Saturday, October 18, 2014

တောက်တဲ့ များ၏ တွယ်ကပ် စွမ်းပကား မြင့်မား ရခြင်း၏ လျှို့ဝှက်ချက်

 

 ပေကျင်း ဩဂုတ် ၁၉
မည်သည့် မျက်နှာပြင်တွင် မဆို တောက်တဲ့များ အံ့ဩဖွယ် တွယ်ကပ်နေနိုင်ခြင်း မှာ ၎င်း တို့ခြေချောင်း များပေါ် ရှိ အမွေး အမှင် များကြောင့်ဖြစ်သည် ဟု သုတေသနလေ့လာချက် အသစ် တစ်ရပ် အရ သိရသည်။

အသုံးချ ရူပဗေဒဂျာနယ် ၌ ဖော်ပြသည့် သုတေသန အစီရင်ခံချက် တွင် တောက်တဲ့ များသည် ဆဲတာ ဟုခေါ်သည့် ၎င်း တို့၏ ခြေချောင်း များပေါ်ရှိ သေးငယ် ပါးလွှာသည့် အမွေး အမှင် များ ကို အသုံးပြုပြီး မတ်စောက်သော နံရံများပေါ် တွယ်တက် လျက် ရံဖန်ရံခါ မျက်နှာကြက်ပေါ် တွင် ဇောက် ထိုးမိုးမျှော် အနေအထားဖြင့် ပင် မည်ကဲ့သို့ တွယ်ကပ်နေနိုင်သည် ဟူသော အချက်ကို ရှင်းပြထားသည်။



တောက်တဲ့ များသည် ၎င်းတို့ ၏ အံ့ဖွယ် ပြောင်းလွယ်ပြင်လွယ် ရှိမှု၊ မှီတွယ်နိုင်မှုနှင့် ခြေချောင်း အမွေး အမှင် များ ဆန့်နိုင်မှု တို့ကြောင့် မည်သည့် မျက်နှာပြင် တွင်မဆို တွယ် ကပ်နေနိုင်ခြင်းဖြစ်သည် ဟု သုတေသန စာတမ်း ဦးဆောင်ပြုစု သူ အမေရိကန်ပြည်ထောင်စု အိုရီဂွန်ပြည်နယ် တက္ကသိုလ် အင်ဂျင်နီယာဌာန မှ ပါမောက္ခ အလက်စ်ဂရီးနီး က ပြောကြား သည်။

ဖော်ပြပါ အချက်များကြောင့် တောက်တဲ့ များသည် ၎င်းတို့၏ ခြေဖဝါးများ ကို လျင်မြန်စွာ ကပ်၊ ခွာပြု လုပ်နိုင် သဖြင့် မျက်နှာပြင်များ တစ်လျှောက် တစ်စက္ကန့် လျှင်ခန္ဓာကိုယ် အရှည်၏ အဆနှစ်ဆယ် အထိ လျှပ် တစ်ပြက် ပြေးလွှား နိုင်ခြင်းဖြစ်သည်ဟုဆိုသည်။

တောက်တဲ့ များ၏ ခြေချောင်းများ အပေါ် သုတေသန စုံစုံ လင်လင်ပြုလုပ် ထားကြောင်း ၊ ရှေးဟောင်း ဂရိခေတ် ကတည်း က လူများသည် တောက်တဲ့များ နံရံများပေါ်တွင် မည်ကဲ့ သို့ တွယ်တက်နိုင်သည် ကို အံ့ဩ လာကြ ကြောင်းအလက်စ်ဂရီးနီး က ပြောကြားသည်။

တောက်တဲ့ များသည် ခြေချောင်း အမွေးအမှင်များ ၏မော်လီကျူးများမှ လာသည့် အီလက်ထရွန် များနှင့် နံရံမော် လီကျူး များမှ လာသည့် အီလက်ထရွန် များ တစ်ခုနှင့် တစ်ခု အပြန်အလှန် ဓာတ်ပြု  ရာမှ ဖြစ်လာသော ရုပ်ပိုင်း ဆိုင်ရာ နှောင်ဖွဲ့မှုဖြစ်သည့် van der Waals ကို အသုံးပြု ပြီး တွယ်ကပ် မှုပြုလျက် အီလက်ထရွန် မဂ္ဂနက်တစ် ဆွဲငင်အားတစ်ခု ဖန်တီး ကာ မည်သည့် မျက်နှာပြင်တွင် မဆို တွယ်ကပ်နိုင်ခြင်းဖြစ်သည် ဟု အမေရိကန် စက်ရုပ် ပညာရှင် ကဲလာအော်တွမ်နှင့် ၎င်း ၏ လုပ်ဖော်ကိုင်ဖက် များက ၂၀၀၀ ပြည့်နှစ် တွင် တညီ တညွတ် တည်း အတည်ပြု ခဲ့ကြသည်။

ထန်ဆွင်း။
MOI Webportal Myanmar

From...Thit Htoo Lwin

No comments:

Post a Comment