Saturday, October 18, 2014

မြန်မာ အကျဉ်းသား ပြန်လွှတ်ပေးရိုး မရှိသည့် ထိုင်းအစိုးရ – ညွန့်မောင် (Letter to Tomorrow)

 
 
 
ကျွန်တော့်အား မူးယစ်ဆေးဝါး ရောင်းဝယ်မှု နဲ့ ပတ်သက်နေသည် ဟု တိုင်း တရားရုံးတော်မှ မတရား ပြစ်မှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချ ခံထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။  

ဘန်ကောက် အကျဉ်းထောင် တွင် နေထိုင် လာခဲ့ သည်မှာ ၁၂ နှစ်ပြည့် ခဲ့ပြီ ဖြစ်ပြီး အကျဉ်းထောင် ထဲ သို့ ရောက် ရှိလာ ခဲ့သည့် အခါမှာလည်း ကျွန်တော့်လို မျိုး အလားတူ ပတ်စ်ပို့ စာအုပ် (အလုပ် သမားကတ်) မရှိသည့် အတွက်ကြောင့် ဖမ်းမိ လာရာမှ ထိုင်းရဲ များ၏ မတရား မူးယစ်ဆေးနဲ့ ပတ်သက်သည် ဟု စွပ်စွဲ ခံရပြီး အကျဉ်းထောင်ထဲ ရောက် ရှိနေကြ သည့် မြန်မာပြည်သား အများ အပြား ကို တွေ့ရှိရပါတယ်။

ကျွန်တော် ဘန်ကောက် အကျဉ်းထောင် ထဲ ရောက်လာ သည့် အချိန်မှ စ၍ ကြုံတွေ့ရသည့် အဖြစ် အပျက် များမှာ ထိုင်း အကျဉ်းထောင်တွင်း အကျဉ်း ကျနေသော မြန်မာနိုင်ငံသား များ ကို မှ ရွေးပြီး လူမျိုးရေး အရ ဌာနေ ထိုင်း အကျဉ်းသားများ က အုပ်စု ဖွဲ့၊ ဗိုလ်ကျ၊ ဥပဒေမဲ့ ထင်သ လို ရမ်းကား စော်ကား အနိုင်ကျင့်မှု များကို ကြုံတွေ့ရပါသည်။ 


တာဝန်ရှိ ထောင်ဝန်ထမ်း (၀ါဒါ) များ၏ အုပ်ချုပ်ရေး အားနည်းချက် အပေါ် မူတည်ပြီး ဌာနေ ထိုင်း အကျဉ်းသား များ အနေဖြင့် အင်အားနည်း နိုင်ငံခြားသား ထောင်ကျ အကျဉ်းသားများ အပေါ် အုပ်စု ဖွဲ့၊ ဥပဒေမဲ့၊ အနိုင်ကျင့် မှု မကြာခဏ ဖြစ်ပွား တတ်ပါတယ်။ 

သို့သော် ထိုင်း အကျဉ်းထောင်ရောက် မြန်မာနိုင်ငံသား များ မှာ ထိုင်းနှင့်မြန်မာ အတိတ်က လူမျိုးရေး မုန်းတီး မှု သမိုင်းအား အခြေခံ ၍လည်းကောင်း၊ ယခု လက်ရှိ ၌ ထိုင်းနိုင်ငံ အခြေ စိုက် မြန်မာ သံရုံးမှ ၄င်းတို့ နိုင်ငံသား ထိုင်းထောင်ကျ အကျဉ်းသားများ အပေါ် တာဝန် ရှိ ထောင် ၀န်ထမ်း (၀ါဒါ) များက ဥပဒေမဲ့ စော်ကား အနိုင်ကျင့်ခြင်း၊ ဒါ့ အပြင် ဌာနေ ထိုင်း အကျဉ်းသား များ ကပါ အုပ်စုဖွဲ့၊ ဥပဒေမဲ့ စော်ကား၊ ဗိုလ်ကျ အနိုင်ကျင့်မှု၊ လူမျိုးရေး ပြဿ     နာ မကြာခဏ ဖြစ်ပွားတတ်ပါတယ်။ 

