Tuesday, November 18, 2014

မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေး မှာ အိုဘားမား ဘာကြောင့် သြဇာ အရှိန်အဝါ မရှိသလဲ


10806320_874982285854026_820538886703070400_n

အမေရိကန် သမ္မတ ဘာရက်အိုဘားမား ဟာ မြန်မာနိုင်ငံ ကို ဗုဒ္ဓဟူးနေ့ကရောက် ရှိခဲ့ပါတယ် ။ မြန်မာနိုင်ငံ မှာ မျက်မှောက်ကာလ မှာတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမျှော်လင့်ချက် ဟာ လွန် ခဲ့တဲ့နှစ်နှစ်က အိုဘားမားမြန်မာနိုင်ငံ ကို လာရောက် လည်ပတ်ခဲ့စဉ်က ထက် များစွာ အရောင်မှိန်ဖျော့သွား ခဲ့ပါတယ်။ 

စစ်အာဏာရှင် စနစ်က ဒီမိုကရေစီ လမ်းစဉ် ကိုလျှောက်လှမ်းနေတဲ့မြန်မာနိုင်ငံ မှာ လူ့အခွင့်အရေး ချိုးဖောက်မှုပြဿ     နာတွေ ရှိနေဆဲဖြစ် သလို ပြုပြင်ပြောင်း လဲရေးဖြစ်စဉ်က နှေးကွေးနေတာ ကို လည်း မြင်တွေ့ ခဲ့ ရပါတယ်။

၂ဝ၁ဝပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည်နေ အိမ် အကျယ်ချု ပ်က လွတ်မြောက်မှုကြောင့် မြန်မာနိုင်ငံ ရဲ့ပြုပြင်ပြောင်းလဲရေးမျှော်လင့်ချက် များနဲ့ ရွေးကောက် ပွဲက မွေးထုတ်ပေး လိုက်တဲ့ မြန်မာနိုင်ငံ လွှတ်တော် ဟာ လူ့ အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာတွေအောက် မှာ မှေးမှိန် ခဲ့ရပါတယ်။


 
ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ကလည်း မြန်မာ အစိုးရရဲ့ အစောပိုင်းပြုပြင်ပြောင်း လဲရေး ကတိ ကဝတ်တွေ အပေါ်မှာ အနောက်နိုင်ငံတွေ ရဲ့အကောင်းမြင် မှု ကို လတ်တလောမေးခွန်း ထုတ်ခဲ့ပါ တယ်။
မြန်မာနိုင်ငံ ဟာ အိုဘားမား ရဲ့ နိုင်ငံခြားရေး ပေါ်လစီ အတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ် ပေ မယ့် ယခု သီတင်းပတ် အတွင်း မြန်မာနိုင်ငံ ရဲ့ အား နည်း လိုအပ်ချက်တွေ ကို သင့်တင့် မျှတတဲ့ အတည်ပြု ပြောဆို မှုတွေပြုလုပ်ခဲ့ပါတယ်။

 အိုဘားမားမြန်မာနိုင်ငံ ကို ဒုတိယ အကြိမ်ရောက်ရှိ လာမှုနဲ့ တိုက်ဆိုင်စွာ ပဲ ဧရာ ဝတီ မဂ္ဂဇင်း ကဖော်ပြ ခဲ့တဲ့ အိုဘားမားနဲ့ အင်တာဗျူး; မှာ သမ္မတအိုဘားမား က နိုင်ငံရေး အကျဉ်းသား၊ ဂျာနယ် လစ်၊ ရိုဟင်ဂျာနဲ့ အခြား တိုင်းရင်းသားလူမျိုးစုတွေ  အ ပေါ်မှာ ပြုမူ ဆက်ဆံမှုတွေ အပါအဝင် မြန်မာနိုင်ငံ ရဲ့ပြု ပြင်ပြောင်း လဲရေးနောက်ပြန်လှည့် မှု ခြေလှမ်းတွေ ကို သိမြင်မှု ရှိတဲ့အကြောင်း ဖြေကြား ခဲ့ပါတယ်။

ဒါပေမဲ့ အိုဘားမား ရဲ့သုံးသပ်ချက်တွေ ဟာ လက်တွေ့အခြေအနေတွေ အပေါ် ဘယ်လောက်များ များ သက်ရောက်မှု ရှိစေခဲ့ ပါသလဲ။ လူ့အခွင့် အရေးလေ့ လာစောင့်ကြည့်သူတွေ ကတော့ များများ စားစား မရှိဘူး လို့ဆိုပါတယ်။ 

