Monday, October 27, 2014

Hard Disk အကြောင်းလေး


 
 
Hard disk ဆိုတာ
Hard disk ဆိုတာ ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်လိုအပ်ပြီး ကွန်ပျူတာအားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating system အလုပ်လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်ပါတယ်..
 
 သူ အလုပ်လုပ် တဲ့ပုံစံက ဒီ hard disk အထဲမှာ platter တွေရှိတယ် ဒီ Platter တွေဟာ spindle motor လည် တဲ့အား ကြောင့် air cushion ဖြစ်ပေါ်လာတယ် အဲဒီအချိန်မှာပဲ read/write head တွေက platter   ပေါ်မှာရေးမှတ် ထား တဲ့ဒေတာ တွေ ကို ရေးခြင်း ဖတ်ခြင်းမှတ်ခြင်းစတာတွေကိုလုပ်ဆောင်တယ်.. တစ်ခုချင်းစီ် လုပ်ဆောင်ပုံ ကို အောက် မှာ ရှင်း ပြပါမယ်..
အတွင်းပိုင်းလုပ်ဆောင်ပုံ
 
 
hard disk တစ်လုံးမှာ magnetic disk လို့ ခေါ်တဲ့ platter လေးတွေဟာ လေးချပ် ဒါမှမဟုတ် ငါးချပ်ပါရှိ တတ်ကြပါတယ်..platter ပြားအရေတွက်များရင် data တော်တော်များများ ၀င် ဆံ့ ပေ မဲ့ reliability အတွက်ကျ တော့ အားနည်းသွားပါတယ် အဲဒီ platter ပြားမှာ program တွေ data တွေသိမ်းဆည်း ဖို့  ဖြစ်ပါတယ်..


Geometry
 
 
 
 
Hard disk တစ်လုံး မှာ ဖိုင်တွေသိမ်းလို့ ရအောင် ဘယ်လို စီမံထား သလဲဆိုတဲ့ geometry အကြောင်း   လေ့လာကြည့် ရ အောင် desktop မှာအသုံးပြုတဲ့ ဘယ် hard disk မဆို physically အရတော့ platter   ပြားတွေဟာအားလုံးsize တူ၇ွယ်တူပါပဲ.... platter ပြား တစ်ပြား ကိုကြည့် လိုက်ရင် သူ့ ကို thin film media လို့ ခေါ်တဲ့ ပါးလွာတဲ့ glass နဲ့ ပြုလုပ် ထားပြီးတော့မှ အပေါ်ကနေ meganitic ရည်သုတ်လိမ်းထား တယ်..ဒီလို တည်ဆောက်ပြီး တာနဲ့  ဖိုင်တွေသိမ်းလို့ ပြုလို့ မရသေးဘူး..

အဲလို မရသေးပဲ နဲ့  low level format လို့ ခေါ်တဲ့  cylinder, track, sector တွေ သတ် မှတ်ပေးရ ပါသေး တယ်. .platter မှာ track ဆိုတာ ဘာကိုပြောတာလဲ track ဆိုတာ platter ရဲ့  ဗဟိုကနေ စက်ဝိုင်းပုံ လမ်းကြောင်း အတိုင်းရှိနေတာတွေကို track လို့  ခေါ်တယ်..cylinder ဆိုတာ အဲဒီ track တွေ၇ဲ့   အပေါ်အောက် တစ်စုံကို cylinder လို့ ခေါ်တယ်..


sector ဆိုတာ
 
 
 

sector ကတော့အငယ်ဆုံးယူနစ်ဖြစ်ပြီးတော့မှ magnetic storage area ဖြစ် ပါတယ် .. သူ့ sector တစ်ခု တစ်မှာ သိမ်းဆည်းနိုင်တဲ့ အရေအတွက်က 512MB ဖြစ်ပါတယ်…ဒေတာ သိမ်းပုံ သိမ်းနည်း ကိုပြောပြချင်ပါတယ် ။
 
သတိ ထားမိလားတော့ မသိဘူး hard disk နဲ့  cd disc တို့ သိမ်းပုံချင်း မတူဘူး hard disk က magnetic နည်းပညာကို သုံးပြီး သိမ်းတာဖြစ်လို့  disk လို့ ခေါ်တာဖြစ်ပြီး cd disc တွေ ကျတော့ laser ကိုအသုံးပြုပြီး ultra violet light နဲ့ သိမ်း တာဖြစ် တဲ့အတွက် disc လို့ သတ်မှတ်ခဲ့ကြတယ်..
 
