Tuesday, October 21, 2014

တီးလုံး အတိုင်း ကွက်တိ ရင်သား လှုပ်ပြနိုင် တဲ့ မော်ဒယ် Sara X





အရင်တုန်း က သီချင်း သံစဉ်တွေ အတိုင်း မျက်ခုံး ပင့်ပြတာ၊ နှာခေါင်း လှုပ်ပြတာ မျိုးတွေ သင်တွေ့ဖူး၊ ကြည့်ဖူး မှာပါ။ ဒီ တစ်ခေါက်တော့ အရင် အခါတွေ နဲ့ ကွဲပြားခြားနား တဲ့ အနေ အထားတစ်ခု ကို သင်မြင်တွေ့ရပါလိမ့်မယ်။ 

Sara X လို့ ခေါ်တဲ့ မော်ဒယ် တစ်ယောက် က သူ့ ရင်သားတွေ ကို Mozart ရဲ့ Eine Kleine Nachtmusik သံစဉ် အတိုင်း ကွက်တိ ကို ဘယ်ညာ၊ အပေါ်အောက် လှုပ်ပြ သွားနိုင်ခဲ့တာပါ။
 
ဒါဟာ တကယ်ရော ဟုတ်ရဲ့လား လို့ သင် ထင်ပါလိမ့်မယ်။ ပါးစပ် အဟောင်း သားနဲ့ မဖြစ်နိုင် ဘူး လို့လည်း သင်ရေ ရွတ်နိုင်ကောင်း ရေရွတ်နိုင် ပါတယ်။ ဒါပေမယ့် ဒါဟာ တကယ့်ဖြစ်ရပ် မှန်ပါပဲ။ 


လှုပ်ရှား ဖို့ ခက်ခဲတဲ့ ရင်သားတွေ ကို သံစဉ် နဲ့ ကွက်တိ လှုပ်ပြသွားနိုင်ခဲ့ တာမို့ ဒီဗီဒီယို နဲ့ ပတ်သက်ပြီး ထွက် လာခဲ့တဲ့ အငြင်း အခုန်တွေ ကို Sara X က “ရှင်တို့ပြော သလို ကျွန်မ ရင်သားတွေ က အတုတွေ ဆိုရင်တောင် ရှင်တို့ ကြည့်လိုက် ရတဲ့ ဗီဒီယို ကတော့ အစစ်ပါ။ 

ဘာ effect မှ သုံးမထား တဲ့ ဗီဒီယို အစစ်ပါ။ ကျွန်မ ရင်သားတွေ ကို ခွဲစိတ်ပြုပြင် ထားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ခွဲစိတ် ထားတဲ့ သူတိုင်း ရင်သား လှုပ်နိုင်ကြလို့လား ဆိုတာ ပြန် စဉ်းစားကြည့်ပါဦး။ 

ကျွန်မ ကတော့ ကျွန်မ ဗိုက်သားတွေ ကို နည်းနည်းလေး ကစားပေး လိုက်တာနဲ့ ရင်သားတွေ ကို လိုသလို ဘယ်ညာ၊ အပေါ်အောက် လှုပ်ရှားနိုင်စွမ်း ရှိပါတယ်”လို့ ဆိုသွား ပါတယ်။
 
ဒါ့ကြောင့် လည်း ထူးဆန်းတဲ့ လုပ်ရပ်၊ လုပ်နိုင် စွမ်းအားတွေ ကို ဆုပေးလေ့ ရှိတဲ့ NSFW talent ရှိုး မှာ သူမ က အနိုင် ရသွားခဲ့ တာပေါ့။ ကဲ ဟုတ် မဟုတ် သိရအောင် ဗီဒီိယိုလေး တစ်ချက်ကြည့်လိုက် ပါဦး။




From...Latest Myanmar News

No comments:

Post a Comment