Monday, October 27, 2014

ဘလော့ အဟက် မခံရအောင် ကြိုတင် ကာကွယ် ပြင်ဆင်နည်း


blogs တွေ ဟက်တာ ဟက်တာ နဲ့ မကြာ ခဏ ကြား သိနေရ ပါတယ်..ဒါကြောင့် သတိ လက် မလွတ် ဆိုသလိုပေါ့....  ကြိုတင်ပြင်ဆင်ချက် တစ်ရပ် အနေနဲ့................
 
ဒီလို hack တာ ကနေ ကိုယ့် Blog ကို ဘယ်လို ကာကွယ်ရမလဲ ဆိုပြီးတော့  ကျွန်တော် ချက်ချင်း သတိရမိ တာနဲ့ နှစ်ပေါက်အောင် အသုံးပြုနေပြီး ဖြစ်တဲ့ ဒီ Blogger.com ထဲ က ကျော်ကျော် သွားတဲ့ function လေး ကို ကျော်သွားလို့ မဖြစ်ဘဲ အသုံးပြုရ ပါတော့မယ်။
 
ဒါကတော့ Blogger.com  က dashboard မှာ ရှိတဲ့ Settings ကိုနှိပ်ပါ။
 
 


အထက်ပါ ပုံ အတိုင်း Export ကိုနှိပ် ပါ  ပြီးနောက်.......  
DOWNLOAD BLOG ကိုနှိပ် ပါ။ ဒါဆိုရင် 
Save file ဆိုပြီးတော့ Save ခိုင်း ပါလိမ့်မယ်.....
 
 ဒီအခါမှာ ကိုယ့်ရဲ့ Computer ထဲမှာဖြစ်ဖြစ်၊ USB ထဲ မှာဖြစ်ဖြစ်...လုံခြုံတဲ့နေရာမှာ သိမ်းထား ရုံဘဲ.. 
 
ကဲ ဒီ blog hack ခံ ရပြီး လုံးဝ ဖွင့် မရတော့ဘူး ဆိုရင် Blogger Account တခုပြန် ဖွင့်ပြီးတော့ import blog မှာ အရင် က DOWNLOAD လုပ်ထား တဲ့ Blog ကိုပြန်တင်..
နဂို  အတိုင်း Comments ပါ  အပါ အ၀င်ပြန်လည် ရရှိပါမယ်။။။။


အဆင် မပြေခဲ့သော် ပြန်ပြောနိုင်ပါတယ်။
 
သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ် ခဲ့တာ ကြာ ပါပြီဗျာ.. စုဆောင်း ထားသမျှလေးတွေ နဲ့ ကြိုးစား ထူထောင်လိုက် ပါပြီ။ 
 
ကျနော့်ရဲ့ မြင်ဆရာ kp-3 ကို အားကျ  မိလို့ပါ။ အားပေးမှု  ကို အစဉ်လေးစား လျှက်ပါ။ တုန်ပြန်မှုလေး တစ်ခုအနေနဲ့...စကားလေး တစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။
 
 
 အောင်အောင်(မကစ) 
  ဘလော့ခရီးသည် 
www.ledimyethar.com 
 www.depelyin.co.cc 
 www.aungkyaw.com
 

No comments:

Post a Comment