အခုလည်း ဒီ hard disk မှာ Magnetic နည်းအရသိမ်းတာပါပဲ magnetic နည်း အရသိမ်း တာဖြစ်တဲ့ အတွက် ကျွန်တော်တို့ တွေက information တွေ ကို digital အဖြစ်သိမ်းတယ် လို့  ပြောကြပေ မဲ့  ဒီplatter ပေါ်မှာတော့ Analog signal အဖြစ်နဲ့ သိမ်းဆည်းပေး ထား တာဖြစ် ပါတယ်.. တနည်း အားဖြင့် digital signal တွေကို Analog signal အဖြစ်ပြောင်းသိမ်း ထား ပါတယ် ..

တခါ hard disk ထဲမှာရှိတဲ့  ဒေတာတွေကိုဖတ်ချင်တဲ့အခါ ယူသုံးလိုတဲ့အခါမှာလဲသူက Analog signal တွေကို Digital signal အဖြစ်ပြန်ပြောင်းပေးရတယ်..အဲလို digital signal ပြန်ပြောင်းပေး မှ ရ လာတဲ့ Information တွေကို cpu ဖတ်နိုင်မှာဖြစ်ပါတယ်.. 
 
အထဲနည်းနည်း တိုးဝင်ကြည့်ရအောင် analog signal တွေနဲ့ သိမ်းတာ ဆိုတော့ ဘယ်လိုများ သိမ်းလဲပေါ့.. ကျွန်တော်တို့ platter ပြားပေါ်မှာ magnetic ရည်တွေရှိတယ်လို့ ပြောခဲ့ တယ်နော်..

အဲဒီplatter တွေပေါ်မှာသံလိုက် တုံးသေးသေးလေးတွေနေရာ အနှံအများ ရှိတယ် လို့ မှတ် ယူ လိုက် သံလိုက်တုံး လို့ ပြောလိုက် တာနဲ့ သံလိုက် တုံးမှာ မြောက်နဲ့ တောင် ရှိတယ် north and south (N and S) ဆိုပြီးတော့ ရှိတယ် အဲလိုသေးသေးလေးတွေ အများကြီး၇ှိလိမ့် မယ် ဖင် ချင်းခေါင်းချင်း randomly အ၇ရှိနေလိမ့်မယ် ဒါက data ပေါ်ကြည့်ပြီး သူ့ ဘာသာ သူဆောက် သွားတာ ။
 
ဥပမာ ss ကို 1 ယူမယ်ဆိုပါစို့ SN ဆိုရင် 0 ယူမယ်ပေါ့..အဲဒါကို magnetic bit လို့ ခေါ် တယ်.. ဒီ Platterပြားပေါ် မှာ မြောက်မြား စွာသော သံလိုက်တုံးသေသေး လေးတွေက သနုး နဲ့ ချီပြီးတော့ ရှိတယ်.. 
 
အဲဒီ လို မတူညီတဲ့ SS SN NS NN တွေကို read/write head တွေက ဖတ်ပေးရပါတယ်.. ဖတ် လိုက် တဲ့ data ကို မှစောစော ကပြောသလို့ digital signal ပြန်ပြောင်းပေး ရတာဖြစ်တယ် ဒီလို နည်းနဲ့ data တွေ ကို သိမ်းတယ် ဖတ်တယ် မှတ်တယ် ပေါ့.
 
hard disk တွေဟာ နှစ်ပေါင်းများစွာ ကတည်းက ပေါ်ထွန်း လာခဲ့ တာ ဒီနေ့ အချိန်ထိ သူ့ ရဲ့ ဖွဲ့  စည်းပုံဟာအ ရမ်း တိုးတက်ပြောင်းလဲသွား တာတော့မ ဟုတ်ပါဘူး အခြေခံဖွဲ့  စည်း ပုံတွေဟာ တူတူ ပါပဲ။
Actuator
 
 

 
Actuator ဆိုတာ voice coil motor ဖြစ်တဲ့ coilထဲ လျပ်စစ်စီးဝင်ပြီး polarity changing လုပ်ပေး မှုကြောင့် actuator arm ကိုထိန်းချုပ်ပေးရတဲ့ အရာ တစ်ခုဖြစ်ပါတယ်..အရင်တုန်းက servo motor တွေဆို တစ်ထစ် ချင်းရွေ့ လျားတာဖြစ်တဲ့ အတွက်ဖတ်တဲ့ အခါမှာ နှေးကွေး ပါတယ်..ပြီးတော့ အဲလိုရေး ဖတ်နေ တုန်းမှာ ပါဝါ မရတော့ ရင် သူက အဲမှာတင် ရပ် သွားတယ် ပါဝါလာ လို့ အလုပ်လုပ် ရင် ဓါးနဲ့ ခြစ်သလို လုပ်ပစ်လိုက်တာဖြစ် တဲ့ အတွက် hard disk ကို ပျက်စီးစေပါတယ်..
 
