Sunday, November 2, 2014

အိုဘားမား က ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေး

Photo - MSNBC

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ထံ ဖုန်းဆက်ပြီး မြန်မာ့နို င် ငံရေးနှင့် ပတ် သက်၍ ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

အိုဘားမား သည် အောက်တိုဘာ ၃၀ ရက် က သမ္မတ ဦးသိန်းစိန် ကို တယ်လီဖုန်းနှင့် ဆက် သွယ် စကားပြော ခဲ့ပြီး ရေတို ကာလ တစ်ခု အတွင်း အလုံးစုံ အပစ် အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိအောင် အစွမ်းကုန် ကြိုးစားရန် တိုက်တွန်းခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက် များတွင် အာဆီယံ အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံ သို့ ရောက်ရှိ လာမည့် အိုဘားမား က ရခိုင်ပြည်နယ် ရှိ ဘင်္ဂလီ လူမျိုးစု များ အတွက် လူမှုရေးနှင့် နိုင်ငံရေး ဆိုင်ရာ အခွင့်အလမ်း များ ပိုမိုထောက်ပံ့  ရရှိလာအောင် ဆောင် ရွက်ပေး ရန်လည်း တိုက်တွန်း တောင်းဆို ခဲ့ကြောင်း အိမ်ဖြူတော် ၏ ကြေညာချက် တွင် ဖော်ပြ ထားသည်။


အိုဘားမား သည် ဒီချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ထံသို့လည်း ဖုန်းဖြင့် ဆက်သွယ်ပြီး စကားပြော ခဲ့ကြောင်း အိမ်ဖြူတော် က ကြေညာသည်။ 

သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည်  လက်ရှိ မြန်မာ့ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲ မှု အခြေအနေ များနှင့် စပ်လျဉ်းပြီး ဆွေးနွေး ခဲ့သလို ၂၀၁၅ တွင် ကျင်းပ မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန် သမ္မတ က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံ ကို ဒီမိုကရေစီစနစ် ပိုမို ထွန်းကားလာအောင် အားထုတ် လုပ်ဆောင်နေမှု အပေါ် အသိအမှတ် ပြုခဲ့ပြီး မြန်မာနိုင်ငံကို ပိုမို ပွင့်လင်း လွတ်လပ်ပြီး ကြွယ်ဝ ချမ်းသာသည့် နိုင်ငံတစ်ခု အဖြစ် ရပ်တည်နိုင်အောင် အမေရိကန် က ဆက်လက် ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်း လည်း အိမ်ဖြူတော် ၏ ကြေညာချက် တွင် ဖော်ပြထားသည်။


Ref: Reuters
From...7Day Daily

 

No comments:

Post a Comment