လူ့ အခွင့်အရေးလေ့လာစောင့်ကြည့်သူ တွေ က လွန်ခဲ့တဲ့နှစ်နှစ် က မြန်မာနိုင်ငံ အပေါ် တားမြစ် အရေးယူ ထားတဲ့ ဆန်ရှင်း တွေကို ဖြေလျှော့ပေးလိုက် က တည်းက အမေရိကန် ဟာ ၄င်းတို့ရဲ့ ဖိအားပေးနိုင်တဲ့ သြဇာ သက်ရောက်မှု အရှိန်အဝါ များစွာ ကို စွန့်ပစ် ခဲ့တယ် လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာလေ့လာစောင့်ကြည့် ရေး အဖွဲ့ (HRW ) ရဲ့ စီနီယာ သုတေသီ ဒေးဗစ်မက်သီ ဆန် က ပြုပြင်ပြောင်းလဲရေး အတွက် အလွန် အရေး ပါတဲ့ ဆန်ရှင်တွေ ကို အမေရိကန် က အလွယ်တကူ လျင်မြန် စွာ ပလပ်ပေး ခဲ့တဲ့အကြောင်း ယခင်ကတည်း က လူတိုင်း ကို ပြောခဲ့ပြီးသား လို့ ဆိုပါတယ်။ 

မက်သီဆန် က မြန်မာ နိုင်ငံ ရဲ့ပြုပြင်ပြောင်းလဲရေး စတင်တဲ့ အချိန်မှာ အရေးကြီး လိုအပ်တဲ့ ဆန်းရှင်း တွေ ကို အလွယ် တကူဖြေလျှော့ပေး လိုက်ခြင်း ဟာ အမေရိကန် အနေနဲ့ ဖိအားပေးနိုင် တဲ့ သြဇာ အရှိန်အဝါကို ပစ်ပယ် လိုက်ခြင်း ဖြစ်တယ် ဆိုတဲ့ အတွေးအမြင် က ရန်ကုန်မြို့မှာ ရှိနေတဲ့ NGO အလုပ် သမားတွေနဲ့ အမေရိကန် အစိုးရ အဖွဲ့အရာရှိတွေ မှာ ရှိ ကြတယ်လို့ ဆိုပါတယ်။

ယခင် ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် ဟာ ပြုပြင်ပြောင်းလဲ လိုတဲ့ သဘောထား အ မြင်တွေ ရှိနေပေမယ့် တိုင်းပြည် ရဲ့လုပ်ပိုင်ခွင့် အာဏာ ကိုစွန့်လွှတ် ဖို့ ငြင်းဆန်နေဆဲဖြစ်ပါတယ်။

မြန်မာ တပ်မတော်ဟာ လွှတ်တော်မှာ အမတ်အရေ အတွက် ၂၅ ရာခိုင်နှုန်း ကို ဆက်လက် ထိန်းချုပ် ဆုပ်ကိုင် ထားဆဲဖြစ် ပါတယ်။ နောက်ပြီး တပ်မတော် က အာဏာကို ဆုပ်ကိုင် ထားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သမ္မတရွေးကောက်ပွဲ ဝင် ရောက်ယှဉ်ပြိုင်သူ အပေါ်မှာ တင်းကျပ်မှုတွေပြုလုပ် ထားခြင်း ကလည်း မြန်မာနိုင်ငံ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲ မှာ တည်ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမေရိကန် ဥပဒေရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဂျနီဖာကိုင်ဂလီ က မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေ ခံပြုပြင်ရေး လိုအပ်ချက်ဟာ မြန်မာနိုင်ငံပြုပြင်ပြောင်း လဲရေး အတွက် များစွာ ခက်ခဲစေ ခဲ့ပြီး မိမိတို့ အနေ နဲ့ ရှေ့ ဆက်ဆောင်ရွက်ရန် လိုအပ်တယ် လို့ ပြောကြားခဲ့ပါတယ်။ 

ကိုင်ဂလီ က စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ မဖယ် ရှားပေးခင် မြန်မာနိုင်ငံ အနေနဲ့ များစွာ တိုးတက်ပြောင်း လဲ သင့်တယ် လို့ မိမိတို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်မှု အခြေ အနေ တိုးတက်ဖို့ ဖြစ်တယ်လို့ ကိုင်လီ က ဆိုပါတယ်။ 

အခုချိန် မှာတော့ မြန်မာ တပ်မတော် က အခုလိုပြောင်း လဲမှုများ အတွက် သဘောတူညီဖို့ အရမ်းကို ခက်ခဲ သွား ပြီလို့ ကိုင်ဂလီ က ဆိုပါတယ်။

