Monday, November 3, 2014

မုန့်ဝတ်စုံ ၀တ်ပြီး ဟဲလိုးဝင်း ပါတီ တက်တဲ့ ကေတီပယ်ရီ


အမေရိကန် အဆိုတော် ကေတီပယ်ရီ သည် ရွှေကမ္ဘာလုံး ဆုရ သရုပ်ဆောင် မင်းသမီး ကိတ်ဟက်ဆင် ၏ နှစ် စဉ် ကျင်းပသော ဟဲလိုးဝင်း ပါတီ ပွဲသို့ Cheetos မုန့်ပုံ သဏ္ဌာန် ၀တ်စုံ ၀တ်၍ တက်ရောက် ခဲ့ပြီး Cheetos မုန့် ကို မည်မျှကြိုက်နှစ် သက်ကြောင်း ထပ်မံဖော်ပြလိုက် သည်။

အသက် (၃၀) အရွယ် ကေ တီပယ်ရီ သည် ကြာသပတေးနေ့ တွင် လော့စ်အန်ဂျလိစ် မြို့၌ ပြု လုပ်သော ကိတ်ဟက်ဆင် ၏ ဟဲလိုးဝင်း ပါတီကို အခြားသော ကျော်ကြား သူများနှင့်မတူဘဲ တ မူထူးခြားစွာ ၀တ်ဆင်၍ တက် ရောက်ခဲ့ခြင်းဖြစ်သည်။


ကေတီပယ်ရီ သည် အနီ ရောင် Cheetos မုန့်ဝတ်စုံ ကို ၀တ်ဆင်ထားပြီး Flamin’ Hot Cheetos မုန့်အိတ် ကို ပိုက်ဆံ အိတ် အဖြစ် ကိုင်ဆောင် ကာ ပွဲ တက်ခဲ့သည်။

ကေတီပယ်ရီ က ခင်ပွန်းဖြစ် သူ ရက်ဆဲလ်ဘရန်းနှင့် လမ်းခွဲ ပြီးနောက် တွင် Cheetos မုန့်ကို အလွန် ကြိုက်နှစ်သက် ခဲ့သည် ဟု ပြင်သစ်မဂ္ဂဇင်း Marie Claire နှင့် အစောပိုင်း အင်တာဗျူး တွင် ပြော ကြားခဲ့သည်။

ထို့ပြင် ကေတီပယ်ရီ အနေ ဖြင့် Cheetos မုန့် ကို အလွန်နှစ် သက်ကြောင်း ၎င်း၏ နာမည် ကျော် တေးဂီတ ဗီဒီယို တစ်ခုဖြစ် သော Dark Horse တွင် လည်း တွေ့မြင်နိုင်သည် ဟု MTV သ တင်း က ဖော်ပြခဲ့သည်။


Ref: UPI
7day daily
From...Search Myanmar

 

No comments:

Post a Comment