Wednesday, October 22, 2014

အပျိုစင် ဘ၀ ကို ပုရိသ များထံ လေလံတင် ရောင်းချခဲ့ သူ မိန်းမပျို (၈) ဦးအကြောင်း

 

 

အမျိုးသမီး တစ်ဦး အတွက် အပျိုစင် ဆိုတဲ့ ဂုဏ်ပုဒ် ဟာ ဘာနဲ့မှ လဲလှယ် လို့ မရတဲ့ တန်ဖိုးကြီး ရတနာ အဖြစ် တင်စားလေ့ ရှိ ကြပါတယ်။ ငွေကြေးကြောင့် အပျိုစင် ဘ၀ကို စွန့်လွှတ်ရ သူတွေ အများအပြားရှိခဲ့ ပါတယ်။ 

ဒါပေမဲ့ အချို့ အမျိုးသမီး တွေဟာ နောက်ဆုံး အချိန်မှာ ငွေကြေးနဲ့ အပျိုစင် ဘ၀ကို မလဲနိုင်ကြောင်း ငြင်းဆိုတာ မျိုးလည်း ရှိခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် အပျိုစင် ဘ၀ကို ရောင်းချ မှုတွေ ဟာ မကြာခဏ ဖြစ်ပွား နေဆဲ ဖြစ်ပါ တယ်။ 

အင်တာနက် အသုံးပြုမှု ကျယ်ပြန့်လာ ပြီးတဲ့နောက် မှာ အပျိုစင် ဘ၀ကို အွန်လိုင်းကနေ ရောင်း ချ မှုတွေ ရှိ လာပါတယ်။ ဒီလို ရောင်းချရာ မှာ အချို့က ငွေကြေး အခက် အခဲကြောင့် လည်းကောင်း ၊ အချို့က ထင်ရှားလို သောကြောင့် လည်းကောင်း အမျိုးမျိုး ဖြစ်နေ တာ တွေ့ရှိ ခဲ့ရ ပါတယ်။ အပျိုစင် ဘ၀ကို လေလံတင် ရောင်းချရာမှာ ထင်ရှားတဲ့ အဖြစ် အပျက်တွေ ထဲက အချို့ ကို ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။



၁။ ကေသီကော့ဘ်ဘလာဆန်

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်မှာ နေထိုင်တဲ့ ကေသီကော့ဘ်ဘလာဆန် ဟာ ၂၀၀၄ ခုနှစ်မှာ တုန်း က သူ့ရဲ့ အပျိုဝင် ဘ၀ ကို e Bay ၀က်ဘ်ဆိုက်မှာ ဒေါ်လာ (၁၀၀၀၀၀) နဲ့ လေလံ တင်ခဲ့ တာမို့ အဲဒီ အချိန်က စံချိန်တင်ဈေး အဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။ 

အဲဒီတုန်းက သူ့ရဲ့ အသက်က (၂၄) နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အွန်လိုင်း မှာ လေလံတင် ပြီးတဲ့နောက်မှာ ပြန်လည် ဖြုတ်ချ သွား လို့ ဘာတွေ ဆက်ဖြစ်သွားသလဲ ဆိုတာ မရှင်း မလင်း ဖြစ် ခဲ့ပါတယ်။

၂။ ရိုစီရိဒ်

အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့ မှာ နေထိုင် တဲ့ ရိုစီရိဒ်ဟာ ၂၀၀၄ ခုနှစ်မှာ အပျိုစင် ဘ၀ ကို ရောင်း ချခဲ့ရာ အသက် (၄၄) နှစ် အရွယ် အမျိုးသား တစ်ဦးက ပေါင် (၈၄၀၀)နဲ့ ၀ယ်ယူခဲ့ ပါတယ်။ ရိုစီရိဒ် ဟာ အဲဒီတုန်းက အသက် (၁၈) နှစ်သာ ရှိပါသေးတယ်။ 

