Monday, October 27, 2014

တယ်လီနော ဆင်းမ်ကတ် မှောင်ခိုဈေး မရှိခဲ့




တယ်လီနော ဆင်းမ်ကတ် များ ၀ယ်ယူရန် တန်းစီနေ သူများ (ဓာတ်ပုံ – နစ်ကီ)



 တယ်လီနော ဆင်းမ် ကတ် များ ရန်ကုန်မြို့ တွင် စတင် ရောင်းချသည့်နေ့ ၌ ဆင်းမ်ကတ် မလောက်င မှုနှင့် မှောင်ခိုဈေး ကွက်ပေါ်ပေါက် ခဲ့ခြင်းများ မရှိခဲ့ ကြောင်း မိုဘိုင်းဖုန်း အရောင်း ဆိုင် များ ထံမှ သတင်း ရရှိသည်။

ယခု ကဲ့သို့ ရောင်းအား ပုံမှန် သာ ရှိခြင်းမှာ တယ်လီနောမြန်မာ အနေဖြင့် ၎င်း တို့၏ ဆင်းမ် ကတ် များရောင်းချမည့်နေ့ ကို ကြိုတင် ကြေညာခြင်း မရှိသည့်အတွက် ဆင်းမ်ကတ် စတင်ရောင်း ချ သည့် နေ့ ကို မိုဘိုင်းဈေးကွက်နှင့် နီးစပ် သူ အများ စုသာ သိရှိပြီး အခြား  လူ များ မသိ ရှိကြခြင်းကြောင့် တယ်လီနော အနေဖြင့် အရောင်းဆိုင်ပေါင်း ရှစ်ထောင်၌ တစ်ပြိုင် တည်းရောင်းချပေးလိုက်သည့် အတွက်လည်း ဖြစ်နိုင်ကြောင်း မိုဘိုင်းဖုန်း အရောင်းဆိုင် အချို့မှ သုံးသပ်ကြသည်။



‘‘တယ်လီနော ဆင်းမ်ကတ် စရောင်း တာကို တချို့ လူတွေက သေချာ မသိကြသေးဘူး။ မိုဘိုင်း ဈေးကွက်နဲ့ နီးစပ်တဲ့ လူတွေ လောက်ပဲ သိသလို ဖြစ်နေတယ်။ ပြီးတော့ အရောင်းဆိုင် အများကြီး မှာ တစ်ပြိုင်တည်း ရောင်းပေး လိုက်တဲ့ အတွက် တစ်ဆိုင် တည်း မှာ လူတွေစု ပြုံ မနေတာလည်း ဖြစ် နိုင်ပါတယ်’’  ဟု Mr. Fone မိုဘိုင်း ဖုန်း အရောင်းဆိုင်မှ အထွေထွေ မန်နေဂျာ ဦးထက်လင်းကျော် က ပြောသည်။

မိုဘိုင်းဖုန်း အရောင်းဆိုင် အ များစု ပြောကြားချက် အရ ဆင်းမ်ကတ်များ စတင်ရောင်းချသည့် အချိန်တွင် လူသိပ် မသိသော ကြောင့် ၀ယ်ယူသူ အနည်းငယ် သာရှိခဲ့ပြီး နေ့လယ်ပိုင်း သို့ ရောက် မှ သာ ၀ယ်ယူသူ များလာခြင်း ဖြစ် ကြောင်း သတင်း ရရှိသည်။


‘‘နံနက်ပိုင်း က လူသိပ် မသိ ကြဘူး။ နေ့လယ်ပိုင်း မှ လာဝယ် တဲ့လူ များလာတာ။ လက်ရှိ အချိန် ထိတော့ သုံး ရတာ အဆင်ပြေ တယ် လို့ ၀ယ်တဲ့လူတွေ ဆီက ပြန် သိရတယ်’’ဟု လူကြီးမင်း စီးပွား ရေးလုပ်ငန်းစု မှ ဒါရိုက်တာ ကို စည်သူ က ပြောသည်။

တယ်လီနော ဆင်းမ်ကတ် များ ရန်ကုန်မြို့ ၌ စတင်ရောင်းချ ရာတွင် မှတ်ပုံတင် တစ်ခုလျှင် ဆင်းမ်ကတ် တစ်ကတ်နှုန်းဖြင့် ရောင်းချပေး ခဲ့ပြီး ဖုန်းဘီလ် ကျပ်သုံးထောင်နှင့် တွဲကာ ဆင်းမ်ကတ် တစ်ခု လျှင် ၄,၅၀၀ ကျပ်နှုန်းဖြင့် ရောင်း ချကြောင်း အရောင်းဆိုင် များထံမှ သတင်း ရရှိသည်။

တယ်လီနော အနေဖြင့် ရန်ကုန်မြို့ ၌ ဆင်းမ်ကတ်ပေါင်း တစ်သန်းရောင်းချပေးသွားမည် ဟု ပြောကြားထားပြီး မန္တလေးနှင့် နေပြည်တော်တို့၌ ဆင်းမ်ကတ် ပေါင်း တစ်သန်းကျော်ရောင်း ချ ပေးထားကြောင်း   သတင်းရရှိ သည်။

7day daily
From...Myanmar Daily Star


No comments:

Post a Comment