Saturday, November 1, 2014

သမ္မတ အိမ်တော် မှ သမိုင်းဝင် နှစ်နာရီကျော်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ-မြဝတီ)

သမ္မတ အိမ်တော်တွင် ပြု လုပ် သည့် သမိုင်းဝင် ထိပ်သီးခေါင်းဆောင် များတွေ့ဆုံပွဲ သို့ ပထမ ဆုံးရောက်လာသူ မှာ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့ဖြစ်သည်။

ဆွေးနွေးပွဲ ကို နံနက် ၉ နာရီ ခွဲတွင် ပြုလုပ် ရန် စီစဉ် ထားရာ ၉ နာရီ ၁၅ မိနစ်မှာ ပင် ဆွေးနွေး ပွဲ လုပ်မည့် ငုရွှေဝါ ခန်းမသို့ ၎င်းတို့ နှစ်ဦးရောက် ရှိနေခြင်းဖြစ်သည်။
ထို့နောက် ၅ မိနစ်ခန့် အကြာ တွင် သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယ သမ္မတနှစ်ဦးတို့ အတူတကွ လမ်း လျှောက်ရောက်လာသည်။

သမ္မတနှင့် ဒုသမ္မတ နှစ်ဦး အား ကြိုတင်ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် ဒုတိယ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် က ဆင်ဝင် အောက်နေရာမှ အလေးပြုကြို ဆိုကြသည်။ ထို့နောက် သမ္မတနှင့် အတူ ဆွေးနွေးပွဲ လုပ်မည့် အခန်းသို့ သွားရောက် ခဲ့ကြ သည်။ 

ထို့ နောက် တစည ပါတီခေါင်းဆောင် ဦးသိန်းထွန်း၊ ပြည်ခိုင်ဖြိုး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦး တင်အေး တို့ရောက်ရှိလာသည်။ ၎င်းတို့ကို သမ္မတ ဦးသိန်းစိန် ကကြိုဆိုနှုတ်ဆက် သည်။ ထို့နောက် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးရောက်ရှိ လာခဲ့ သည်။ သူ့ပုံမှာ တက်ကြွသည့်ဟန် ပန်ကို မတွေ့ရပေ။



ပြည်ထောင်စုလွှတ်တော် နာယက  သူရဦးရွှေမန်းရောက် လာချိန်တွင် ၎င်းက သမ္မတကြီး အား အစ်ကိုကြီး ဟု ခေါ်ဝေါ်ကာဖော် ဖော်ရွေရွေနှုတ်ဆက် သည်။ သို့သော် သမ္မတဦးသိန်းစိန် က ရှေ့မှ ပုဂ္ဂိုလ်များ ကဲ့သို့ ပုံမှန် အနေအ ထားဖြင့် သာ ပြန်လည်နှုတ်ဆက် ခဲ့သည်။


အစည်းအဝေး သို့ နောက် ဆုံးရောက်လာ သူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ဖြစ်သည်။ သမ္မတကြီးနှင့် နှုတ်ဆက် သည့် အခါတွင်မူ သူမ၏ မျက်လုံး များ က သမ္မတ ၏ မျက်နှာကို သေသေချာချာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ 

သမ္မတကြီး က လက်ဆွဲနှုတ်ဆက်ပြီးနောက် အခြား ခေါင်းဆောင်များ ကဲ့သို့ ဆွေးနွေးမည့် အခန်းဝင်ပေါက် ကို ညွှန်မပြဘဲ တံခါးပေါက်ရောက်သည့် အထိ ကိုယ်တိုင် လိုက်ပို့ပေးသည်။
ဆွေးနွေးပွဲခန်းမ သို့ မသွား မီ ယာယီ စုဝေးသော ခန်းမ အတွင်း တစ်ယောက်နှင့် တစ်ယောက် အပြန် အလှန်နှုတ်ဆက်နေ သည် ကိုတွေ့နေရသည်။ 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ် အောင်ဆန်းစုကြည် တို့သည် ထိုနေရာတွင် ပထမဆုံးတွေ့ဆုံခဲ့ကြပြီး သမိုင်းဝင်နှုတ်ဆက် ခဲ့ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ရှမ်း တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ထံ သွားရောက်နှုတ် ဆက် သည် ကိုတွေ့လိုက်ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ် တို့ လက်ဆွဲနှုတ်ဆက်နေ သည့် ပုံမှာ ဆိုရှယ် မီဒီယာ များပေါ် ရောက်ရှိ ခဲ့ပြီး မိနစ်ပိုင်း အတွင်း ပျံ့နှံ့ သွားခဲ့သည်။ ယနေ့ဆွေးနွေး ပွဲတွင် လူ စိတ်ဝင် စားမှု အများဆုံး ဖြစ်ခဲ့သည့် ဓာတ်ပုံ လည်းဖြစ်ခဲ့ သည်။

