Wednesday, October 22, 2014

ဂျာမန် ဆိုင်ကယ် လမ်းသရဲ ဂိုဏ်း ဆီးရီးယား သို့ သွားရောက်ပြီး IS အဖွဲ့ ကို တိုက်ခိုက် ရန်ပြင်ဆင်

 
 
 
Median Empire Motorcycle Club ဟု အမည်ရသော ဂျာမန် ဆိုင်ကယ် လမ်းသရဲ ဂိုဏ်းသည် အစွန်းရောက် အကြမ်းဖက် အဖွဲ့ IS ကို ချေမှုန်း ရာတွင် ပါဝင် ကူညီရန် အတွက် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီ မြို့သို့ ရောက်ရှိ လျက် ရှိကြောင်း Daily Mail သတင်းဌာန တွင် ဖော်ပြ ထားသည်။

Median Empire Motorcycle Club သည် ဂျာမနီနိုင်ငံ၊ ကိုလုံး မြို့တွင် အခြေ စိုက်သော အဖွဲ့ တစ်ဖွဲ့ ဖြစ် ပြီး ကာ့ဒ်လူမျိုးစု များနှင့် အဆက် အသွယ် ရှိသော အဖွဲ့လည်း ဖြစ်သည်။

Median Empire Motorcycle Club ၏ ခေါင်းဆောင် များသည် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီ မြို့သို့ ရောက် ရှိနေသော ၎င်းတို့ ဂိုဏ်းသား များ၏ ဓာတ်ပုံ များကို အဖွဲ့ ၏ တရားဝင် Facebook စာမျက်နှာ တွင် တင်ထား ခဲ့ပြီး ထို ဓာတ်ပုံများ ထဲမှ လမ်းသရဲ ဂိုဏ်း သား အချို့မှာ လက်နက် များ ကိုင်ဆောင် ထားသည်ကို တွေ့ရသည်။


ထို့ပြင် ဓာတ်ပုံ ၏ အောက်တွင် လည်း “ကျွန်တော်တို့ ကောင်လေးတွေ ဒီနေ့ ကိုဘာနီ မြို့ကို ရောက် တယ်၊ အဲဒီ မှာ သူတို့ အပစ် အခတ် ခံခဲ့ ရသေးပေမယ့် ဘယ်သူမှ ထိခိုက် ဒဏ်ရာ မရခဲ့ဘူး လို့ ပြောတယ်။ သူတို့ အဆင်ပြေ ပါတယ်” ဟုလည်း ရေးသား ထားသည် ကို တွေ့ရသည်။

ကိုဘာနီ မြို့သို့ သွားရောက်ပြီး IS အဖွဲ့ ချေမှုန်းရေး တွင် နိုင်ငံတကာ တပ်များနှင့် အတူ ပူးပေါင်း တိုက်ခိုက် လျက် ရှိသော နယ်သာလန် ဆိုင်ကယ် လမ်းသရဲ ဂိုဏ်းမှ ဂိုဏ်းသား သုံးဦးကို တရားစွဲဆို သွားမည် မဟုတ်ကြောင်း နယ်သာလန် အာဏာပို င် များ က ပြောကြား ခဲ့ပြီး ရက်ပိုင်း အကြာတွင် ယခု ကဲ့သို့ ဂျာမန် ဆိုင်ကယ် လမ်းသရဲ ဂိုဏ်းသား များ ကိုဘာနီ မြို့သို့ သွားရောက် တိုက်ခိုက်သည့် သတင်း ထွက်ပေါ် လာခြင်း ဖြစ်သည်။

IS အဖွဲ့ ကို ချေမှုန်း ရာတွင် ကူညီ တိုက်ခိုက်ပေးနေသော ပြည်ပရောက် ဆိုင်ကယ် လမ်းသရဲ ဂိုဏ်းသား များ ကို တရားစွဲဆို သွားမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်း တို့သည် နယ်သာလန် တပ်များ ကို တိုက်ခိုက်ခြင်း မဟုတ် သဖြင့် ဥပဒေချိုးဖောက်ရာ မရောက်သောကြောင့် ဖြစ်ကြောင်း နယ်သာလန် အစိုးရရှေ့နေ တစ်ဦးက ပြီးခဲ့သော ရက် သတ္တ တစ်ပတ် အတွင်းက ပြောကြားခဲ့သည်။

“နိုင်ငံခြားသား လက်နက်ကိုင် တပ်တွေ နဲ့ သွားရောက် ပူးပေါင်း တာဟာ အရင်တုန်းက တရား မဝင် တဲ့ လုပ်ရပ်ဖြစ်ပေမယ့် အခု အခါမှာတော့ အဲဒါ ကို တားမြစ် ထားခြင်း မရှိတော့ ပါဘူး။ နယ်သာလန် တပ်တွေ ကို တိုက်ခိုက်တဲ့ အဖွဲ့နဲ့ ပူးပေါင်း မှသာ ဥပဒေအရ အပြစ်ပေး ခံရ မှာ ဖြစ် ပါတယ်” ဟု အစိုးရရှေ့နေ ဝင်ဒီဘရွန်း က ပြောကြားသည်။

နယ်သာလန် နိုင်ငံ သားများ အနေဖြင့် ကာ့ဒ် တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းပြီး IS အဖွဲ့ကို တိုက် ခိုက်နိုင် သည် ဆိုသော် လည်း ထိုကဲ့သို့ တိုက်ခိုက်စဉ် တွင် ညှဉ်းပန်းနှိပ် စက်ခြင်း၊ မုဒိမ်းမှု ကျူး လွန်ခြင်း စသည့် ရာဇဝတ်မှု များကို ကျူးလွန်ခဲ့ လျှင် မူ တရားစွဲဆို သွားမည်ဟု မစ္စတာဘရွန်း က ပြောကြားသည်။

“ဒါပေမဲ့ အလွန်ဝေးကွာ တဲ့ ရေခြား၊ မြေခြား မှာ ဖြစ်တဲ့ အမှု ဆိုတော့ သက်သေပြ ဖို့တော့ ခက် လိမ့် မယ်” ဟုလည်း ၎င်း က ထပ်လောင်း ပြောကြားသည်။

ဗြိတိန် အပါအဝင် နိုင်ငံ အများအပြား သည် ၎င်းတို့နိုင်ငံသား များ IS အဖွဲ့နှင့် သွားရောက် မပူးပေါင်းနိုင်စေရန် ကြိုးစား တားဆီးလျက် ရှိသော်လည်း IS အဖွဲ့ ကို တိုက်ခိုက်ချေမှုန်းလျက် ရှိ သည့် ကာ့ဒ် တပ်ဖွဲ့နှင့် သွားရောက် ပူးပေါင်းခြင်းကို မူ ယေဘုယျ အားဖြင့် ခွင့်ပြုထားကြသည်။


 The Voice Weekly 
 From: .... Myanmar Daily Star

No comments:

Post a Comment