Wednesday, October 22, 2014

မြောက်ကိုရီးယားနှင့် နယ်စပ် အနီး ခရစ္စမတ် သစ်ပင် အဖြစ် အသုံးပြုလေ့ ရှိသည့် မျှော်စင် ကို တောင်ကိုရီးယား ဖြိုချ




မြောက်ကိုရီးယား က နယ်စပ် တွင် ခရစ္စမတ် သစ်ပင် စိုက်ထူရန် အသုံးပြုလေ့ ရှိသည့် မျှော်စင် တစ်ခုကို တောင်ကိုရီးယား က ဖြိုချလိုက်ကြောင်း သိရသည်။

အဆိုပါ ဘာသာရေး အထိမ်း အမှတ် အဆောက် အအုံသည် ပေ(၆၀) မျှ မြင့်ပြီး ခရစ္စမတ် ကာလ များတွင် ရောင်စုံ မီးများဖြင့် လှပစွာ စီခြယ် ပုံဖော်ထားလေ့ ရှိသည်။

 မြောက်ကိုရီးယား နိုင်ငံ ဘက်မှ ထင်ထင် ရှားရှား တွေ့မြင်ရသည့် ယင်းမျှော်စင် သည် တောင် ကိုရီးယား ၏ ဝါဒဖြန့် သိမ်းသွင်း သည့် လုပ်ဆောင် မှု တစ်ခု ဟု စွပ်စွဲကာ ဖြိုချပေးရန် မြောက် ကိုရီးယား က အကြိမ်ကြိမ် တောင်းဆိုခဲ့ ဖူးသည်။


 
အကယ် ၍ မျှော်စင် ကို ဖြို မချပါက မိမိ တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဖြိုပစ် မည်ဟု ပင် မြောက်ကိုရီးယား က ခြိမ်းခြောက် ခဲ့ဖူးသည်။ ယခု ကဲ့သို့ မျှော်စင်ကို ဖယ်ရှား လိုက်ခြင်း သည် မြောက်ကိုရီးယား ၏ ခြိမ်းခြောက် မှုနှင့် ဆက်နွှယ်နေကြောင်း ခန့်မှန်း သတင်း များကို မူ တောင်ကိုရီးယား ဘက်က ငြင်းဆန်ထားသည်။

(၇)နှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် တောင်မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ဘက်ခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးမှု အပြီး တစ်ပတ် မျှ အကြာတွင် မျှော်စင်ကို ဖြိုချ လိုက်ခြင်း ဖြစ်သည်။

 မျှော်စင် သည် နှစ်နိုင်ငံ နယ်နိမိတ် စည်း မှ (၂)မိုင်မျှ အကွာတွင် တည်ရှိပြီး မြောက်ကိုရီးယား ဘက်ခြမ်း မြို့ အချို့မှ ထင်ရှားစွာ တွေ့မြင်နိုင်သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ကမူ (၁၉၇၁)ခုနှစ် ကတည်း က ဆောက်လုပ် ထားသည့် မျှော်စင် သည် ပြိုကျနိုင် သည့် အန္တရာယ် ရှိသဖြင့် ကြိုတင် ဖျက်သိမ်း ခဲ့ခြင်း ဟု ပြော ကြားထားကြောင်း ယွန်ဟပ် သတင်းဌာန က ဖော်ပြသွားသည်။

ထို့အပြင် မြောက်ကိုရီးယား က ခြိမ်းခြောက် မှုကြောင့် မျှော်စင် ကို ဖြိုချ ပစ်သည် ဆိုခြင်းကို လည်း ငြင်း ဆိုပြီး မကြာသေးမီ က ပြုလုပ်သည့် လုံခြုံရေး စစ်ဆေးမှုများ အရ မျှော်စင်၏ ကြံ့ခိုင် မှုပိုင်း အားနည်းချက် များ ရှိနေသဖြင့် ယခုလို ဆုံးဖြတ်ခြင်း ဟုလည်း ဝန်ကြီးဌာန အဆို ကို ကိုးကား ပြီး ယွန်ဟပ် က ရေးသားထားခဲ့သည်။

(၂၀၀၄) ခုနှစ်က တောင်နှင့်မြောက် နှစ်နိုင်ငံ ဆွေးနွေးပြီး နယ်ခြားဒေသ တွင် ဝါဒဖြန့် မှုများ မပြုလုပ် ရန် သဘောတူခဲ့ သဖြင့် တောင်ကိုရီးယား က မျှော်စင် ကို ခရစ္စမတ် သစ်ပင် အနေဖြင့် အသုံးပြုရန် တားမြစ်ခဲ့သည်။ 

သို့သော် လည်း (၂၀၁၀)ပြည့်နှစ် တွင် မြောက်ကိုရီးယား ရေငုပ် သင်္ဘော တစ်စီး က တော်ပီ ဒိုဖြင့် ပစ် ခတ်သည် ဟု ယူဆရသော အခြေအနေကြောင့် တောင်ကိုရီးယား တိုက်သင်္ဘော တစ်စီး နစ်မြုပ် ခဲ့သည့် ကိစ္စနောက်ပိုင်း မျှော်စင် တွင် ခရစ္စမတ် သစ်ပင် ပြန်လည် စိုက်ထူ ခွင့် ပေးခဲ့ကြောင်း သိရသည်။


7daydaily
From...Myanmar Latest News

 

No comments:

Post a Comment