အမေရိကန်၊ အီးယူ၊ သြစ တြေးလျနဲ့ အခြားနိုင်ငံတွေ က မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူ ထားတဲ့ ဆန်ရှင်တွေ  ကို ဖြေလျှော့ပေးလိုက်ချိန် ကတည်း က မြန်မာနိုင်ငံ အနောက် ပိုင်း ရခိုင်ပြည်နယ်က လူ့ အခွင့် အရေးချိုး ဖောက်မှုပြ ဿ        နာတွေက တစ်စတစ်စမြင့်တက် လာခဲ့ပါတယ်။ 

အ ခြား တစ်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု ကတိ ကဝတ်တွေ က လည်း ထင် သလောက် ခရီးပေါက်မှု မရှိခဲ့ပါဘူး။

အမေရိကန် အစိုးရ ကလည်း ဆန်ရှင်တွေ ဖယ်ရှားပေးလိုက်ချိန် မှာ အခုပြဿ       နာတွေကို ပြည့်ပြည့် ဝဝဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး ဆိုတာ သိရှိခဲ့ပါတယ်။ ဒါပေမဲ့ ကာလတာရှည် တံခါးပိတ် ထားတဲ့နိုင်ငံ တစ်နိုင်ငံ မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ် ဖို့ ဇောကပ်နေကြတဲ့ ကုမ္ပဏီတွေ ရဲ့ ဖိအားကြောင့် အခုလို ဆန်ရှင်တွေ ကို ဖြေလျှော့ပေး ခဲ့ခြင်းဖြစ်တယ် လို့ မက်သီဆန် က ဆိုပါတယ်။

အီးယူ အနေ နဲ့ ပြီးခဲ့တဲ့နှစ် က မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု လမ်းကြောင်းတွေ ကို ပြန်လည် အသက် သွင်း ဆောင် ရွက် ခဲ့ပေမယ့် အမေရိကန် ကတော့ မြန်မာနိုင်ငံ ကို ဖိအားပေးသြဇာ သက်ရောက်ဖို့ အခြားလမ်း အနည်း ငယ်ကျန်ရှိနေဆဲဖြစ်ပါတယ်။ 

အမေရိကန် က အီးယူ လို မြန်မာနိုင်ငံ နဲ့ ကုန်သွယ်မှု လမ်းကြောင်းအားလုံးကို လမ်းဖောက်ခဲ့ခြင်း မရှိသေး ပါဘူး။ ကိုင်ဂလီ ရဲ့ဥပဒေရေးရာ အဖွဲ့ကလည်း မြန်မာ နိုင်ငံ က မြေယာပိုင်ဆိုင်မှု နဲ့ အလုပ်သမား အခွင့် အရေး ဥပဒေတွေ ကို အပြည့် အဝ ကာကွယ်မှု မပြုလုပ်နိုင်သေး သရွေ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အတားအဆီး မရှိ လမ်းဖွင့် မပေးသင့်ဘူး လို့ဆိုပါတယ်။ 

အမေရိကန် အနေ နဲ့ တစ်ဦးချင်း နဲ့ ကုမ္ပဏီတွေ အပေါ်မှာ ဆန်ရှင်ပြုလုပ် မှုတွေ ကိုတော့ ဆက်လက် ထိန်းသိမ်း ထားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ရဲ့ဆန်းရှင်း စာရင်းက ပုံမှန် စိစစ်မှု မရှိ လို့ ကွာဟမှုတွေ ရှိနေပေမယ့် အနည်းဆုံးတော့ အမေ ရိကန် က မြန်မာနိုင်ငံ ရဲ့ အချို့သော အဓိက ထိပ်တန်း ခေါင်းဆောင် ပိုင်းတွေ ကို လက်မခံနိုင် တဲ့ သဘော ကို ပြသနေပါတယ်။

အမေရိကန် နဲ့မြန်မာနိုင်ငံ တို့ရဲ့ စစ်ဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နဲ့ ပတ်သက်ပြီးတော့ မက်သီ ဆန် နဲ့ ကိုင်ဂလီ တို့က မြန်မာဗိုလ်ချုပ်တွေ အနေနဲ့ အစိုးရ အဖွဲ့ထဲ ပါဝင်နေမှု ကိုလျှော့ချခြင်း က နှစ်ဖက်နိုင်ငံ စစ် ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကို စတင်နိုင်ဖို့ မျှော်လင့်တယ် လို့ ဆိုပါတယ်။

