Tuesday, October 28, 2014

ရန်ကုန်မြို့ က ကြိုပွိုင့် တိုက်ခန်းဈေး ကွက်နှင့် ပြဿ နာများ

အရစ်ကျငွေပေးချေကာ ၀ယ်ယူနိုင်ရရှိနိုင်သည့် ကြိုပွိုင့်တိုက်ခန်း အရောင်းအ၀ယ်လုပ်ငန်းမှာ မလိုလားအပ်သည့်ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။ ဓာတ်ပုံ - အောင်ဌေးလှိုင် 


အရစ်ကျငွေပေးချေကာ ၀ယ်ယူနိုင်ရရှိနိုင်သည့် ကြိုပွိုင့် တိုက်ခန်း အရောင်း အ၀ယ် လုပ်ငန်းမှာ မလိုလား အပ်သည့်ပြဿ     နာများ ပေါ်ပေါက်လာနိုင်သည်။ ဓာတ်ပုံ – အောင်ဌေးလှိုင်
 

မြေဈေးနှုန်း များ သိသာစွာ စတင်မြင့်တက် ခဲ့ သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း မှ စတင်၍ ရန်ကုန်မြို့၏ ဆောက်လုပ်ရေးလောက တွင် ကြိုပွိုင့် တိုက်ခန်း များ ပေါ်ပေါက်လာခဲ့ပြီး လက်ရှိ တွင် ပိုမိုတွင်ကျယ် လာသည့်လုပ်ငန်း တစ်ခုဖြစ်လာကြောင်း ရန်ကုန်မြို့ အခြေစိုက် ဆောက် လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
 
“၂၀၁၂ အစောပိုင်းလောက်က စပြီး တိုက်ခန်းတွေ ကို မဆောက်ခင် ကတည်း ကကြို တင်ရောင်းချပြီး အရစ်ကျ စနစ်နဲ့ငွေချေ  တဲ့ ကြိုပွိုင့် စနစ် နဲ့ အရောင်းအ၀ယ် လုပ်တဲ့ ကြိုပွိုင့် တိုက်ခန်းတွေ ပေါ်လာခဲ့ တယ်။ အရင် က ဒီလို ပုံစံ မျိုးနဲ့ဆောက် တဲ့ ကန်ထရိုက် မရှိသလို၊ ကြိုပွိုင့် စနစ်နဲ့ ရောင်းချ တဲ့ ဈေးကွက် လည်း မရှိခဲ့ဘူး။

 မြေဈေး အဆမတန်ကြီး တဲ့ အတွက် ကြောင့် ကန်ထရိုက်တွေ လည်း အဆင်ပြေတဲ့ နည်း နဲ့ ဆောက်ကြ ရင်း ကြိုပွိုင့် တိုက်ခန်းတွေပေါ်လာ ခဲ့တာပါ” ဟု ဆောက်လုပ်ရေး လုပ်ငန်းများ
တွင် လုပ်ငန်းခွင် မန်နေဂျာ အတွေ့အကြုံရှိခဲ့ သူ ဦးဆန်းယု က ပြောသည်။  





ထိုကဲ့သို့ မြေဈေးနှုန်း များမြင့်မားခြင်း သည် ဆောက်လုပ်ရေး လုပ်ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံ မှုပိုင်း ကို အခက် အခဲဖြစ်စေခဲ့ပြီး ဈေးမြင့် သည့်မြေပေါ်တွင် တည်ဆောက်သည့် တိုက်ခန်း များ တန်ဖိုးမြင့် မားသည့်အတွက် နေထိုင် လိုသူများ လည်း လွယ်ကူစွာ မ၀ယ်ယူနိုင် သည့် အခြေအနေများ ဖြစ်ခဲ့ရ ကြောင်း ၎င်းကပြောသည်။
 
