Friday, November 21, 2014

ပုဒ်မ ၄၃၆ ကိစ္စ သူရဦးရွှေမန်း ပြောကြားချက် သမ္မတ သဘောမတူ


President-Thein-Sein-3
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး သည် သမ္မတ အပေါ်တွင် မူတည် ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ၏ ပြော ကြားချက် ကို သမ္မတ က သဘော မတူကြောင်းနှင့် ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် လွှတ်တော် အမတ် များအား စည်းရုံးရန် မှာ ပြည် ထောင်စု လွှတ်တော် နာယက တွင်သာ တာဝန်ရှိကြောင်း သမ္မတ ဦးသိန်းစိန် က တုံ့ပြန်လိုက်သည်။

နိုဝင်ဘာ ၁၈ ရက်က သူရ ဦးရွှေမန်း ၏ သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားချက် အပေါ် သမ္မတ က ၎င်း၏ ပြောရေး ဆိုခွင့် ရှိသူမှ တစ်ဆင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

သူရ ဦးရွှေမန်း က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအောင်မြင်ရန် မှာ တပ်မတော်သား ကိုယ်စားလှယ် များကို ဦးဆောင် သည့် တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အစိုးရ အဖွဲ့ကို ခေါင်းဆောင် သည့် သမ္မတ တို့ဖြစ်ပြီး သမ္မတ မှာ တပ်မတော် အပေါ်တွင် ထိုက် သင့်သည့် သြဇာ ရှိသည့်အတွက် ပုဒ်မ ၄၃၆ အောင်မြင်ရေး မှာ ၎င်းတို့နှစ်ဦး အပေါ်တွင် မူတည် ကြောင်း ပြောကြားခဲ့ခြင်းဖြစ် သည်။


သို့သော် ဦးသိန်းစိန် ကမူ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အပါအ၀င် ဖွဲ့စည်း ပုံ ပြင်ရေး ကို ထောက်ခံ သည့် ကိုယ်စားလှယ်များ ရအောင် စည်း ရုံးရန် မှာ သူရဦးရွှေမန်း တွင်သာ တာဝန် ရှိကြောင်း ပြောကြား ခဲ့ သည်။

‘‘၄၃၆ ပြင်ဖို့ က သမ္မတ အ ပေါ်မှာပဲ မူတည်တယ် ဆိုပြီး သူရ ဦးရွှေမန်း ပြောကြားချက် ကို ကျွန် တော်တို့ သဘောမတူ ပါဘူး။ ပြည်ထောင်စုလွှတ်တော် မှာ ပြင် သင့်ပြင်ထိုက်တဲ့ အချက်တွေ ကို ပြင်နိုင်အောင် ၊ ပြင် ဆင်နိုင်ဖို့ အ ဆို တင်နိုင်ဖို့ လိုအပ်တဲ့ လွှတ် တော် အမတ်များရအောင်၊ လို အပ်တဲ့ ထောက်ခံမှုတွေရအောင် စည်းရုံးဖို့ က ပြည်ထောင်စုလွှတ် တော်နာယကမှာ ပဲ တာဝန်ရှိ တယ်လို့ ထင်ပါတယ်’’ ဟု ၎င်းက ပြော သည်။

ပုဒ်မ ၄၃၆ အပါအ၀င် အ ခြေခံဥပဒေ ပြင်ဆင်ရေး မှာ လွှတ် တော်ပေါ်တွင် သာ မူတည်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အ တိ အကျပြဋ္ဌာန်းထားပြီး လွှတ် တော် အပါအ၀င် မဏ္ဍိုင် သုံးရပ် ခွဲခြားမှုပီပြင်စေရန် သမ္မတနှင့် ၀န်ကြီးများ ကို ရာထူး ယူထားစဉ် တွင် ပါတီ တာဝန် ထမ်းဆောင် ခြင်း မပြုရန် ပြဋ္ဌာန်း ထားကြောင်း သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲ ထွဋ်က ပြောသည်။

သမ္မတအိုဘားမားနှင့် ဖွဲ့ စည်းပုံပြင်ရေးဆွေးနွေးစဉ် က လည်း အချို့ပုဒ်မ များကို လွှတ် တော် တွင် ပြင်နို င် ပြီး အချို့ပုဒ်မ များကို ပြည်သူ့ဆန္ဒ ခံယူပွဲ များ ပြု လုပ်၍ ပြင်ဆင်နိုင်ကြောင်း ပြော ကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

သို့သော် သမ္မတ အိုဘားမား ကမူ သူသာ မြန်မာ သမ္မတဖြစ်ပါ က ၂၀၁၅ ရွေးကောက်ပွဲနှင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ဦးစားပေး လုပ်ဆောင်သွား မည်ဟု ပြောကြားခဲ့သည်။

ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထား သည့် သမ္မတ အဖြစ် ရွေးချယ်ခံနိုင် သည့် အရည် အချင်း သတ်မှတ် ချက် ပုဒ်မ ၅၉(စ) အပါအ၀င် အ ရေးကြီးပုဒ်မ များကို ပြင်ဆင်လိုပါ က လွှတ်တော်အမတ် ၇၅ ရာခိုင် နှုန်းကျော်က ထောက်ခံ မှသာ ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ဆန္ဒ မဲပေးသူ ၏ ထက်ဝက်ကျော် က ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

လွှတ်တော်တွင် တပ်မတော် သား ကိုယ်စားလှယ် များက ၂၅ ရာခိုင်နှုန်း ပါဝင်နေ သဖြင့် ၄၃၆ ပြင်ဆင်ရေး တွင် အနည်းဆုံး တပ် မတော်သား ကိုယ်စားလှယ် တစ် ဦး ၏ ထောက်ခံမှု ကို ရရန် လိုအပ် ပြီး ယခုအခါ တပ်မတော်သား ကိုယ်စားလှယ် များ က ပုဒ်မ ၄၃၆ မပြင်လိုကြောင်း လွှတ်တော် တွင် ဆွေးနွေး သွားပြီဖြစ်သည်။


7day daily
From...Search Myanmar

 

No comments:

Post a Comment