Tuesday, November 11, 2014

အဝတ်လျှော် ဆပ်ပြာအိတ် ကလေးများ က ကလေးများ အသက် အန္တရာယ် ရှိနိုင်


သကြားလုံး ပုံစံ တောက်ပသော အဝတ်လျှော် ဆပ်ပြာအိတ် ကလေး များသည် ကလေးများ အတွက် အသက် အန္တရာယ် ရှိကြောင်း သုတေသန ပညာရှင် များက နိုင်ဝင်ဘာ ၁၀ ရက် တွင် သတိပေးလိုက်သည်။

Detergent
သကြားလုံး ပုံစံ အ၀တ်လျှော် ဆပ်ပြာအိတ် ကို တွေ့မြင်ရစဉ်။

အမေရိကန်နိုင်ငံ တွင် အဆိုပါ ဆပ်ပြာအိတ် ကလေးများ ကို ကလေးများ က သကြားလုံး အမှတ်ဖြင့် မျိုချမှု ဖြစ်ရပ်များ ပိုမို များပြား လာပြီးနောက် ယခု ကဲ့သို့ သတိပေးချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

အမေရိကန် ကုန်စုံဆိုင် များတွင် ၂၀၁၀ ပြည့်နှစ် မှ စတင်ရောင်းချ လာခဲ့သည့် အဆိုပါ ဆပ်ပြာအိတ် ကလေးများသည် အ၀တ် တစ်ခါလျှော်စာ ထုပ်ပိုး ထားပြီး ရေနှင့် လျှပ်စစ် လို အပ်မှု လျှော့ချသွားနိုင် ရန် စီစဉ်ထားခြင်း ဖြစ်သည်။


၂၀၁၂ ခုနှစ် မှ ၂၀၁၃ ခုနှစ် အတွင်း ယင်း ကဲ့သို့ ခြောက်နှစ်အောက် ကလေးများ က ဆပ်ပြာ အိတ်လေးများကို မျိုချ  ခဲ့သည့် ဖြစ်စဉ်ပေါင်း ၁၇၀၀၀ ကြိမ် ဖြစ်ပွားခဲ့ခြင်း ကို အမေရိကန် အဆိပ်သင့်မှု ထိန်းချုပ်ရေး ဌာနများ သို့ ရောက်ရှိ လာခဲ့ရာ တစ်နာရီ လျှင် ကလေး တစ်ဦးနှုန်း ဖြစ်ကြောင်း အဆိုပါ လေ့လာတွေ့ရှိမှု တွင် ဖော်ပြထားသည်။

“အ၀တ်လျှော် ဆပ်ပြာအိတ် ကလေးတွေဟာ သေးငယ်ပြီး အရောင် စုံအောင်လုပ်ထား လို့ ကလေးတွေ အတွက် သကြားလုံး လိုလို သစ်သီးရည် လိုဖြစ်နေပါတယ်” ဟု အိုဟိုင်းယိုးပြည်နယ် ဗဟို အဆိပ်ဌာန မှ ပညာရှင် မာဆယ်ကာဆာဗန့် က ပြောကြားခဲ့သည်။

“ဒါလေးတွေ ကို ဆွဲယူပြီး ဖွင့်မယ် ပြီးနောက် အထဲ က အဆိပ်သင့် တတ်တဲ့ ဆပ်ပြာရည်တွေ ကို မျိုချ  ဖို့ ဒါမှ မဟုတ် မျက်လုံးထဲ ကိုရောက်ဖို့ ကလေးတွေ အတွက် စက္ကန့်အနည်း ငယ်ကြာပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဖြစ်စဉ် တစ်ခုတွင် ကလေးငယ် တစ်ဦး သေဆုံးပြီး ၇၆၉ ဦး ဆေးရုံတင်ခဲ့ ရသည်။ ဖြစ်ပွားမှု ၏ သုံးပုံနှစ်ပုံခန့် သည် တစ်နှစ်သား မှ နှစ်နှစ်သား လမ်းလျှောက်တတ်စ အရွယ် များဖြစ်ကြောင်း သိရသည်။


mizzima
From...Myanmar Latest News

 

No comments:

Post a Comment