 
 
 
ဒါကြောင့် အဲလို Positional error system မဖြစ်စေ ဖို့ အတွက် voice coile motor လို့ ခေါ် တဲ့  liner motor နဲ့ အစား ထိုးပြုလုပ်ခဲ့တာ ယနေ့  တိုင်ပါပဲ..liner motor ကတော့ pogwer off သော်ငြား လည်း automatically parking စနစ် ပါရှိပါတယ်..
Actuator Arm
 
 

 
Actuator Armဆိုတာ platter တွေပေါ်မှာ အလျား လိုက်ရွေ့ လျားပြီးတော့ ဒေတာတွေ ကိုရေး ဖတ်ပြု လုပ် ဖို့  ဆောင်ရွက်ပေး တယ် အဲလိုရေးဖတ်တဲ့ အခါမှာလဲ အတိ အကျဖြစ်အောင် Actuator arm ကို actuator ကပြုလုပ်ပေးပါ တယ်..Actuator Axis ဆိုတာ Actuar arm ရဲ့ အစွန်း တစ်ခု မှာ ရှိပြီးတော့ အလယ်မှာ ရှိတယ်..အဲဒီ Axis လည်တဲ့ အတွက်ကြောင့် Actuator arm လိုက် လည်ပေးတာဖြစ်တယ် ။
Cover mounting holes
 
 
 
 
 

cover mounting holes ဆိုတာ hard disk ကို ဖုံးအုပ်ဖို့ အတွက် screws များ တပ်ဆင်ဖို့  အတွက် နေရာတွေ ဖြစ်ပါတယ် ။


Head
 
 

head ဆိုတာ တကယ်တော့ read /write head ကိုပြောတာဖြစ်တယ် ဒီ head ကdata ကိုရေးနိုင် ဖတ်နိုင်တယ်..platter ပြားတစ်ခု တစ်ခုမှာ အပေါ်အောက် head နှစ်ခုပါတယ် platter နှစ်ခု ဆိုရင် read/write headလေးခု ပါမယ်ပေါ့…


Interface connector
 
 
 
 
Interface connector ဆို တာ data cable အကြောင်းတွေဖြစ် ပါတယ်..interface မှာ IDE interface နှင့် SATA interface နှစ်မျိုး ရှိပါတယ် IDE interface က 40pin/80wire ဖြစ်ပြီး SATA ကတော့ 7 pin ပဲပါရှိပါတယ် SATA က point to point system ဖြစ်ပါတယ် ..အောက်က ပုံမှာ အနီရောင် က SATA interface ဖြစ်ပြီး နောက် interface တစ်ခုမှာ IDE interface ဖြစ်ပါတယ်..

Jumpers
 
 

 
 
jumpers ဆိုတာ IDE drive တွေ မှာသာ ပါဝင်ပြီး တော့ SATA မှာတော့ မပါပါဘူး ဒါကြောင့် IDE တွေမှာ ဆိုရင်…connector တပ်ဆင်တဲ့ အခါ master slave ဆိုတာ ခွဲထားပေး ရပါတယ်..IDE တစ်ကြိုး ထဲမှာ HD ကော CD ROM ကောထားမယ် ဆိုရင် hard disk ကို master ထားပေး ရပြီး CD ROM ကို slave မှာ ထားပေး ရတယ်.. 
 
SATA ဆိုရင်တော့ ဒီအတိုင်း တန်းစိုက် လိုက်ရုံ ပါပဲ.. IDE cable တွေဟာ pin 40 ပါရှိ ပါတယ် အခုနောက်ပိုင်း မှာတော့ pin က 40 pin 80 wire ဖြစ်သွားပြီး crosstalk ဖြစ်ချင်းမှ ကာကွယ်ပြီး သားဖြစ်ပြီး ပိုပြီးတော့လဲမြန် သွားပါတယ်.. 
 