ဤပြဿ      နာများအား တာဝန်ရှိ မြန်မာသံရုံး သို့ အကြိမ်ကြိမ် တင်ပြတိုင်ကြား ခဲ့သော်ငြား လည်း မည်သည့် အခါမှ လာရောက်ဖြေရှင်းပေး မှု မရှိခဲ့ဖူးပါ။

ထို့အပြင် ကျွန်တော် တို့ ဘန်ကောက် Klongprem Central Prison အကျဉ်းထောင် တွင် အဆောင် ၁၊၂၊၃၊၄၊၅၊၆၊၇၊၈ ဟူ ၍ ခွဲခြား သတ်မှတ် တည် ရှိပြီး ၄င်း အဆောင် များတွင် အကြောင်း အမျိုးမျိုးကြောင့် တရား သဖြင့်ရော၊ မတရား သဖြင့်ပါ နှစ်ရှည်ထောင်ဒဏ် ကျခံနေ ရသော မြန်မာပြည်သား အားလုံး ၂၀၀ ခန့် ရှိနေကြပါသည်။

ထိုင်းနိုင်ငံ အကျဉ်းထောင် များတွင် အကျဉ်းကျ ခံနေရသော ကျွန်တော် တို့ မြန်မာနိုင်ငံသားများ ၏ အခက်အခဲ များနှင့်တကွ အကျဉ်းထောင် တွင်း အကျဉ်းသားများ ၏ ရပိုင်ခွင့် အခွင့်အရေး များကို အကျဉ်း ဦးစီး အာဏာပိုင် များမှ ချိုးဖောက်၊ နှိပ်စက်၊ မတရား ခိုင်းစေမှု များကို သက် ဆိုင် ရာ နိုင်ငံပိုင် သံရုံးမှ လည်း လာရောက်ကူညီ ဖြေရှင်းပေးခြင်းမျိုး မရှိသည့် အတွက်ကြောင့် လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသား များမှာ နေ့စဉ်နှင့် အမျှ ထောင်ဝါဒါ များ၏ မတရား ခိုင်းစေ မှုများကို အံကြိတ် ခံနေကြရပေသည်။ 

ကျွန်တော်တို့ ဘန်ကောက် အကျဉ်းထောင် တွင် အာရှတိုက် မှ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ နီပေါစသည့် နိုင်ငံ များမှ ဖြစ်ကြပြီး အာဖရိကတိုက် မှ နိုက်ဂျီးရီးယား၊ ကာနား၊ တိုဂို၊ ဂွန်ရိုနိုင်ငံများနှင့် သြစတြေးလျ၊ အမေရိက၊ ယူရိုစ သည့် နိုင်ငံများ မှလည်း ဤ ထိုင်း အကျဉ်းထောင်တွင် ရှိနေကြပါသည်။ 

သို့သော် လည်း ၄င်းနိုင်ငံသား များမှာ အကျဉ်းထောင် တွင်း ပေးသည့် နိုင်ငံခြားသား အကျဉ်း သား အခွင့်အရေး များကို ပြည့်ဝ စွာ ခံစားကြရပြီး ကျွန်တော်တို့ မြန်မာ နိုင်ငံသား များ မှာ နိုင်ငံခြား သားများ ဖြစ်ပါ လျက်နှင့် အကျဉ်းထောင်တွင်း ပေးသည့် နိုင်ငံခြားသား အကျဉ်း သား များ၏ ရပိုင်ခွင့်၊ အခွင့် အရေးများ ကို လုံးဝ မရရှိ၊ မခံစားကြ ရသည့် အပြင်....

ဌာနေ ထိုင်း အကျဉ်း သားများ ထက် အလုပ်ပို လုပ်ရခြင်း၊ ထိုင်းလူမျိုး မလုပ်လိုသည့် ညစ်ပတ်၊ ကြမ်းတမ်းသော အလုပ်မျိုးများကို ကျွန်တော်တို့ မြန်မာနိုင်ငံသား များအား ရွေးပြီး ခိုင်းစေခြင်း မျိုး ကို ခံနေကြရပေသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသားများ မှာလည်း နိုင်ငံခြားသား များ ဖြစ်ပါလျက်နှင့် အကျဉ်းထောင် တွင်း ပေးသည့် နိုင်ငံခြားသား ခွဲတမ်း အစားအစာ များကို မရ ရှိခြင်း၊ ဆေးကုသခွင့် အပြည့် အ၀ မရရှိခြင်း၊ အကျဉ်းထော င်တွင်း သင်ကြားပေးသည့် ပညာရပ် များကို သင်ကြားခွင့် မရှိခြင်း ၊

