Wednesday, October 22, 2014

သရဲအိမ် တစ်ခု အတွင်း အမျိုးသား နဲ့ အမျိုးသမီးပေါင်း ၈ ဦး အား အတင်းအဓ္မ ကိုယ်ထိ လက်ရောက် လိင်စော်ကားမှု ကျူးးလွန် ခဲ့တဲ့ အမျိုးသား တစ်ဦး ဖမ်းဆီးခံရ







အသက် ၅၂ အရွယ် ရှိ Daniel Rosmann လို့ခေါ်တဲ့ အမျိုးသား တစ်ဦးဟာ Milwaukee သရဲ အိမ်ကြီး ဆီ အလည် အပတ် သွားရောက်ကြည့်ရှု ခဲ့ပြီး ကြည့ှ်ုနေချိန် အတွင်း အမျိုးသားနဲ့ အမျိုးသမီး အားလုံးပေါင်း ရှစ်ဦး အား အတင်းအဓ္မ ကိုယ်ထိ လက်ရောက် လိင် ဆက်ဆံ ကျူး လွန် ခဲ့တာကြောင့် ဖမ်းဆီး ခံရတယ်လို့ WISN သတင်း အရ သိရပါတယ်။

အဲဒီ သရဲခြောက်တဲ့ အိမ် ပိုင်ရှင် Corey Stephens ကတော့ Daniel Rosmann ဟာ တခြား သူတွေ လိုပဲ အခကြေးငွေပေးဆောင် ကာ အိမ်ထဲ ဝင်ရောက် ခဲ့တာလို့ ဆိုပါတယ်။ 


 ပထမဦးဆုံး မကျေနပ်တဲ့ တိုင်တမ်း ချက်ရောက် လာပြီးတဲ့နောက် သူ့ရဲ့ အိမ် အတွင်းပိုင်း လုံခြုံရေး အဖွဲ့က Rosmann ရောက်တဲ့ နေရာ အတိ အကျကို ရှာဖွေဖို့ ကြိုးစားဆောင်ရွက် ခဲ့တယ်။ 

လုံခြုံရေး ကင်မရာတွေ ထဲက တစ်ခု ကနေ အဲဒီ လို ကိုယ်ထိ လက်ရောက် အဓ္မပြုကျင့် မှုတွေ ကို ဖမ်းထားနိုင် ခဲ့တယ်။

ဒီ သရဲခြောက်တဲ့ အိမ်ဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့် ကတည်းက ရှိခဲ့ တာပါ။ လူတစ်ယောက်က တစ်ခြား သူတွေ ကို ခုလို ဒုက္ခရောက်စေခဲ့ တာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူး ဘူးလို့ Stephens ကပြောတယ်။ 

ဒီ ကိုယ်ထိ လက်ရောက်ပြုမူစော်ကားနေ တဲ့ ဗီဒီယို မှတ်တမ်း က အတော်ကို ရှင်းလင်းပြတ် သားပါတယ်။ ဒါဟာ တကယ့် အဖြစ်ပျက် အမှန်ပါလို့ ပြောခဲ့ပါတယ်။

Rosmann ဟာ လိင်ပြုမူ ကျူးလွန်စော် ကားတဲ့ ပြစ်မှု ၃ ခု နဲ့ စွပ်စွဲ ခံထားရပါတယ်။


trend myanmar
From...Myanmar Latest News

 

No comments:

Post a Comment