 SATA လို့ ခေါ်တဲ့  cable version မှာအရင်တုန်းက 66/100/133MHz ဆိုပြီး အသုံးပြုခဲ့ပေ မဲ့ အခု ချိန်မှာတော့ ultra DMA လို့ ခေါ်တဲ့  bus mastering နည်းပညာ ကို အသုံးပြု ထားတဲ့ အတွက် ပိုမြန်ပါတယ်.. IDE power cabel ကြိုးတွေဟာ ဆိုရင် ကွန်ပျူတာ ဖွင့်နေစဉ်ဖြုတ်တပ် လုပ်လို့ 
 
 
မရဘူး sata မှာ ကျတော့ ရ တယ် ။ အဲဒါကို hot swap လို့ ခေါ်တယ် power shutdown လုပ်စရာ မလိုပဲနဲ့ ဖြုတ်တပ် လုပ်လို့ ရတာ ကို hot swap ရတယ် လို့ ခေါ်တယ်..
 
IDE cable တွေမှာ ဆိုရင်ကြိုး အရှည်ဟာ 18 လက်မထက် ပိုမရှည် သင့်ဘူး အဲထက်ကျော် သွားရင် data transfer လုပ်ရာမှာ အနှောင့်အယှက်ဖြစ်စေတယ် ။  SATA မှာကျတော့ အရှည် 1မီတာ အသုံးပြုနိုင်တဲ့ အတွက်ကြောင့် IDE cable ထက်နှစ်ဆ ပိုရှည်ပါတယ်..

Platter
 
 
 
 
platter ဆိုတာ glass တွေ နဲ့ ပြုလုပ်ထားပြီးတော့ မှ magnetic ရည်သုတ် လိမ်းထားပါတယ် ။ ဒီ platter တွေ က လေးချပ် သို့ ငါးချပ် အများဆုံးပြုလုပ်လေ့ ရှိတယ် platter အရေတွက် နည်းလေ reliability ပိုကောင်းလေ ဖြစ်တယ်.. ဒီ platter ပေါ်မှာပဲ datas တွေကို ရေြး ခင်း ဖတ်ခြင်း သိမ်းဆည်းခြင်း စတာတွေပြု လုပ် တယ်..

Power connector
 
 
 
 

hard disk အတွက် power ကို 12v 5v ဖြင့်အသုံးပြုကြတယ် notebook computerတွေ အတွက် ဆိုရင် 5v ကို အသုံးပြုထား တယ်… 
 
 
 
 
hard disk အတွက်ပေးတဲ့ power connector ခေါင်းလေးတွေ ကို molex connector လို့ ခေါ် ပါတယ်..

Ribbon cable
 
 
 
 
နောက် Ribbon cable ဆိုတာ logic board နဲ့ ဆက်သွယ်ပေး ပါတယ် hard disk ကဖတ် လိုက် တာ မှန် သမျှ analog signal ကို logic ဘုတ်ပေါ် သယ်ဆောင် သွားပြီး digital signal အဖြစ်ပြောင်း ပေးခြင်း တွေကိုလုပ်ဆောင်ပေးတယ်..

Spindle motor
 
 

spindle motor ဆိုတာ ကတော့ platter တွေလည်ပတ်စေဖို့  အတွက် အလည်ကနေ spin လုပ်ပေး ရပါတယ်..အဲဒီ spindle motor က အပတ်ရေ3500 ကနေ 15000 RPM ရှိပါတယ် RPMဆိုတာ revolution per minute လို့ ခေါ်ပါတယ် ။ 
 
 တစ်မိနစ် မှာspindel motor လည်ပတ်တဲ့အပတ်ရေအ တွက် ဖြစ် ပါတယ် …အခု ကျွန်တော် တို့ ပတ်ဝန်းကျင် မှာ အသုံးအများဆုံးက 5400RPM နဲ့ 7200RPM   ဖြစ်ပါတယ်.. …ကျွန်တော် တို့ hard disk တစ်လုံး ၀ယ်တဲ့ အခါဒီ RPM ကို ထည့်တွက် ရပါတယ် ။ 
 
RPM ပိုများလေ ပိုမြန်လေဖြစ် တယ် သို့ ပေမဲ့ တစ်ချက် သတိထားရမည် က RPM များ ရင် ဒေတာ ကို မြန်မြန် ဆန်ဆန် ဖတ်နိုင် တာမှန်ပေမဲ့ သူ့ ကို ပေးရတဲ့ power များလို့  heat တွေ လည်း ပိုထွက် လာပါ တယ် ။
SCSI drive
 
