Tuesday, November 11, 2014

ဦးအောင်သောင်း အပေါ် အမေရိကန် နာမည်ပျက် စာရင်းသွင်း အရေးယူမှု လွှတ်တော် ရှုတ်ချ





ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဌာန ပြည်ပ ပိုင်ဆိုင် မှုများ ထိန်းချုပ်ရေးရုံး က စီးပွားရေး ပိတ်ဆို့ တားမြစ် အရေးယူတဲ့ နာမည်ပျက် စာရင်းမှာ ထည့်သွင်းကြေညာ တာကို ကန့်ကွက်ကြောင်းနဲ့ အရေးယူ မှုဖြစ်အောင် ဖန်တီးသူတွေ ကို ရှုတ်ချကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော် က ကြေညာချက် ထုတ် ခဲ့ပါတယ်။

ဦးအောင်သောင်း အပေါ် ပိတ်ဆို့ အရေးယူ တာဟာ လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ ဂုဏ်သိက္ခာနဲ့ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး မှာ ထိခိုက်မှုတွေ မဖြစ်အောင် အမေရိကန် အစိုးရ ရဲ့ အရေးယူမှု ကို ပြည်ထောင်စု လွှတ်တော် က ကန့်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က အခုလို ဖတ်ပြခဲ့ပါတယ်။


 
“ဦးအောင်သောင်း သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ဘဏ် များနှင့် ငွေကြေး ဆိုင်ရာ ဖွဲ့ဖြိုးတိုးတက်ရေး တာဝန် ထမ်းဆောင်နေချိန်ဖြစ်သကဲ့ သို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်ပါတယ်၊ 

လွှတ်တော် အသီးသီးနှင့် လွှတ်တော်ကော်မတီများ ၏ ဂုဏ်သိက္ခာ ကို လည်းကောင်း၊ လွှတ်တော် အသီးသီး မှ အလေးအနက် ထား ဆောင်ရွက်လျှက် ရှိသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန် လည်ပေါင်း စည်းရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များ ကို လည်းကောင်း၊ 

တိုးတက်ကောင်း မွန်လျှက် ရှိသည့် အမေရိကန်ပြည်ထောင်စု နဲ့ မြန်မာနိုင်ငံ တို့၏ ဆက်ဆံရေး ကိုလည်းကောင်း၊ မလိုလား အပ်သော ထိခိုက်မှုများ မဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု လွှတ်တော် သည် သတင်း ထုတ်ပြန်ချက် ကို ကန့်ကွက် ပါကြောင်းနဲ့ ဒီလိုဖြစ်ရပ်မျိုး အပေါ် ဖန်တီးလုပ်ကိုင် သူများနဲ့ လုပ်ဆောင်မှု များ ကို ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်”

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် နဲ့ ပြည်ထောင်စုလွှတ်တော် မှာ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း နဲ့ ဦးဝင်းသန်း က အမေရိကန် အစိုးရရဲ့ အရေးယူမှု ကို ကန့်ကွက်ပေးဖို့ နဲ့ သတင်းပေးသူတွေ ကို ရှုတ်ချဖို့ အရေးကြီး အဆိုတွေ တင်သွင်းခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီ အဆိုတွေ ကိုလွှတ်တော် မှာ ကန့်ကွက်မယ့်သူ မရှိတာကြောင့် ပြည်သူ့လွှတ်တော် နဲ့ ပြည်ထောင်စု လွှတ်တော်တွေ က အတည်ပြုပြီး ကြေညာချက် ထုတ်ခဲ့တာပါ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူ စုစည်း တင်ပြထားတာကို လည်း တဆက်တည်း နားဆင်နိုင်ပါတယ်။



Go to Source

  on November 10, 2014
From...Myanmar Latest News

 

No comments:

Post a Comment