“မြေဈေးကြီးတော့ ဆောက်ရတဲ့ သူတွေ ကလဲ အရင်းအနှီး အရမ်းများတယ်။ ပြန်ရောင်း တဲ့ အခါ လည်း ဈေးလျှော့ပြီး မရောင်းနိုင်ဘူး။ အဲဒီတော့ တိုက်ခန်းတွေ က ဈေးတက်ပြီး သူဌေးတွေလောက် ပဲ တိုက်ခန်းတွေ ကွန်ဒိုတွေ ကို ၀ယ်နိုင်တဲ့ အနေအထားမျိုး ရောက်လာခဲ့ တယ်” ဟု ၎င်းကပြောသည်။
 
ထို့ကြောင့် ရောင်းသူ၊ ၀ယ်သူ များ အတွက် ပိုမို အဆင်ပြေစေသည့် ကြိုပွိုင့် တိုက်ခန်း များတည်
ေ ဆောက်မှုသည် ယခုအခါ တွင် ရန်ကုန်မြို့ ၏ နေရာ အနှံ့အပြား တွင် မြင်တွေ့ နေရပြီး ရန်ကုန်မြို့၌ အိမ်ပိုင်၊ အခန်း ပိုင် မရှိသေး သူများ အတွက် အရစ် ကျငွေပေးချေ သည့်စနစ်ဖြင့် ၀ယ်ယူနေထိုင် လိုခြင်း များ ကြောင့် တိုက်ခန်း များကို အရစ်ကျငွေပေးချေ သည့် စနစ်ဖြင့် ၀ယ် ယူသည့် ကြိုပွိုင့်ဈေးကွက် ကြီး မားစွာ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များ က ပြော သည်။

“အခုက နေရာတိုင်း လိုလို ကြိုပွိုင့် တိုက်ခန်း တွေကို ရှာဝယ်လို့ ရတဲ့အနေ အထား ဖြစ်လာ ပြီ။ အရင် ကတော့ အဲဒီလောက် မများသေး ဘဲ သင်္ဃန်းကျွန်း၊ လှိုင်နဲ့ ကမာရွတ်မြို့ နယ်တွေလောက် ပဲ ရှိတယ်။ ကြိုပွိုင့် တိုက်ခန်းတွေ ကို ပါမစ်မြေတွေ ၀ယ်ပြီး ကန်ထရိုက် တာတွေ ပဲ သီးသန့်ဆောက်တာမျိုး ရှိသလို မြေရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းပြီး အခန်းတွေကို တစ်ဝက်ပေး တစ်ဝက်ယူလည်း ဆောက်လာကြ တယ်။ 

ဒီနှစ်ပိုင်း မှာပိုများ လာပြီး ကြိုပွိုင့် တိုက်ခန်း တွေ ကို ရှာဝယ်တဲ့ သူတွေလည်း များလာ တယ်”
ဟု ဦးဆန်းယု က ပြောသည်။
ထို့ပြင် ကြိုပွိုင့် တိုက်ခန်း များ ကို နေထိုင် ရန် ၀ယ်ယူသူ များ အပြင် အရောင်း အ၀ယ် ပြုလုပ်ရန် ၀ယ်ယူ သူများလည်း ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် များ က ပြောသည်။ 

“ကြိုပွိုင့်တော်တော် များများ ကို ၀ယ်တဲ့သူ တွေက ကန်ထရိုက်တာ နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ၀ယ်ကြတာများတယ်။ ကြိုပွိုင့် တိုက်ခန်းတွေကို ၀ယ်ပြီး အရောင်းအ၀ယ် လုပ်တဲ့ သူတွေလည်း ရှိတယ်။ တချို့က အရစ်ကျငွေ ပေးချေတာ မပြီးသေးခင်မှာ တင် အမြတ်နည်း နည်း နဲ့ ပြန်ရောင်း ပြီး နောက်ထပ် ကြိုပွိုင့် တိုက်ခန်း တွေ ပြန် ၀ယ်ပြန်ရောင်း လုပ်ကြ တယ်။ 

