းကျောင်း တစ်ကျောင်း မှာ မြီးကောင်ပေါက် ကျောင်းသူတွေကြောင့် ဆရာ မကြီးခေါင်း ခဲနေရတယ်။ ကျောင်းသူ တွေ ဟာ ရေအိမ်ခန်းတွေ ထဲ သွားပြီး အလှတွေပြင်   ကြ ၊ နှုတ်ခမ်းနီ တွေ ဆိုးကြတယ်။

ပြဿ       နာက သူတို့ဟာ နှုတ်ခမ်းဆေး ဆိုးပြီးရင် ကြည့်မှန်ပေါ် မှာ သူတို့ ရဲ့ နှုတ်ခမ်းရာတွေ ချန်ထား ရစ်ခဲ့ကြ တာပဲဖြစ်တယ်။ 

ဒါကြောင့် ရေအိမ်တွေ က ကြည့်မှန်တွေ မှာ သူတို့ရဲ့ နှုတ်ခမ်းတွေ ဒါဇင်ပေါင်း များစွာနဲ့ စွန်း ထင်းနေတယ်။


တစ်နေ့တော့ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသူတွေ အားလုံး ကို ရေအိမ် ဆီခေါ်လိုက် တယ်။ သူတို့ဖိကပ် ထားတဲ့ နှုတ်ခမ်းရာတွေ ကို ပြပြီး ဒါတွေ ကို နေ့စဉ် သန့်ရှင်းရေး လုပ်ရ တဲ့ ၀န်ထမ်းတွေ ဘယ်လောက် ပင်ပန်း တဲ့ အကြောင်းပြောပြတယ်။

ပြီးတော့ သန့်ရှင်းရေး ၀န်ထမ်း တစ်ယောက် ကိုခေါ်ပြီးသူတို့ နှုတ်ခမ်းနီတွေ ကို ဖျက်ရတာ ဘယ်လောက် ခက်ခဲတဲ့ အကြောင်း လက်တွေ့ပြသစေတယ်။

သန့်ရှင်းရေး သမားက သူရဲ့ ကြမ်းတိုက် တုန်းကြီးကို အိမ်သာ အိုးထဲနှစ်ပြီးရေဆွတ် လိုက် တယ်။ ပြီးတော့ မှန် တစ်ချပ်ကို ပွတ်တိုက် သန့်ရှင်းတယ်။ အဲ့ဒီနေ့ကစ လို့ မှန်တွေပေါ်မှာ ဘာနှုတ်ခမ်း ရာတွေ မတွေ့ရတော့ဘူး။


Credit: ဆရာ အံထော်နီ
From...Search Myanmar

No comments:

Post a Comment