Monday, November 17, 2014

ပါဆယ်ထုပ် ထဲက ကလေး ကိုယ်ခန္ဓာ အစိတ် အပိုင်း များ တွေ့

 
 
အမေရိကန် ပြည်ထောင်စုကို ပို့မယ့် DHL ပါဆယ် ၃ ထုပ်ထဲက လသားအရွယ် ကလေးတယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စနေနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရဲတွေ တွေ့ရှိခဲ့ပါတယ်။
 
ပါဆယ်ပေးပို့သူ ဟာ နိုင်ငံခြားသား တဦးဖြစ်ပြီး ထိုင်းရဲတွေ က စုံစမ်းမှုတွေ လုပ်နေတယ် လို့ ဘန်ကောက် ပို့စ် သတင်း တပုဒ် က ဆိုပါတယ်။

ဘန်ကောက်မြို့ ရာမ ၃ လမ်း မှာ ရှိတဲ့ DHL ဝန်ဆောင်မှု ရုံး ကနေ ပြီးခဲ့တဲ့ စနေ ညနေပိုင်းက လူ့ ခန္ဓာ ကိုယ် အစိတ် အပိုင်း တချို့ ပါတဲ့ ပါဆယ် ၃ ထုတ် ကို တွေ့ရ တာကြောင့် ရဲကို အကြောင်းကြားခဲ့ တာ ပါတဲ့။

ပထမ ပါဆယ် ထုတ် ထဲမှာတော့ လသား အရွယ် ကလေးငယ် တဦး ရဲ့ ဦးခေါင်း အစိတ်အပိုင်း၊ မျက်နှာ အစိတ် အပိုင်း တချို့ ပါပြီး ဒုတိယ ပါဆယ် ထုတ်ထဲမှာတော့ ကလေး ရဲ့ ညဘက်ခြေထောက် ကို ၃ ပိုင်းပြတ် အစိတ် အပိုင်းအနေအထား တွေ့ရတယ် လို့ ဘန်ကောက်ပို့စ် သတင်းက ဆိုပါတယ်။


 

တတိယ ပါဆယ်ထုတ် မှာတော့ ထိုင်းမှော် အတတ်နဲ့ အန္တရာယ် ကင်း ဆေးမှင်ကြောင် အရုပ်တွေ ပါတဲ့ လူ့ အရေပြား အစိတ် အပိုင်း ၂ ခုနဲ့ အတူ လူ အသည်း တခုလည်း ပါတယ်လို့ ဆိုပါတယ်။

အခု ပါဆယ် ထုတ်တွေကို အမေရိကန်မှာ ရှိတဲ့ နေရာ ၃ ခုကို ပို့မှာဖြစ်ပြီး ပထုန်ဌာနီ( Pathum Thani) အရပ်က လိပ်စာ နဲ့ ပေးပို့သူ နိုင်ငံခြားသား ၁ ဦး အဖြစ် ရဲက မှတ်တမ်း ရထားတယ်လို့ ဆိုတယ်။ ဒါပေမယ့် သူ့ နာမည် ကိုတော့ မထုတ်ပြန်သေးပါဘူး။

DHL က ဝန်ထမ်း တဦး အဆိုအရ ကလေး ကစားစရာ လို့ အမည် တပ်ထားတဲ့ ပါဆယ်ထုတ်တွေ ကို X Ray ရိုက်ကြည့်လိုက် တာမှာ မသင်္ကာစရာ ဖြစ်ခဲ့ လို့ ပါဆယ်ထုတ် ကို ဖွင့်ဖောက် စစ်ဆေးခဲ့တာပါတဲ့။ ပြီးတော့မှ ရဲကို အကြောင်းကြားလိုက် တာပါတဲ့။

စုံထောက်တွေ ကတော့ ပါဆယ်ထုတ်တွေ ပေးပို့သူ လို့ ဆိုကြတဲ့ နိုင်ငံခြားသား ၂ ဦးကို စနေ ညပိုင်း တုန်း က ၃ နာရီ လောက် စစ်ဆေး မေးမြန်းခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီလူတွေ ပြောတာ က ကလေး ဦးခေါင်းနဲ့ အခြား ခန္ဓာကိုယ် အစိပ်အပိုင်းတွေ ကို ထုန်ဘူရီခရိုင်( Thon Buri )ရှိ ဆပ်ဖန်ဖတ်(Saphan Phut ) ညဈေး တခု ကနေ ဝယ်ခဲ့တာဖြစ်ပြီး ဆိုင် ကိုတော့ မမှတ် မိဘူးလို့ ပြောထားတာကို အမှတ် ၅ တိုင်း ရဲ လက်ထောက် အရာရှိက ပြောပါတယ်။
 
အခု တွေ့ရတဲ့ ကလေး ခန္ဓာကိုယ်အစိပ်အပိုင်းတွေဟာ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တခုကနေ ကျောင်း သားတွေ လေ့လာဖို့ ထားတဲ့ဟာတွေကို ခိုးယူခံရတာဖြစ်မယ်လို့ ထိုင်းရဲတွေက ယုံကြည်နေကြပါတယ်။
အခု တွေ့ရှိတဲ့ လူ့ခန္ဓာကိုယ် အစိပ် အပိုင်းတွေကို ဘန်ကောက်ရှိ ချူလာလောင်ကွန် အောက်မေ့ဘွယ်
ဆေးရုံက မှုခင်းဌာန ကို ပို့လိုက်ပါပြီတဲ့။


ကျွမ်းကျင် ဆရာဝန် တဦး အဆိုအရ ကလေး ခန္ဓာကိုယ် အစိပ်အပိုင်းတွေ ဟာ နှစ်နဲ့ ချီပြီး ဆေးရည်စိမ်ထား တဲ့ ပစ္စည်းတွေ ဖြစ်လို့ မည်သူ မည်ဝါဖြစ်တယ် ဆိုတာ သိဖို့ DNA စစ်ဆေးဖို့ ခက်ခဲနိုင်တယ် လို့ မှတ်ချက်
ပေးထားပါတယ်။



မူရင်းသတင်းလင့်ခ် http://www.bangkokpost.com/news/general/443659/probe-on-baby-organs-in-air-parcels ကို ဆီလျော်အောင် ဘာသာပြန်သည်။

အိမ့်သံစဉ် ~
From...Myanmar Latest News

 

No comments:

Post a Comment