ဆက်လက်ပြီး မက်သီဆန် က အမေရိကန် အစိုးရ အနေနဲ့ အီးယူ အပါအဝင် အခြားသောနိုင်ငံ တ ကာ အသိုင်း အဝိုင်းတွေနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ဘဏ် လို အ ဖွဲ့အစည်းဌာနတွေ ကို မြန်မာနိုင်ငံ လို ပရော ဂျက်တွေ ဆောင်ရွက်ခြင်း မပြုဖို့ ဖိအားပေးသင့်တယ် လို့ဆိုပါတယ်။ 

အခုလို ပရောဂျက်တွေ က မြန်မာနိုင်ငံ အတွင်း တိုင်းရင်း သား လက်နက် များနဲ့ စစ်ဖြစ်ပွားနေ တဲ့နေ ရာတွေ မှာ မ တည်ငြိမ်မှုတွေဖြစ်နေနိုင် သလို ပြုပြင်ပြောင်းလဲရေး ကို မလိုလားတဲ့ စစ်ဘက်ဆိုင် ရာခေါင်းဆောင်တွေ ကို လည်း အကျိုးအမြတ် ဖြစ်သွားစေနိုင်တယ် လို့ မက်သီဆန် က ဆိုပါတယ်။

နိုင်ငံတကာ က စီးပွားရေး ရင်းနှီးမြှုပ်နှံမှု  အခြေတကျ မတည်ရှိ တဲ့ မြန်မာနိုင်ငံ ကို ဒေါ်လာ ဘီလီယံ ပေါင်း များစွာ ရင်းနှီးမြှုပ်နှံ မှုပြုလုပ်ကြခြင်း နဲ့ မြန်မာနိုင်ငံ နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပြီး အကျိုးအမြတ် ရရှိ ဖို့ ဖန်တီးခြင်း တို့က နိုင်ငံရေးရာ ဖိအားပေးမှုတွေ ကို အားပျော့သွားစေတယ် လို့ မက်တီဆန် က ထောက်ပြ ပါတယ်။

မက်သီဆန် က မြန်မာနိုင်ငံပြုပြင်ပြောင်းလဲ ရေး အတွက် လိုအပ်တာ စနစ်တကျ  ပူးပေါင်းဆောင်ရွက် မှုနဲ့ ဖိအားပေးခြင်းဖြစ်ပြီး သမ္မတ အိုဘားမားသွားရောက် လည်ပတ်ခြင်း က မြန်မာနိုင်ငံကို ဖိအားပေးနိုင် တဲ့ သြဇာ မဟုတ်ဘူး လို့ဆိုပါတယ်။ 

အိုဘားမား မြန်မာနိုင်ငံ ကို လာရောက်ခြင်း က တစ်စုံတစ်ရာ အပြောင်းအလဲဖြစ် လာတယ် ထင်မြင်ရင် မှားယွင်းတဲ့ အယူအဆဖြစ်တယ် လို့ မက်သီဆန် ကဆိုပါတယ်။ မက်သီဆန် က အမှန် တကယ် လိုအပ် တာက ကာလရှည် ဆက်ဆံရေး သာဖြစ် တယ်လို့လည်း ဆိုပါတယ်။
 
မက်သီဆန် က မြန်မာနိုင်ငံ ကို ဆန်းရှင်း တွေ ဖြေလျှော့ပေးနေပေမယ့် ပြုပြင်ပြောင်းလဲရေး အခြေ အနေ က ဘောင်အပြင်ဘက် ကိုရောက်ရှိနေတယ် လို့ ဆိုပါတယ်။ မက်သီဆန် က ဆန်ရှင်တွေ ကို ဖြေလျှော့ပေး ပြီးမှ ပြန်လည် အရေးယူ ဆန်ရှင်ပြုလုပ်ဖို့ရာ အတော် လေးကို ခက်ခဲ သွားစေမှာဖြစ်ပြီး ဘယ်နိုင် ငံရေးပေါ်လ စီ မှာမှ အခုလိုပြုလုပ်လိမ့်မယ် မထင်ဘူးလို့ သူ့ရဲ့ထင်မြင် ချက်ကို ပြောကြား ခဲ့ပါတယ်။



( Foreign Policy ဂျာနယ်တွင် ဆောင်းပါးရှင် Justine Drennan ရေးသား သည့် Why obama has no leverage to salvage myanmar’s democratic turn ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန် ဆို ရေးသားခြင်းဖြစ် ပါသည်။ )



- စိုးမိုး (IN’D)
- Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၅)။
#TheFlowerNews

From...Search Myanmar  
 

No comments:

Post a Comment