Wednesday, October 22, 2014

ရင်သား ပုံကြော်ငြာကြောင့် တရက် တည်း ယာဉ် တိုက်မှု ၅ဝဝ ဖြစ်


 

မော်စကိုမြို့ကြော်ငြာအေဂျင်စီ တခုရဲ့ ဖန်တီးချက် က သူတို့ ဆီမှာ အင်မတန် မှ သက်ရောက်မှု အားကြီး ခဲ့တယ် လို့ ဆိုရမယ်။ ဖုံးကွယ်အပ်တဲ့ အရာကို ဒီအတိုင်း ထားရင် ဘာဖြစ်မလဲ ဆိုတာ ဒီ အကြောင်းလေးက အဖြေပေးနေပါပြီ။

ဒီကြော်ငြာကြီး ငေးကြည့်မိတဲ့ အတွက် ကားအချင်းချင်း တိုက်၊ အဆောက် အအုံတွေ ဝင်တိုက် တာတွေ ဖြစ်သွား တာ တရက်တည်း နဲ့ မတော် တဆမှုပေါင်း ငါးရာကျော်သွားတယ် လို့ ဆို တယ်။

ကြော်ငြာ ကို တွေ့တာ နဲ့ ပတ်ဝန်းကျင် ကို မမြင်နိုင်လောက်အောင် ဖြစ်သွားတာပေါ့။




ကုန်တင်ကား ၃ဝ မှာ ဒီကြော်ငြာ တပ်ပြီး မြို့ထဲ လွှတ်လိုက်တာ ဒီလောက် ပမာဏ များတဲ့ မတော် တဆမှုဖြစ်သွားခြင်းပါ။ ယာဉ်မောင်း သူတွေက   ရင်သား ကြီးကြီး ကြော်ငြာ ကြီးကြီး ကို ငေးနေ တုန်း ကိုယ့် ကားကို တခြားကား က ၀င်တိုက်၊ သို့မဟုတ် ကိုယ်က ၀င်တိုက် မိကြ တာပါ။

ကြော်ငြာအေဂျင်စီ ကတော့ ဒါဟာ စမ်းသပ်မှု ပါပဲ တဲ့။ ကုန်ကား ထရပ်ကားတွေ မှာ ကြော်ငြာ တပ်ဆင် ရင် ဘယ်လောက် အထိ သတိပြုမိကြ မလဲ ဆိုတာ ကို သုတေသန လုပ်ကြည့်ခြင်းလို့ ဆိုတယ်။

ကားတွေ မှာ ကြော်ငြာချိတ်ခြင်း ဟာ ထိရောက်ကြောင်း လှုံ့ဆော်တဲ့ သဘောလည်း ပါပါ တယ်။ ဒီ လုပ်ရပ်ကြောင့် ကန့်ကွက်ပြောဆိုမှု မျိုးစုံနဲ့ ကြုံနေရ၊ တချို့ ကတော့ အေဂျင်စီကို တရားစွဲ ဖို့ ပြင်နေကြ ပါတယ်။

ပရိုမိုးရှင်း လုပ်မိတဲ့ အေဂျင်စီ ရဲ့ ပြောခွင့်ရ အရာရှိ တစ်ဦး ကတော့ ... ရင်သားကြီး ငေးကြည့် မိလို့ ယာဉ်တိုက် မှုဖြစ်တာမျိုး အတွက် အာမခံဌာန က မလျော်ပေးဘူး ဆိုရင် သူတို့ က လျော်ကြေးပေး ပါမယ်လို့ ပြောပါတယ်။ 


ဒါကြောင့် မော်စကိုမြို့ ကြော်ငြာအေဂျင်စီ က ငွေကုန် သက်သာတဲ့ ထိရောက်မှုလည်း ရှိတဲ့ နည်းလမ်း ကို သုံးကြဖို့ ဆော်သြနေတာ ဖြစ်မယ် လို့ ယူဆရပါတယ်။

သို့သော်လည်း ရင်သား ပုံကြော်ငြာကြောင့်  ယာဉ်တိုက် မှု အများအပြားဖြစ်သွားတယ် ဆိုတဲ့ Daily Mail ရဲ့ ဒီသတင်း ကို အများအပြား က ပြန်လည် ကိုးကား ရေးသားနေကြတာ ကို အွန်လိုင်း မှာ တွေ့နေရပါတယ်။

 ဒီသတင်း ဘယ်လောက်ထိ မှန်ကန်မှု ရှိသလဲ ဆိုတာ ကတော့ တိတိကျကျ မသိရပါ။ 

သတင်းမှားဖြစ်နိုင်သလို ဖြစ်ရပ်တခုကို ချဲ့ကားပြီးရေးထားတာလည်း ဖြစ်နိုင်ပါတယ်။

From: ..... ဧရာဝတီ




No comments:

Post a Comment