Saturday, October 18, 2014

မိချောင်း ဆွဲခံရသူ မိချောင်း မျက်လုံးကို လက်နဲ့ ထိုးပြီး လွတ်မြောက်



ပြီးခဲ့တဲ့ သောကြာနေ့က သြစတေးလျ မှာ အမဲလိုက် ထွက်ခဲ့တဲ့ အသက် ၂၀ အရွယ်
စတီဗင်မော်ရင်း ဟာ သူ ပစ်ချ လိုက်တဲ့ ငန်းတွေ ရေထဲ ကျသွားတာကို ဆင်းဆယ်တုန်း ၆ ပေကျော် ရှိတဲ့ မိချောင်း တစ်ကောင်က သူ့ လက်မောင်းကို ကိုက်ဆွဲပြီး ရေထဲ ဆွဲချ သွားပါတယ်။


 ရေအောက် အရောက်မှာ သူက သတိ ရှိရှိနဲ့ မိချောင်း ရဲ့ မျက်လုံးထဲ ကို လက်နဲ့ ထိုး ထည့်တော့ မှ လွှတ်ပေးလိုက် လို့ ကမ်းပေါ်ပြန်တက်နိုင်ခဲ့ပါတယ်။ 


သူနဲ့ အတူ ပါလာတဲ့ အဖော်က မိချောင်း ကို သေနတ်နဲ့ ပစ်သတ် ခဲ့ပါတယ်။ သူ့မှာ ပေါက်ပြဲ ပွန်းပဲ့ တဲ့ ဒဏ်ရာတွေ လောက်ပဲ ရခဲ့ပြီး အဲဒီ အချိန်က ဘီယာ အရှိန် နဲ့ အနာကို သိတ် မသိခဲ့ ဘူးလို့ ပြောပါတယ်။

BBC Burmese

From...Thit Htoo Lwin


No comments:

Post a Comment