Monday, November 10, 2014

ဗြိတိန် တွင် ပထမဆုံး အဖြစ် အမျိုးသမီးတစ်ဦး ပင့်ကူ ကိုက်၍ ကွယ်လွန်

ဗြိတိန် နိုင်ငံတွင် ပထမဆုံး အဖြစ် အမျိုးသမီး တစ်ဦး သည် အဆိပ်ပြင်း ပင့်ကူ ကိုက်ခံရ၍ သေဆုံးကြောင်း မေးလ် အွန်လိုင်း တွင် နိုဝင်ဘာ ၈ ရက် က ဖော်ပြ သည်။


CMNE51 FALSE WIDOW SPIDER
 အဘွားပတ်အား ကိုက်ခဲ့သည့် False Widow Spider မျိုးနွယ်တူ ပင့်ကူ တစ်ကောင်။ ဓာတ်ပုံ – Daily Mail


သေဆုံးသူ အမျိုးသမီး သည် အသက် ၉၀ အရွယ် ပတ်ဂေါ့ ဆိုသူ ဖြစ်ပြီး ပင့်ကူ က ၎င်း၏ လက်ချောင်း ကို ကိုက်မိပြီး နာမကျန်း စဖြစ်ကြောင်း မိသားစုဝင် များ က ပြောသည်။ 

ပင့်ကူ အဆိပ်ကြောင့် ရောဂါ သည်းလာရာ အဘွားအို ပတ် ၏ လက်ချောင်း ကို ဖြတ်ပစ် ခဲ့ရသည်။ သို့ သော်လည်း မသက်သာ ဘဲ နိုဝင်ဘာ ၇ ရက် တွင် ဆေးရုံပေါ် ၌ ကွယ်လွန် သွားခဲ့သည်။


ဆေးရုံက မူ ပတ်သေဆုံးမှု သည် ပင့်ကူ အကိုက် ခံရ၍ သေဆုံးခြင်း ဟုတ် မဟုတ် ကို စုံစမ်းနေကြောင်း၊ ပင့်ကူ ဆိပ် ကြောင့်သာ သေဆုံးရိုး မှန်ခဲ့ ပါက ပင့်ကူ ကိုက် ခံရ ၍ ကုသ ပေးရသော လူနာ များတွင် ပတ်သည် ပထမဆုံး အသက် ဆုံးရှုံးသည့် လူနာ ဖြစ်ကြောင်း ပြောသည်။

အဘွားပတ် အား ကိုက်သည့် ပင့်ကူ အမျိုးအစား သည် false widow spider မျိုးဖြစ်ပြီး နာမည်ကြီး လူသိ များသည့်  black widow spider  မျိုးနွယ်ဝင် ဖြစ်သည်။ 

ယင်း ပင့်ကူမျိုး ကိုက်ခံ ဖူးသူ တစ်ချို့  သည် မူးမေ့ လဲကျ သည် အထိ ဖြစ်သော်လည်း လက်ရှိ အချိန်ထိ သေဆုံးသည့် သတင်း မကြား ရသေးပေ။

ယင်း ပင့်ကူသည် အရွယ် အစား အားဖြင့် ဆယ်ပြားစေ့ ခန့် ရှိသည်။ ရာသီဥတု ကူးပြောင်းချိန် ဆောင်းဦး ရာသီတွင် လူနေအိမ် များ၌ ခိုအောင်း လာတတ် သည် ကို ယေဘုယျ တွေ့ ရတတ် သည့် ပင့်ကူမျိုး ဖြစ်သည်။



Ref: Daily Mail
mizzima
From...Myanmar Latest News   
 http://www.searchmyanmar.com/link/frame/cid/43349

No comments:

Post a Comment