Monday, October 20, 2014

ဆိတ်တွေ သစ်ပင်ပေါ် ဘာကြောင့် ရောက်နေတာလဲ



ဆိတ်တွေ ဟာ မြေကြီးပေါ်မှာ နေထိုင် တဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ ဒါပေမဲ့ မော်ရိုကို နိုင်ငံက ဆိတ်တွေ ကတော့ သစ်ပင်ပေါ်မှာ နေထိုင်လေ့ ရှိပါတယ်။ ဆိတ်တွေ သစ်ပင်ပေါ် တက်ပြီး  ဘာလုပ်နေ သလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

 ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဆိတ် ကိုးကောင် သစ်ပင်ပေါ် ရောက်ရှိနေ တာကို ဓာတ်ပုံ အထောက် အထားနဲ့ တင်ပြ ခဲ့တာမို့ အံ့အား သင့်စရာ ဖြစ်ခဲ့ပါတယ်။ မြောက်အာဖရိက တိုက် မှာ အလေ့ကျ ပေါက်တတ် တဲ့ အာဂန် အပင်ပေါ် ကို ဆိတ်တွေ တက်နေကြခြင်း ဖြစ်ပါတယ်။ 


အာဂန် အပင်ဟာ သံလွင် ပင်လို ဖြစ်ပြီး အသီးတွေ ဟာ အလွန် အရသာ ရှိပါတယ်။ ဆိတ်တွေ ဟာ အာဂန် အပင်ပေါ်က အသီးတွေ ကို စားချင် တာမို့ အပင်ပေါ် တက် နေကြခြင်း ဖြစ်ပါ တယ်။ ဆိတ်တွေ အပင်ပေါ် တက်နေခြင်း ကို မော်ရိုကို နိုင်ငံသားတွေ ကတော့ အထူးအဆန်း သဖွယ် မဖြစ်ကြပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ အမြဲမြင်တွေ့နေရ တာကြောင့် ဖြစ်ပါတယ်။ 


အာဂန် အပင်ပေါ်ကို ဆိတ်တွေ ဟာ တွယ်တက်ခြင်း ဖြစ်ပါတယ်။ အာဂန် အပင်ရဲ့ အကိုင်း အခက် တွေဟာ နိမ့်တဲ့နေရာ မှာ ရှိတာ မို့ ဆိတ်တွေ အနေနဲ့ တွယ်တက် ရာမှာ လွယ်ကူစေ ပါတယ်။  ဒေးလီးမေးလ် သတင်း မှာ ဖော်ပြထားတဲ့ အာဂန် အပင် ကတော့ (၁၇) ပေ အထိရှိ ပါတယ်။ 

(၁၆)ပေရှိတဲ့ အာဂန် အပင် ပေါ် ကို ဆိတ်ကိုးကောင် တစ်ပြိုင်နက် တက်နေခြင်း ကို  မေးခွန်း ထုတ်ကြ ပါတယ်။ တကယ်တော့  ဆိတ်တွေ ဟာ အသိဉာဏ် ကြွယ်ဝပြီး အာဂန် အပင်ပေါ် တက်ရာ မှာ ဟန်ချက်ညီစေ ဖို့ တစ်ကောင်နဲ့ တစ်ကောင် ဖေးမ ကူညီလေ့ရှိ ပါတယ်။ 

အာဂန် အပင် ပေါ်က အသီး ဟာ ဆေးဖက် ၀င်ပြီး အမျိုးသမီးတွေ ရဲ့ အလှပြင် ပစ္စည်းတွေ ထုတ်လုပ် ရာ မှာလည်း အသုံးဝင် ပါတယ်။ အာဂန် အပင်ဟာ ရှားပါးပြီး မော်ရိုကိုနဲ့ အယ်လ်ဂျီးယားဒေသ အချို့မှာ တွေ့ရတတ်ပါ တယ်။ 

အာဂန်သီး တွေဟာ ဇူလိုင် မှာ ကြွေကျတတ်ပြီး ဆိတ်တွေ က စားသုံးလေ့ ရှိပါတယ် ။ နောက် ပိုင်း မှာတော့ အာဂန် အသီး က ရရှိ  တဲ့ အဆီ ကို နိုင်ငံခြားကို တင်ပို့လေ့ ရှိတာမို့ ဆိတ်တွေ စားသုံး ဖို့ တဖြည်းဖြည်း ရှားပါးလာပြီ ဖြစ်ပါတယ်။ 

အာဂန် အပင်က ထွက်တဲ့ အဆီဟာ အလှပြင် ပစ္စည်းတွေ ပြုလုပ်ရာ မှာ အသုံးဝင် တာမို့ ဥရောပ အခြေစိုက် ကုမ္ပဏီကြီးတွေ အလုအယက် ၀ယ်ယူလေ့ ရှိတယ်လို့ သိရသည်။


  အေသင်အောင်
Messenger
From...Search Myanmar

No comments:

Post a Comment