 
 
 

SCSI drive ဆိုတာ သာမန် အသုံးပြုနေတဲ့  ကွန်ပျူတာတွေမှာ သုံးလေ့သုံးထ မရှိပဲ work station နဲ့  server တွေမှာ အသုံးပြုလေ့ ရှိတယ်..SCSI ဆိုတာ small computer system interface ဖြစ်တယ်.. SCSI မှာ နှစ်မျိုးရှိပါတယ် ။ 
 
 internal SCSI နှင့် external SCSI ဆိုပြီးရှိပါတယ် ဒီနေရာမှာ SCSI ရဲ့ အမျိုး အစားနဲ့  data transfer rate တွေ့ ကိုလေ့လာကြည့်ရအောင် SCSI1 ဟာ 25 pin ကိုအသုံးပြုပြီးတော့ transfer rate 8 bit ကိုပဲ သယ်ဆောင်နိုင်တယ်..SCSI 2 က SCSI 1 နဲ့ အတူတူပဲ ဒါပေမဲ့ pin အရေ အတွက် 25 pin အစား pin 50 အစား ထိုးပြုလုပ်ထားတယ်..

SCSI 1 မှာ ဘာမှပြောစရာ မရှိပေမဲ့  SCSI 2 ကျတော့ SCSI VERSION နဲ့ ပတ်သက်ပြီးပြောစရာရှိလာ တယ်.. SCSI 2ပြီးတဲ့ အခါကျတော့ Wide SCSI က 68 pin ရှိပြီး 16bit ကို transfer လုပ်နိုင်ပါတယ် .
 
fast SCSI က 8 bit bus ကိုအသုံးပြုပြိးတော့ double clock rate ကိုအသုံးပြုထား တာဖြစ် တဲ့ အတွက် 10MBps ထိ Transfer လုပ်နိုင်တယ်..fast wide SCSI ဆိုရင် 16bit ဖြင့် 20 MBps ထိကို transfer လုပ်နိုင်တယ်…

 ultra SCSI က 8 bit bus နဲ့ 20 MBps transfer လုပ်နိုင်ပါတယ်..SCSI 3 က 16 bit နဲ့ 40 MBps transfer လုပ်နိုင်တယ်.. သူကျတော့ Ultra wide SCSI လို့ လဲခေါ်တယ်..အဲတော့ ဒီSCSI 3 အောက်မှာပဲ Ultra 2 SCSI နဲ့ wide ultra 2 SCSI ဆိုပြီးတော့ရှိသေးတယ် Ultra 2 SCSI ကတော့ 8bit 40 MBps နဲ့ wide ultra 2 SCSI ကတော့16bit 80 MBps transfer လုပ်နိုင်တယ်….

အခု ဒီနေ့ မှာတော့ အားလုံး ဟာ ultra DMA mode ကို အသုံးပြုကြပါတယ် SCSI peripherals တွေဟာ SCSI port တွေ ကိုဖြတ်ပြီးတော့ မှ daisy chain ပုံစံ ဆက်သွယ် ထားပါ တယ် ။ 
 
 cable ဟာ host adapter ဆီကိုသွားရတယ်..အဲကမှ device 1 device 2 စသဖြင့် သွားရ ပါတယ်. .SCSI မှာ ID လေးတွေ သတ်မှတ် ထား တာရှိ ပါတယ် ။  ID 0 ကနေ 7 ထိရှိနိုင် သလို ID0 မှ 16 အတွင်းလည်း ရှိပါတယ် device တွေအားလုံး တပ်ဆင်ပြီး သွားတဲ့ အခါ နောက်ဆုံး device မှာ terminate ဆိုတာ တပ်ပေးရ တယ် ဘာကြောင့် တပ်ပေးရလဲ ဆိုတော့ echo signal တွေပြန် မလာအောင်လို့ တပ်ဆင်ပေးရခြင်း ဖြစ်ပါတယ် ။
Bus mastering
 
 
 
 
 
ကျွန်တော်တို့ နောက် bus mastering ကိုလေ့လာကြည့် ရအောင်ပြောတော့ပြောခဲ့ပြီးသားပါ bus mastering ဆိုတာ ယနေ့ ခေတ်မှာ အသုံးပြုနေတဲ့ controller bus တွေမှာ အသုံးပြုနေတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်..