 ဆွေးနွေးပွဲ မတိုင်မီ မှတ် တမ်း ဓာတ်ပုံ ရိုက်ကူးပြီး ဆွေးနွေး ပွဲကို  နံနက် ၉ နာရီ ၃၀ မိနစ် တွင် စတင်ခဲ့သည်။ ဆွေးနွေးပွဲ ပုံစံမှာ စက်ဝိုင်းပုံ သဏ္ဌာန်ဖြစ်ပြီး နိုင်ငံတော် သမ္မတ နှင့် ဒုသမ္မတနှစ်ဦး မှာ ထိပ်ဆုံး မှ ထိုင်ခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည် ၏ ညာဘက် တွင် အမျိုး သားလွှတ်တော် ဥက္ကဋ္ဌ ဦးခင် အောင်မြင့် ကနေရာယူပြီး လက်ဝဲ ဘက်တွင် ပြည်ခိုင်ဖြိုး ပါတီ ဒုတိ ယဥက္ကဋ္ဌ ကနေရာ ယူသည်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မျက်နှာချင်းဆိုင် အနေအထား ဖြစ်နေသည်။
ထို့နောက်ဆွေးနွေးပွဲ ကို ၉ နာရီ ၃၅ မိနစ်တွင် စတင်ပြီး ဆွေး နွေးပွဲ စတင်သည်နှင့် မီဒီယာ သမားများ  အပြင် ထွက်ပေးရန် နိုင်ငံတော် သမ္မတ ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေး ရန် တောင်းဆို ခဲ့သည်မှာ တစ်နှစ်ကျော် ခဲ့ပြီဖြစ်သည်။ လေး ပွင့်ဆိုင် မဟုတ်ဘဲ တစ်နှစ်ကျော် ကြာမှ သာ အင်အားစု ငါးစု မှ ခေါင်းဆောင် ၁၄ ဦး အား ၁၀ မိနစ်ခန့် စီဆွေးနွေးရန် အောက်တို ဘာ ၃၁ ရက် တွင် ပြုလုပ်ခဲ့သည်။ ထို အချိန်သည် သမ္မတ အိုဘားမားမြန်မာနိုင်ငံသို့ လာရန် ၁၂ ရက်သာ လိုတော့သည့် အချိန်ဖြစ် သည်။ 

ထို့ကြောင့်လည်း ယခု တွေ့ဆုံမှု ကို မြန်မာ့နိုင်ငံရေး တွင် အရေးပါ သည့် တွေ့ဆုံဆွေးနွေးမှု မဟုတ်ဘဲ ဟန်ပြ သက်သက်ဖြစ်သည် ဟု ဆွေးနွေးပွဲ မစမီ ကပင် ဝေဖန်သံများ ထွက်လာ ခဲ့သည်။

‘‘အစိုးရ က တမင် ပုံပြချင် လို့ ပဲ ကျင်းပတယ် လို့မြင်ပါတယ်။ အိုဘားမားရောက်လာတော့ မယ် လေ’’ဟု ရှမ်းတိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သော RCSS/SSA မှ ပြောရေး ဆိုခွ င့်ရှိ သူ ဗိုလ်မှူးကြီး စိုင်းလှ က သုံးသပ် သည်။

ထို့ကြောင့် ယခုတွေ့ဆုံဆွေးနွေးရေး မှာ ထူးခြားသည့် ရလဒ်မျိုး မထွက်လာနိုင် ဟု နိုင်ငံရေး လေ့ လာသူ များက သုံးသပ်ကြ သည်။ အပြု သဘောရှုမြင်သော နိုင်ငံရေးလေ့ လာသူ များက ပထ မဆုံးဆွေးနွေးပွဲဖြစ် ၍ တစ်ကြိမ် တည်းဖြင့် ရလဒ် ကောင်းရန် မလွယ်ဘဲ ထိုသို့တွေ့ဆုံဆွေးနွေး မှု များပြုလုပ်လျှင် တိုင်းပြည် အတွက်ကောင်းမည် ဟု သုံးသပ်ကြသည်။

‘‘ထူးမခြားနား ပါပဲ။ Open-ing လုပ်ပြ တာပေါ့။ နိုင်ငံတကာ ကို အစိုးရ က ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တိုးတက် လုပ်ဆောင်နေကြောင်းပြောလို့ ရတဲ့အခြေ အနေ တစ်ခုကို ဖန်တီးယူ လိုက်တာပေါ့’’ဟုနိုင်ငံရေးဆောင်းပါး များရေးသားသူ ဦးထင်လင်းဦး က ဆိုသည်။ သမ္မတ ၏ပြောရေးဆိုခွင့် ရှိ သူ ဦးရဲထွဋ် ကမူ ထိုအချက် ကို လက်မခံပေ။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ အစီ ရင်ခံစာ ထွက်လာသည့် အချိန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတော် အသင့်ခိုင်မာနေချိန် တွင်ပြုလုပ်ခြင်းဖြစ် သဖြင့် မည်သူ့ ခရီးစဉ်နှင့် မျှ မသက်ဆိုင်ကြောင်း  ဦးရဲ ထွဋ်က တုံ့ပြန်သည်။
 
