Sunday, October 12, 2014

Photoshop Move Tool အကြောင်း တစေ့ တစောင်း


Move Tool ကတော့ Selecion Tool တစ်ခု ပဲဖြစ်ပါတယ်၊ image တစ်ခု အတွင်းမှာ ရှိတဲ့ Leayer တွေ ကို နေရာ အထား အသိုရွှေ့ပြောင်း ဖို့နဲ့ ရွေးချယ် ဖို့အတွက် အသုံးပြုနိုင် ပါ တယ်။

ပုံမှန် အားဖြင့်တော့ Image ထဲက ကိုယ်ပြုပြင် လိုတဲ့ Layer ကို Layer Palette မှာ က လစ်နှိပ်ပြီး ရွေး ချယ်ပေး ရမှာ ဖြစ် ပါတယ်။ ပြုပြင်ပြောင်းလည်း မှုတိုင်းဟာ ကိုယ်ရွေး ချယ် ထား တဲ့ Layer ပေါ် မှာပဲ သက်ရောက် မှု ရှိမှာဖြစ်ပါတယ်။
 
 


Layer Palette ကိုအသုံးမပြုဘဲ Move Tool နဲ့ Image ထဲမှာ ရှိနေ တဲ့ Layer တွေကို လွယ်ကူ စွာရွေး ချယ်နိုင် ပါတယ်။

 
 

Tool Box က Move Tool ကို ရွေးချယ် လိုက် ပါတယ်။ ပြီးရင် Tool Option မှာ Auto Select ဆိုတဲ့ ဘေး က လေးထောင့် ကွက်လေး မှာ ကလစ် တစ်ချက်ထောက်ပြီး အမှန်ခြစ် ကလေးပေး လိုက်ပါ။

ဒါ ဆိုရင် Image ထဲက ကိုပြုပြင် လိုတဲ့ Layer တိုင်းကို  ကလစ် တစ်ချက်နှိပ်ပြီး အလွယ် တကူ ၇နိုင်ပါတယ်၊ ဒါဟာ Layer တစ်ခုခြင်းရွေးချယ် တာဖြစ်ပါတယ်။


Layer တစ်ခုထက် ပိုပြီး ရွေးချယ် ချင်ရင် ကီးဘုတ်က Shift ကို ဖိထားပြီး ကိုယ်ရွေးချယ် လိုတဲ့ Layer တွေ ကို ကလစ် လိုက်ထောက်ပေး ရပါမယ်။ (မှတ်ချက်- Photoshop 7 မှာ ပြုလုပ် ၍ မရပါ) 
 
 ရွေးချယ် ထားတဲ့ ထဲမှာ မလို အပ်တဲ့ Layerတွေ ပါလာ ခဲ့ရင် ကီးဘုတ်က Shift+Alt ကို ဖိထားပြီး မလို အပ်တဲ့ Layer ပေါ် မှာ ကလစ်ထောက်ပြီး ပြန်ဖြုတ်နိုင်ပါတယ်။
 
 

 
 
နောက်ပြီး Image နဲ့လွတ် တဲ့နေရာ ကနေ (သို့) Background  ပေါ်ကနေ Move Tool နဲ့ Drag ဆွဲပြီးတော့ လည်း တစ်ခုထက် ပိုတဲ့ Layer တွေ ကို ရွေးချယ်နိုင် ပါသေးတယ်။
 
နောက်ပြီး Move Toolက Image ထဲမှာရှိတဲ့ Layer တွေ ကို ရွေ့ လျှားစေနိုင် ပါတယ် ၊ ရွှေ့ပြောင်း လိုတဲ့ Layer ကို Move Tool နဲ့ ကလစ် ဖိပြီး အလိုရှိ ရာနေ၇ာ ကို ရွှေ့ပြောင်းနိုင်  ပါတယ်။
အခြား Tool တစ်ခုခု သုံးနေရင်း နဲ့ Ctrl Key ကို ဖိထားရင် Move Tool အဖြစ်ကို ခဏပြောင်း သွား မှာ ဖြစ်ပြီး Move Tool ရဲ့ လုပ်ဆောင်ချက်တွေ အားလုံး ကို လုပ်ဆောင်နိုင် မှာ ဖြစ်ပါတယ်။

နောက် တစ်ဆင့် Photoshop အခြေခံလေ့ ကျင့်ခန်းတွေ ကို ပျော်ရွှင် စွာ နဲ့ ဆက် လက်လေ့ လာ ကြ မယ်..

No comments:

Post a Comment