hard disk ထဲက အချက်အလက်ကို ရယူဖို့ အတွက် cpu ဆီ က instruction တွေတောင်း ခံရ address bus ဘယ် လောက်က ဘာကိုပေးလိုက်နဲ့ အဲဒီinstruction ကိုတောင်း ရတယ် စောင့် ရတယ် ဒါ အချိန်ကိုပိုကြာ စေပါတယ် ။ 
 
 ဒီ အားနည်းချက်ကို အစားထိုးပြုပြင်ဖို့ အတွက် bus mastering ကိုပြုလုပ်တီထွင်ခဲ့ကြတယ်.. သူက ဘာလဲဆို တော့ စောနက cpu ဆီကို request လုပ်တာတွေ လမ်းကြောင်း တောင်း တာ တွေ မလုပ်တော့ ပဲနဲ့ bus mastering controller ကနေ တိုက်ရိုက် လုပ်ဆောင် သွားပါတယ် .. ဒါကြောင့် ကွန်ပျူ တာ တစ်လုံးရဲ့  performance ကို တိုးလာစေ ပါတယ်..


Low level format

Low level format ဆို တာ ကျွန်တော်တို့  hard disk မှာ ပါတဲ့ platter တွေပေါ်မှာ geometry တွေ သတ်မှတ် တာ တစ်နည်း အားဖြင့် cylinder track sector တွေကို သတ်မှတ်ပေးတာ ဒီလိုသတ်မှတ်ပေး   ပြီးရုံနဲ့ ကျွန်တော် တို့ ဒေတာတွေ ကိုရေး လို့ မှတ်လို့ မရသေး ဘူး..
 
platter ပြားပေါ် မှာ cylinder track sector တွေကိုဘယ်လောက်ထားမယ် ဆိုတာ သတ်မှတ်ပေးခြင်း ကို low level format လို့ ခေါ်ပါတယ် အရင် တုန်းက FAT 16 ခေတ်တွေ သုံးတဲ့ အချိန် windows 95 တွေ စပေါ်တဲ့ခေတ်တုန်းက ဆိုရင် Low level format ကို မိမိ ဘာသာ သတ်မှတ်ပေးရ တယ်..
 
အခု ဒီနေ့ မှာတော့ စက်ရုံ ကနေ Low level format တွေကိုချပေးပြီးသားဖြစ်တယ်..ဒါကြောင့် hard disk တစ်လုံး လက်ထဲေ၇ာက်လာတဲ့ အချိန်မှာ high level format ချပြီး အသင့် သုံး လိုက် ရုံပါပဲ..


High level format
 
 
 
 
high level format ဆို တာ သိမ်းဆည်း မည့် file system တွေကို သတ်မှတ်ပေးလိုက် တာဖြစ် ပြီး master boot record ဖန်တီးခြင်း file allocation table ဖန်တီးခြင်း တို့ ကို လုပ်ဆောင် ပါတယ်..
 
ဒီလို high level format ချပြီးမှသာလျင် ဖိုင်တွေကိုသိမ်းဆည်းနိုင်တာဖြစ်တယ်..ဒါဆိုရင် low level format high level format ဆိုတာ သိသွားလောက်ပြီ..ကျွန်တော်တို့  high level format ချတော့ ဖိုင် system တွေကို သတ်မှတ်ပေးရတယ်တဲ့ ဒါဆိုရင် အဲဒီ file system ဖြစ် တဲ့ FAT 16 FAT 32 NTFS ဆိုတာ ဘာကို ပြော တာ လဲကြည့်ရအောင် …..

 
FAT file system
 
 
 
 
 
FAT ဆို တာ file allocation table ကိုပြောတာပါ သူက စာအု ပ်တစ်အုပ်မှာ ရှိတဲ့ မာတိကာ နဲ့ တူတယ်  ။ စာအုပ်တစ် အုပ်မှာ ခေါင်းစဉ် ကိုကြည့်လိုက် တာနဲ့ ဘယ် စာမျက်နှာ မှာ ဆိုတာ တန်းပြီး လှန်လို့ ရတာပေါ့ ။ 
 
 တစ်ရွက်ချင်းစီလှန် စရာမ လိုတော့ဘူး သူလဲဒီအတိုင်းပါပဲ ဒီ file allocation table ထဲမှာ file တွေရဲ့  address တွေကိုကြည့်ချင်း အားဖြင့်မိမိလိုချင်တဲ့  file ကို တိုက်ရိုက်ရှာဖွေနိုင် တာဖြစ်တယ်…