သို့သော် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်ဒေါ်အောင် ဆန်းစုကြည် တို့  လက်ဆွဲနှုတ် ဆက်နေပုံ ကို မြင်ရသူ တပ်မတော် သားများ က သဘောကျနှစ်သက် ကြသည်။

‘‘ကျွန်တော့် အမြင် ကတော့ ကောင်းတဲ့ အလားအလာ လို့ပဲ မြင် မိရုံပါ။ နောက် ဒုချုပ် ပါ ပါလာ တယ် ဆိုတာ့ ၂၀၁၅နောက်ပိုင်း အ တွက်ပါ မျှော်မှန်း ထားပြီး ဒီပွဲက တစ်ဆင့်ရှေ့ဆက် လုပ်သွားကြ မှာတွေ ရှိနိုင်တယ်။ တပ် အနေ နဲ့ ဒီ ပွဲကို အလေး အနက်ထားတယ် လို့ တော့ ယူဆ ပါတယ်’’ဟု လက်ရှိ တပ်မတော်တွင် ဗိုလ်မှူး အဆင့် တာဝန် ထမ်းဆောင်နေသူ တစ်ဦး ကသုံးသပ်သည်။

တပ်မတော် ကာကွယ်ရေးဦး စီးချုပ်နှင့် ပထမဆုံးတွေ့ခွင့် ရ သော ဒေါ်အောင်ဆန်းစုကြည် အ နေဖြင့် လည်း သူမ အနေဖြင့် တပ်မတော်နှင့် အမြင်မတူမှု များရှိ သော်လည်း တပ်မတော် ကို ချစ်သည့် အကြောင်းဆွေးနွေးပွဲ တွင်ပြောခဲ့သည်ဟု သတင်းရရှိသည်။

တပ်မတော် ကာကွယ်ရေးဦး စီးချုပ် ကမူ တစ်ဖက် ကလည်းနိုင် ငံရေး အမြင် ကွဲပြားမှုတွေ ကိုလက်နက်ကိုင်နည်းလမ်း အားဖြင့် ဖိ အားပေး၊ အသာစီး ရယူဖို့ ကြိုး ပမ်းခြင်း သည် နိုင်ငံတော် ၏ တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု များ ကို ထိခိုက်စေကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး ကို ဖော်ဆောင်ဖို့ လို ကြောင်းပြောခဲ့သည်။

၂နာရီကျော်ကြာတွေ့ဆုံ ဆွေးနွေးပွဲ တွင် တစ်ဦးလျှင် ၁၀ မိနစ် စီပြော ဆိုဆွေးနွေးခွင့် ရပြီး ဖွဲ့ စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး ကိစ္စများဆွေးနွေး ခဲ့ကြသည်။ သို့သော် ဆွေးနွေးပွဲ တွင် တိ တိကျကျ ဘုံသဘော တူညီချက် မ ရရှိခဲ့ပေ။ ဘုံသဘော တူညီချက် ကို အကောင် အထည်ဖော် ရန် အ တွက် ကောင်းမွန်သော နည်းလမ်း ရရန် အထောက် အကူ သာဖြစ်ခဲ့ သည်ဟု သမ္မတပြောရေးဆိုခွင့် ရှိ သူဦးရဲထွဋ် ကပြောသည်။

၁၁ နာရီ ၄၅မိနစ် တွင် ဆွေးနွေးပွဲ ပြီးဆုံးပြီး ထမင်းစားခန်း သို့ လမ်းလျှောက် ရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည် တို့ စကားပြောရင်း အတူသွား ခဲ့ကြသည်ကိုတွေ့ရသည်။ ထမင်း  စားပွဲပြင်ထား သည့် ပုံသဏ္ဌာန်မှာ ယူပုံ သဏ္ဌာန်ဖြစ် နေ ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ ကွယ်ရေး ဦးစီးချုပ်တို့က မျက်နှာချင်းဆိုင်ထိုင်သည်။

 ဒေါ်အောင်ဆန်းစုကြည်ဘေး တွင် ဦးခင်အောင်မြင့်နှင့် ဦးဌေးဦး တို့ ထိုင်ကြပြီး ထမင်းစား ရင်းနှစ်နှစ် ခြိုက်ခြိုက် ရယ်မောစကားပြော ဆို ကာ မြန်မာ အစား အစာများ စားသုံးခဲ့သည်။ ထမင်းစား ၀ိုင်း အပြီး တွင် သမ္မတ က တက်ရောက်လာ သူများကို တံခါးပေါက်ဝ တွင် နှုတ်ဆက် ရင်း သမိုင်းဝင်တွေ့ဆုံမှုပြီးဆုံး ခဲ့သည်။




 အောင်သူရ
From...7Day Daily


No comments:

Post a Comment