 နိုင်ငံခြား သားများကို ပေးသည့် အကျဉ်းထောင် တွင်း အခွင့်အရေး ကို လုံးဝ မရ ရှိခြင်း ၊ မခံ စားကြရသည့် အပြင် ဌာနေ ထိုင်းအကျဉ်းသားများထက် အလုပ်ပို လုပ်နေရသော်ငြားလည်း ထိုင်း အကျဉ်းသား များကို ပေးသည့် အခွင့် အရေးများ ကိုလည်း ကျွန်တော်တို့ မခံစားကြရပေ။ 

ဤဖြစ်ရပ် များကို ကျွန်တော်တို့ အကျဉ်းသား များ အနေဖြင့် ဘန်ကောက် ရှိ မြန်မာသံရုံးသို့ အကြိမ်ပေါင်းများ စွာ စာရေးပြီး တိုင်ကြားခဲ့သော်ငြား လည်း တာဝန်ရှိ မြန်မာသံရုံး မှ လည်း မည်သည့် အခါက မျှ ဖြေရှင်းပေးခြင်း မရှိဘူးပါ။

မြန်မာနိုင်ငံ အကျဉ်းထောင် များတွင် အကျဉ်းကျ ခံနေ ရသော  ထိုင်း လူမျိုး များကို ထိုင်း အစိုး ရမှ တောင်းယူ ခဲ့သဖြင့် မြန်မာ အစိုးရ မှ ၄င်း ထိုင်း အကျဉ်းသားများ ကို ထိုင်းနိုင်ငံ အစိုးရ လက်တွင်း သို့ အကြိမ်ကြိမ် လွှတ်ပေးခဲ့ဖူးပါသည်။ 

ကျွန်တော်တို့ ထိုင်း အကျဉ်းထောင်ရောက် မြန်မာနိုင်ငံ သားများ အား မြန်မာ အစိုးရမှ တာဝန် ယူ ခေါ် ဆိုခြင်း မရှိသည့် အတွက်ကြောင့် လည်းကောင်း၊ မြန်မာ အစိုးရ မှ မိမိနိုင်ငံသား များ အပေါ် ကြည့်ရှု စောင့်ရှောက်မှု များ မရှိပါသောကြောင့် လည်းကောင်း၊ ထိုင်း အကျဉ်းထောင်ရောက် မြန်မာနိုင်ငံသား များမှာ အခက် အခဲ မျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ နေရပါ သည်။

လွန်ခဲ့သည့် နှစ် အနည်းငယ် အတွင်း က မြန်မာနိုင်ငံ ကော့သောင်းမြို့နယ် အတွင်း ထိုင်းလူမျိုး များအား နယ်မြေ ခိုးယူမှု၊ မူးယစ်ဆေးဝါး စိုက်ပျိုးရောင်းချမှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှု များကြောင့် ထိုင်း လူမျိုး ၉၀ကျော် အား မြန်မာ အစိုးရ မှ ဖမ်းဆီး အရေး ယူခဲ့ပြီး နောက်ပိုင်း ထိုင်း အစိုးရမှ တောင်းဆိုခေါ်ယူ ခဲ့ မှုကြောင့် မြန်မာ အကျဉ်းထောင် ရှိ ထိုင်း လူမျိုး ၉၀ ဦးအား ထိုင်း အစိုးရ လက်ထဲသို့ ပြန်လည်ပို့ ဆောင် လွှတ်ပေးခဲ့ ဖူးပါသည်။

ကျွန်တော်တို့ ထိုင်း အကျဉ်းထောင်ရောက် မြန်မာနိုင်ငံသားများ အား မြန်မာအစိုးရ မှ ခေါ် ယူခြင်း မရှိ သည့် အတွက်ကြောင့် ထိုင်း အစိုးရမှ မြန်မာပြည်သား အကျဉ်းသား များအား မည် သည့် အခါကမျှ ပြန်ပို့ လွှတ်ပေးခြင်း မျိုး မရှိခဲ့ဖူးပါ။


ညွန့်မောင်
Tomorrow
From...Search Myanmar


 

No comments:

Post a Comment