 ဖိုင်တွေ ကို သိမ်းဆည်း ဖို့  အတွက် ဖိုင် table လေးတွေ တည်ဆောက်ရတယ် ဒါမှလည်း လွယ်လွယ် ကူကူ ရှာနိုင်မှာဖြစ်တယ်.. FAT 16 ရဲ့ ဖွဲ့ စည်း ပုံ ကိုပြောပြ ပါမယ် ။ 
 
hard disk တစ်လုံးရဲ့ FAT file system မှာ ဆိုရင် cluster လေးတွေဖွဲ့ စည်းထားတယ် ဥပမာ cluster size တစ်ခုကို 32KB သတ်မှတ် မယ် ထားတယ်ဆိုပါစို့  ကျွန်တော်တို့ က 20KB လောက် ရှိ တဲ့  ဖိုင်တစ်ခုကိုသိမ်းမယ် ဒါဆိုရင် cluster တစ်ခုမှာ 12 KB စီနေရာ လွတ် ကျန်နေခဲ့ မယ်ပေါ့.. 

 နောက်ထပ် ကျွန်တော် တို့ ဖိုင်သိမ်းတဲ့ အခါမှာ စောနက လွတ်နေတဲ့ 12 KB မှာဆက် မသိမ်းတော့ ပဲ   ကျော်သွားပြီးတော့နောက် cluster အစတစ်ခုမှာ သွားသိမ်းပါတယ် အဲတော့ စောစော ကလို hard disk တစ်ခု လုံးမှာ အဲဒီလိုသာသိမ်းလိုက်ရင် free space  တွေ အများ ကြီး ဆုံးရှုံး ပါ တယ်..
 
ဒီ အားနည်းချက် ကိုကြည့်ပြီးတော့ အခုနောက်ဆုံး NTFS လို့ ခေါ်တဲ့ new technology file system ကတော့ cluster size အသေး ဆုံးဖြစ်ပြီးတော့ FAT 16 နဲ့ 32 နေရာကို အစားထိုးပြီး file system အမြင့်ဆုံး အဖြစ် ကိုေ၇ာက်ရှိခဲ့  တာဖြစ်ပါတယ်…
NTFS file system
 
 
 
 
 
NTFS က cluster size ကို ချုံ့ လိုက်ပြီး cluster တစ်ခု မှာ 4KB ပဲ ထားရှိ ပါတယ် cluster size သေးသွား တဲ့ အတွက် free space တွေ တိုး လာပါတယ် cluster size သေးလာတာနဲ့ အမျှ free space ပို များများ ရလာပါတယ်.

reliability နဲ့  security ပိုင်း မှာပါ ပိုပြီးတော့ကောင်းမွန်လာတာကိုတွေ့ ရပါတယ် NTFS system တွေ မှာ ဆိုရင် နဂိုဝင်းဒိုးတင် ထားတဲ့အထဲကမှအရေးကြီးတဲ့ဖိုင်တွေကို မှားဖျက် မိ လို့ recovery   ပြန်လုပ်ချင် တယ်ဆိုရင် ပြန်လုပ်လို့  ရအောင်စီစဉ် ထား တဲ့ စနစ် ကိုပါ ထည့် သွင်း တည်ဆောက် ထားတဲ့အတွက် အဆင်ပြေပါတယ်…

Partition အကြောင်း
 
 
 
 
 

Partition အကြောင်းဆွေးနွေး ကြည့် ရအောင် Hard disk တစ်လုံးမှာ partition ခွဲတဲ့အခါမှာ primary နဲ့  extended ဆိုပြီးတော့ ရှိတယ် တစ်ချို့ ကျတော့လဲ extended ကို secondary partition လို့ ခေါ်တယ် .
 
hard disk တစ်လုံး မှာ primary partition ချည်းပဲထားမယ်ဆိုရင် အများဆုံး လေးပိုင်းအထိ ထားနိုင် ပါတယ်.. များသော အားဖြင့်တော့ C ကို primary ထားပြီး ကျန်တဲ့ partition ကိုတော့ extended ထားကြ တာ များပါတယ်..

ဘာကြောင့်လဲ ဆိုတော့ extended partition မှာ logical drive တွေ အများကြီး ထပ်ခွဲနိုင် တာကိုး logical drive ပေါင်း 24 ခုထိ သတ်မှတ်ပေး ထားလို့ ရပါတယ် ။
 
 A B မပါပေါ့  လေ..(A B ဆိုတာက floppy drive အတွက်သတ်မှတ်ထားတဲ့ letter တွေဖြစ် ပါတယ် ) windows တင်တဲ့  အခါမှာ primary ရဲ့ active ဖြစ်တဲ့  partition မှာ သူက boot လုပ် သွား တာဖြစ်တယ်..ဘာကြောင့် primary partition ကို လေးခုပဲထားနိုင်သလဲ လို့ မေး စရာ ရှိလာနိုင် တယ်..