ရိုစီရိဒ်မှာ အမျိုးသားတွေနဲ့ ထိတွေ့ဖူးတဲ့ အတွေ့အကြုံ မရှိပေမယ့် အမျိုးသမီး အချင်းချင်း ချစ်ကြိုက်တဲ့ သူမျိုး ဖြစ်ပါတယ်။ အပျိုစင် ဘ၀ကို ရောင်းချဖို့ အသွား သူရဲ့အမျိုးသမီး အဖော်ကို ခေါ်သွား ခဲ့ပါတယ်။ အဲဒီအမျိုးသမီး အဖော်က ရိုစီရိဒ်ဟာ အပျိုစင်ဘ၀ကို ဆုံးရှုံး ပြီးတဲ့နောက် ငိုကြွေးခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

၃။ ယာတာကို

ပီရူး နိုင်ငံ က မော်ဒယ် တစ်ဦး ဖြစ်ပြီး ၂၀၀၅ ခုနှစ်၊ အသက် (၁၈) နှစ် အရွယ်မှာ မိခင် ဖြစ် သူရဲ့ ကျန်းမာရေး စရိတ် လိုအပ်ချက် နဲ့ မောင် ဖြစ်သူ ကို ထောက်ပံ့ဖို့ အပျိုစင် ဘ၀ကို စွန့် လွှတ် ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ယာတာကို ဟာ မိသားစု အတွက် အပျိုစင် ဘ၀ကို စွန့်လွှတ်ရာ မှာ ဒေါ်လာ (၁ ဒသမ ၃) သန်း အထိ ရရှိခဲ့တယ် လို့ သိရပါတယ်။

၎။ နာတာလီ ဒိုင်လန်

နာတာလီ ဒိုင်လန် ဟာ အပျိုစင် ဘ၀ကို ရောင်းချရာမှာ ဒေါ်လာ (၃ ဒသမ ၇) သန်းနဲ့ ကမ်း လှမ်းခြင်း ခံခဲ့ရ တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ အသက် (၂၂) နှစ် အရွယ် မှာ အပျိုစင် ဘ၀ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 

မာစတာ ဘွဲ့ အတွက် ကြိုးစား ရာမှာ လိုအပ်တဲ့ ငွေကြေး ကို ရရှိဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် ကမ်းလှမ်း တဲ့ ငွေကြေးက အရမ်း များပြားနေ တာမို့ ထောက်ပြ စရာ ဖြစ်နေတယ်လို့ ဆိုထား ပါတယ်။

၅။ အလီနာ ပါစီရာ

၂၀၀၉ ခုနှစ်၊ အသက် (၁၈) နှစ်အရွယ် မှာ အပျိုစင် ဘ၀ ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ရိုမေးနီးယား နိုင်ငံမှာ မွေးဖွား တဲ့ အလီနာပါစီရာဟာ ကွန်ပျူတာ ဘွဲ့ရယူ ဖို့ ကြိုးစားရာ မှာ ငွေကြေး အခက် အခဲဖြစ်လာ တာကြောင့် အပျိုစင်ဘ၀ကို ရောင်းချခဲ့ခြင်း ဖြစ်ပြီး အသက် (၄၅) နှစ် အရွယ်ရှိ အီတလီ နိုင်ငံသား တစ်ဦးက ပေါင် (၈၈၀၀) နဲ့ ၀ယ်ယူခဲ့ကာ အီတလီ နိုင်ငံ ၊ ဗင်းနစ်မြို့ ကို လည်း အလည်အပတ်ခေါ် ယူသွားခဲ့ ပါတယ်။ 

အပျိုစင် ဘ၀ကို မရောင်းချမီ အပျို စစ်/မစစ် ကို နှစ်ကြိမ် တိုင်တိုင် စမ်းသပ် စစ်ဆေးမှု ပြုလုပ် ခဲ့ရပါတယ်။

၆။ ရာဖယ်လာ ဖီကို

အီတလီမော်ဒယ် တစ်ဦး ဖြစ်ပြီး ထင်ရှား တဲ့ ရုပ်သံ စီးရီး အချို့မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ ဖူး ပါတယ်။ ၂၀၀၉ ခုနှစ်၊ အသက် (၂၀)နှစ် အရွယ်မှာ အပျိုစင် ဘ၀ကို ရောင်းချ ဖို့ လေလံ တင် ခဲ့ပါတယ်။ ရောမမြို့ မှာရှိတဲ့ အိမ်တစ်လုံး ၀ယ်ယူဖို့နဲ့ သရုပ်ဆောင် သင်တန်း တက်ဖို့ အပျိုစင် ဘ၀ကို ရောင်းချပြီး ငွေကြေး ရှာဖွေဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ 

ရာဖယ်လာဖီကို က ယောက်ျားလေး ချစ်သူ မထားဖူးကြောင်း၊ ဒေါ်လာ (၁ ဒသမ ၈)သန်း ရပါ က အပျိုစင် ဘ၀ကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဆိုခဲ့ပါတယ်။ အပျိုစင် ဘ၀ကို ရောင်းချရာမှာ မနှစ်သက် သူနဲ့ ဆုံတွေ့ ပါက ၀ိုင်သောက်ပြီး အရာ အားလုံး ကို မေ့နိုင်အောင် ကြိုးစားသွား မှာ ဖြစ်တယ်လို့ ရာဖယ်လာဖီကို က ပြောခဲ့ပါတယ်။

၇။ အမည်မသိ အမျိုးသမီး

နာမည်အရင်း ကို မဖော်ပြ ဘဲ အပျိုစင်ဘ၀ ကို လေလံတင် ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တက္ကသိုလ် ကျောင်းသူ ဖြစ်ပြီး ၂၀၁၀ မှာ အပျိုစင်ဘ၀ ကို ဒေါ်လာ (၃၂၀၀၀) နဲ့ ရောင်းချခဲ့ပါ တယ်။ တက္ကသိုလ် ကျောင်းတက် ဖို့ ငွေကြေး လုံလောက်မှု မရှိတာမို့ အခုလို လုပ်ခဲ့ခြင်း ဖြစ်ပြီး သူ့ရဲ့ အပျိုစင် ဘ၀ကို ရယူဖို့ ကမ်းလှမ်းခဲ့သူ အရေအတွက်က (၁၂၀၀) ဦးအထိ ရှိခဲ့ပါတယ်။

၈။ ကာတာရီနာ

ကာတာရီနာ ဟာ ဘရာဇီးလ်နိုင်ငံ က ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၂ မှာ အပျိုစင် ဘ၀ ကို လေလံတင် ခဲ့တာ ဖြစ်ပြီး အမေရိကန် နှစ်ဦးနဲ့ အိန်္ဒိယ တစ်ဦး တို့ကို ကျော်ဖြတ်ပြီး ဂျပန် တစ်ဦးက ဒေါ်လာ (၇၈၀၀၀၀) နဲ့ လေလံ ဆွဲနိုင်ခဲ့ တယ်လို့ ဆိုထား ပါတယ်။

ကာတာရီနာက သူဟာ ပြည့်တန်ဆာ တစ်ဦး မဟုတ်ဘဲ မိသားစုနဲ့ ဆင်းရဲသူ တွေကို ကူညီနိုင် ဖို့ အခုလို ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဆိုခဲ့ ပါတယ်။ ဒါပေမဲ့ ကာတာရီနာ ရဲ့ လေလံရောင်းချမှု မရှင်း မလင်း ဖြစ်ခဲ့ပြီး သူ့ရဲ့ အကြောင်းကို သြစတြေးလျ ရုပ်သံ တစ်ခုက မှတ်တမ်း ရုပ်ရှင် ရိုက်ကူးမယ် လို့ ဆိုထားတာကြောင့် ထောက်ပြစရာ ဖြစ်ခဲ့ပါ တယ်။



From: Messenger



No comments:

Post a Comment