တချို့ကတော့ ငွေ အကြေချေပြီး အခန်း ရတော့ မှ အမြတ် များများတင်ပြီးပြန်ရောင်းကြ တယ်။ တကယ်နေထိုင်ချင် လို့ ၀ယ်ယူ တဲ့ သူတွေလည်း ရှိတယ်” ဟု မြပန်းသခင် အိမ်ခြံ မြေ အကျိုးဆောင် ကိုမင်းမင်းစိုး က ပြောသည်။
 
ကြိုပွိုင့် တိုက်ခန်း များကို ၀ယ်ယူခြင်းများ တွင် စာချုပ် ချုပ်ဆိုမှုမှာ အလွန် အရေးကြီး သည့် အတွက် ပြဿ    နာတစ်စုံ တစ်ရာ ပေါ် ပေါက်လာပါ က ခိုင်မာသည့် စာချုပ်ရှိရန် လို အပ်ကြောင်းနှင့် ၀ယ်ယူသည့် အခါတွင် ကျွမ်းကျင် သည့်ရှေ့နေ များနှင့် သေချာစွာ စာချုပ်ချုပ် သင့်ကြောင်း အိမ်ခြံမြေ လုပ်ငန်းကျွမ်း ကျင်သူများက ပြောသည်။
 
ထို့ပြင် ကြိုပွိုင့် တိုက်ခန်းများ တည်ဆောက် သည့် ကန်ထရိုက် များတွင် အချိန်မီ အခန်း မအပ်နိုင်ခြင်း၊ မြေရှင်နှင့် ပူးပေါင်း လုပ်ဆောင် သည့် အခါတွင် အချို့မြေ များမှာ ပိုင်ဆိုင်မှု မခိုင် မာခြင်းများ ရှိပါက ဆောက်လုပ်မှု ပိုင်း ၌ ကြန့်ကြာခြင်း များနှင့် ကြိုပွိုင့် အခန်းဈေးနှုန်း များ ကို အပြောင်းအလဲ ပြုလုပ်ခြင်း များ အစရှိသည့် ပြဿ       နာများ ရှိတတ်ကြောင်း အာရှဆောက်လုပ်ရေး လုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင် ကပြောသည်။ 


“ကြိုပွိုင့် အခန်းတွေ ကို ၀ယ်ချင် တယ် ဆိုရင် သေချာလေ့လာ ပြီးဝယ် သင့်ပါတယ်။ 
တစ်ခါ တလေ ကြိုပွိုင့် တိုက်ခန်းတွေ ကို ဆောက်တဲ့ ကန်ထရိုက်တွေကြောင့်ပဲဖြစ်ဖြစ်၊ 
 မြေရှင်တွေကြောင့် ပဲဖြစ်ဖြစ် သူတို့ က မရှင်းလင်းတဲ့ အခါ ပြဿ     နာလေးတွေ ဖြစ်တတ်ပါ တယ်။  အဲဒီချိန် ကျရင် ကိုယ် က ငွေပေးထား ပြီးမှ အခန်းတော်တော်နဲ့ မရတာတို့ ကန်ထရိုက် ဆက်မဆောက်ဖြစ် တော့ရင် အခန်း ဆုံးသွားတာတို့ ထိ ဖြစ်တတ်ပါတယ်” ဟု ၎င်းကပြော သည်။
 
ထို ကဲ့သို့ ကြိုပွိုင့် တိုက်ခန်း တည်ဆောက်မှု များပြားလာခြင်းနှင့် အတူ လိုင်စင်မဲ့ ကန်ထရိုက် များ ၏ ကြိုပွိုင့် တိုက်ခန်း တည်ဆောက် မှုများလည်း အများ အပြား ပေါ်ထွက်ခဲ့ပြီး အခန်း များ ကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချမှု များကြောင့် လိုင်စင်ရ ကန်ထရိုက် လုပ်ငန်းရှင်များမှာ များစွာအခက်အခဲ တွေ့ ရကြောင်း သင်္ယကျွန်းမြို့နယ် အတွင်း တရားဝင် ကန်ထရိုက် လုပ်ကိုင် သူ တစ်ဦးက ပြောသည်။
 
“ကျွန်တော်တို့တွေ က အခန်း တစ်ခန်း ကို သိန်း ၁၅၀ နဲ့ ကြိုပွိုင့်ရောင်းတဲ့ အချိန်မှာ သူ တို့ တွေက တစ်ခန်းကို သိန်း ၁၀၀ နဲ့ ရောင်းနိုင် တယ်။ သူတို့က လိုင်စင် မဲ့ဆောက် ကြတော့ စည်ပင်မှာ လိုင်စင်ကြေးလည်း သွင်းစရာမလို ဘူး။ 

ကြိုတင်ရောင်းထား တဲ့ ပိုက်ဆံတွေ နဲ့ ပြီးစလွယ်ဆောက်ပြီး မြန်မြန်လည်း အခန်းအပ်နိုင် တယ်။ ဆောက်ပြီးရင် လည်း ပါမစ် မရှိ တဲ့ အဆောက်အအုံ ဆိုတော့ တခြား ကုန် ကျ စရိတ်တွေ လည်းမရှိဘူး။ ဒီတော့ သူတို့ က ပေါပေါရောင်း၊ မြန်မြန်ဆောက်ပြီးပျောက်သွား ကြ တယ်”ဟု ၎င်းကပြောသည်။
 
ဒေါပုံမြို့နယ် တွင် ကြိုပွိုင့် တိုက်ခန်း တစ်ခန်း ၀ယ်ယူထားသူ တစ်ဦးက “ကျွန်တော်က ကန်ထရိုက် ဆီက တိုက်ရိုက် ၀ယ်တာ မဟုတ် ပါဘူး။ ကြိုပွိုင့်နဲ့ ၀ယ်ထား တဲ့သူဆီ က နေတစ်ဆင့် အရစ်ကျနဲ့ပဲ ပြန်ဝယ်ထားတာပါ။ 

ကျွန်တော် အခုလက်ရှိ ၀ယ်ထားတဲ့ အခန်း ကလည်း ဆောက်လို့ မပြီးသေးပါ ဘူး။ လာ မယ့် နှစ် ဧပြီ ထဲရောက်တော့မှ ပြီးနိုင်မယ် လို့ မှန်းထားပါတယ်။ ကျွန်တော့် အခန်းကို
မကြာ ခဏ သွားကြည့် ပါတယ်။ ဘယ် အဆင့်ရောက် ပြီလဲ၊ တကယ်ရော အလုပ် လုပ်နေကြ
လား ဆိုပြီး သွားကြည့်ဖြစ်ပါတယ်။ ၀ယ်တုန်း က လည်း သေချာအောင် ရှေ့နေ နဲ့ စာချုပ်ချုပ် ပြီး ၀ယ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

 
ရန်ကုန်မြို့ တွင် ကြိုပွိုင့် တိုက်ခန်းများ တည်ဆောက်မှု အများဆုံးမှာ သင်္ဃန်းကျွန်း မြို့နယ်ဖြစ်ပြီး
အခန်းဈေးနှုန်း များမှာ အနိမ့် ဆုံး ကျပ် သိန်း ၁၀၀ မှ အမြင့်ဆုံး သိန်း ၃၀၀ ထိ ရှိပြီး လမ်းနှင့်
အထပ် အမြင့်ပေါ်လိုက် ၍ ဈေးနှုန်းကွဲပြားသည်။ 


ဒဂုံမြို့သစ် (မြောက် ပိုင်း) နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် များ တွင်လည်း တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြားရှိပြီး လှိုင်မြို့နယ် လမ်းသွယ် များရှိ ကြိုပွိုင့် အခန်းများမှာ ကျပ် သိန်း ၄၀၀ မှ ၄၅၀ ခန့် ပေါက်ဈေး ရှိသည်။



mmtimes
From...Search Myanmar

No comments:

Post a Comment