ဟုတ်တယ် hard disk တစ်ခုမှာ OS တင်ဖို့ အတွက် boot information အတွက် boot partition table ထဲမှာ 64 KB ပဲပါရှိတယ် ။ boot partition table တစ်ခုမှာ 16 KB ၇ှိ ပါတယ် ။


 
 
 

 OS လေးခု စာ အတွက် ဆိုရင် 16 *4 လီ 64 ဒါကြောင့် OS လေးခု ပဲ အများ ဆုံးတင်နိုင် တာဖြစ် တယ်.. ဒါကြောင့် primary partition ကို လေးပိုင်း အထိသာ ပိုင်းနိုင်တာဖြစ်တယ်… ok 
 
ဒါဆို ဒီလို hard disk တစ်လုံးတပ်ဆင်ပြီး ၀င်းဒိုးတင်ပြီးတာနဲ့ သုံးလို့ ရပြီလားဆိုတာ့ ရတော့ ၇ တာပေါ့ ဒါပေမဲ့ သူ့ ကို bios setting မှာ first boot device မကြေငြာထား ပေးရင် အလုပ် မလုပ် ပါဘူး  ။ 
 
ဒါကြောင့် BIOS ထဲ မှာသွားရောက်ပြီးပြင် ဆင်ပေးရတယ် ဘယ်မှာလဲ ဆိုတော့ Advance feature ထဲ က first boot device မှာ Hard disk ကိုကြေငြာထားပေးပြီးမှအ သုံးပြုနိုင် မှာဖြစ်ပါ တယ် ….
 
တစ်ခါတစ်ရံ first boot မှာ floppy ဖြစ်နေတာမျိုး disable ပေးထားမိတာမျိုးဖြစ်ရင် OS မတက်နိုင်တာမျိုးကြုံရတတ်ပါတယ်…
ဆွေးနွေးချက် အနှစ်ချုပ်
၁။ Hard disk ဆိုတာ ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ်လိုအပ်ပြီး ကွန်ပျူတာ အားလုံး မှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating system အလုပ် လုပ်ဖို့  နဲ့ data တွေ ကို storage လုပ် ဖို့ ဖြစ်တယ်..
 
၂။ hard disk တစ်လုံးမှာ magnetic disk လို့ ခေါ်တဲ့ platter လေးတွေဟာ လေးချပ် ဒါမှ မဟုတ် ငါးချပ် ပါရှိ တတ်ကြ ပါတယ်..platter ပြား အရေတွက် များရင် data တော်တော် များများ ၀င် ဆံ့ ပေမဲ့ reliability အတွက် ကျတော့ အားနည်း သွားပါတယ် ။ 

၃။ hard disk က magnetic နည်း ပညာ ကိုသုံးပြီးသိမ်း တာ ဖြစ်လို့  disk လို့ ခေါ်တာဖြစ်ပြီး cd disc   တွေ ကျတော့ laser ကိုအသုံးပြုပြီး ultra violet light နဲ့ သိမ်းတာဖြစ် တဲ့အတွင် disc လို့ သတ် မှတ် ခဲ့ကြတယ်. ။

၎။ Low level format ဆိုတာ ကျွန်တော်တို့  hard disk မှာ ပါတဲ့ platter တွေပေါ်မှာ geometry တွေ သတ်မှတ်တာ တစ်နည်းအားဖြင့် cylinder track sector တွေ ကို သတ် မှတ်ပေးတာ ။
 
၅။ high level format ဆိုတာ သိမ်းဆည်း မည့် file system တွေကို သတ်မှတ်ပေးလိုက် တာဖြစ် ပြီး master boot record ဖန်တီးခြင်း file allocation table ဖန်တီးခြင်း တို့ ကို လုပ်ဆောင် ပါတယ်..
၆။hard disk တစ်လုံးမှာ primary partition ချည်းပဲထားမယ်ဆိုရင် အများဆုံး လေးပိုင်းအထိပဲ ထားနိုင်ပါတယ်.

 
 
ကိုစံငြိမ်း
မြန်မာ IT လူငယ်များ
 
 
 

1 comment: