Thursday, October 16, 2014

လေယာဉ် ကိုယ်ထည် ကို လူ၏ အရေပြားနှင့် တူသော Smart Skin နည်း ပညာဖြင့် တီထွင် ပြုလုပ်တော့မည်

လေယာဉ် ကိုယ်ထည်ကို လူ၏ အရေပြားနှင့် တူသော Smart Skin နည်းပညာဖြင့် တီထွင် ပြုလုပ်တော့မည် 
 
 
ဗြိတိန် ကျွမ်းကျင် သူများ က ထိခိုက် ပျက်စီး မှုမှန် သမျှ ဖော်ထုတ် သိရှိနိုင်သော လူ၏ အရေ ပြားနှင့် တူ သည့် Smart Skin နည်း ပညာဖြင့် လေယာဉ် ကိုယ် ထည် ကို တီထွင် ပြု လုပ်တော့ မည်ဖြစ်ကြောင်း သိရသည်။ 

BAE System ၏ Advanced Tech-nology Center မှ အင်ဂျင်နီယာ များသည် အသေးစား အာရုံခံ ကိရိယာ များ သောင်းနှင့်ချီ ၍ မြှုပ် ထားသော Smart Skin နည်း ပညာကို စမ်းသပ် တီထွင်လျက် ရှိသည်။ 

အဆိုပါ အာရုံခံ ကိရိယာ များက လေယာဉ် ၏ ကိုယ်ထည် ကို ဖုံးအုပ် ထားသောကြောင့် လေယာဉ် ၏ ခံနိုင်ရည် အပူချိန် သို့မဟုတ် ထိခိုက် ပျက်စီးမှု များ ကို စောင့်ကြည့် ကာ ဖော်ထုတ် သတင်း ပို့နိုင်မည် ဖြစ်သည်။ လူနှင့် တိရစ္ဆာန် များတွင် အရေပြား ၏ အလုပ် လုပ်သည့် ပုံစံဖြစ်သည်။
 
 
၎င်း Smart Skin သည် လေယာဉ် ၏ လေတိုက်နှုန်း၊ အပူချိန်၊ ရုပ်ပိုင်းတောင့် တင်းမှုနှင့် လှုပ်ရှား မှု တို့ကို စစ်ဆေး တိုင်းတာ ပေးနိုင်သည့် အပြင် လက်ရှိ အာရုံခံ ကိရိယာထက်  ပို၍ အာရုံခံ သိရှိနိုင် မည် ဖြစ်သည်။ 

Smart Skin နည်းပညာသ ည် လေယာဉ်၏  ကြံ့ခိုင်ရေးကို  အစဉ် စောင့် ကြည့်နိုင်ပြီး ဖြစ်နိုင်ခြေ ရှိသော ပြဿ     နာ တစ် စုံ တစ်ရာ မဖြစ်ပေါ် မီ ကပင် ကြိုတင် ၍ သတင်း ပို့ပေး နိုင် သည်။

လွန်ခဲ့သော နှစ်ပေါင်း ၆ဝ က စ၍ သိပ္ပံ ပညာရှင် များသည် လေယာဉ် ၏ ကြံ့ခိုင် ဘေးကင်းမှု စွမ်းရည် ကို ပိုကောင်းလာ စေရန် ရည်မှန်းချက် ထား၍ လုပ်ဆောင် ခဲ့သည်။ လေယာဉ် ကိုယ်ထည် တွင် Smart Skin နည်း ပညာကို အသုံးပြု လျှင် ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ရခြင်း အကြိမ် အရေ အတွက်ကို လျှော့ချ ပေးနိုင်မည် ဖြစ်သည့် အပြင် သတ်မှတ် ချိန်တွင် လေယာဉ် ကိုယ်ထည် ပစ္စည်း များကို အချိန်မှန် လဲလှယ်ပေး နေရခြင်း များပါ လျှော့ ချပေး နိုင် မည် ဖြစ်သည်။ 

ထို့အပြင် လေယာဉ် ပြုပြင် ထိန်းသိမ်းရေး စွမ်းရည် ကို တိုးမြှင့် ပေးနိုင်သည့် အပြင် လေ 
ယာဉ် ဘေးကင်း မှု ရှိစေရန် ပြုလုပ် ပေးနိုင်မည် ဖြစ်သည်။

သေးငယ်သော အာရုံခံ ကိရိယာ သေးသေးလေး များ စုပေါင်း အသုံးပြုသော Smart Skin  သည် လူ ၏ အရေပြား မှ အချက်ပြကာ ဦးနှောက် သို့ ပို့ပေးသည့် နည်းလမ်း မျိုးဖြင့် ဆက် သွယ် သတင်း ပေးပို့နိုင်သည်။ 

အာရုံခံ ကိရိယာ များသည် အလွန် သေးငယ် သဖြင့် လေယာဉ် ကိုယ် ထည် တစ်ခုလုံး ကို ဆေး မှုတ် ထား သကဲ့သို့ ဖြစ်နေကြောင်း သိ ရသည်။ သုတေသနနှင့် ဖွံ့ဖြိုးရေးကို ဦးဆောင်သော အကြီး တန်း သုတေသီ သိပ္ပံပညာရှင် လစ်ဒီယာဟိုဒ် သည် အာရုံ ခံ ကိရိ ယာလေး များ အပူလွန် ကဲမှု မရှိစေရန် အခြောက်ခံ ကိရိယာကို အသုံးပြု ထားကြောင်း ပြောကြား ခဲ့သည်။ 

ဤ နည်းပညာကို တိုက်ခိုက်ရေး တင့်ကား များ၌ သာမက မော်တော်ကား များနှင့် သင်္ဘော များ၌ လည်း အသုံးချ နိုင်ကြောင်း သိရသည်။

 ထို့ကြောင့် လေယာဉ် ၏ ကြံ့ခိုင်မှု စွမ်းရည် ကို ပိုမိုကောင်းမွန် လာစေသော Smart Skin ကို အနာဂတ် ကာလ တွင် အခြား တီထွင် မှု နေရာ များ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လာတော့ မည် ဖြစ်ကြောင်း စာဖတ် သူများ နည်းပညာ တိုးတက်မှု များကို သိရှိနိုင်စေရန် ရေးသား လိုက် ရပါ သည်။   


 Written by 
From...Myawady

No comments:

Post a Comment