Sunday, November 16, 2014

သမ္မတ ဦးသိန်းစိန် ဂျီ -၂၀ ထိပ်သီး အစည်းအဝေး တွင် ပထမဆုံး အကြိမ် တက်ရောက်ဆွေးနွေး

ရန်ကုန်- နိုင်ငံတော်သမ္မတဦး သိန်းစိန်သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့၌ နိုဝင်ဘာ ၁၅ရက်မှ စတင်ပြုလုပ်သည့် ဂျီ-၂၀ထိပ် သီး အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေးခဲ့ သည်။

နိုင်ငံတော် သမ္မတ က အာဆီ ယံဒေသ သည် လူဦးရေ ၆၀၉သန်း ရှိသော ဈေးကွက်ကြီးဖြစ်နေပြီး စုစုပေါင်း ကုန်ထုတ် တန်ဖိုး (ဂျီဒီပီ) မှာ အမေရိကန်ဒေါ်လာ ၂ဒသမ၅ ထရီလီယံ ရှိကာ တိုးတက်မှုနှုန်း နှစ်စဉ် ပျမ်းမျှ  ၅ရာခိုင်နှုန်း ရှိပြီး လာမည့်နှစ် များတွင် ဒေသဆိုင် ရာ ပူးပေါင်းဆောင်ရွက် မှုများ ပိုမို မြှင့်တင်နိုင် မည်ဖြစ်ကြောင်း ဂျီ- ၂၀ ထိပ်သီး အစည်း အဝေး အပိုင်း (၁)‘‘ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှင့် အလုပ် အကိုင် ဖန်တီးမှု အား မြှင့် တင်ပေးခြင်း’’ဆွေးနွေး ပွဲ ၌ ပြောကြားခဲ့သည်။


 
ထို့အပြင် ဖွံ့ဖြိုးရေး လုပ်ငန်း များဆောင်ရွက် ရာတွင် လူငယ် များ ၏ အခန်းကဏ္ဍ မှာ အလွန် အ ရေးကြီးသည့် အတွက် အာဆီယံ ဒေသ တွင်း လူငယ် စွန့်ဦး တီထွင် သူများပေါ်ပေါက်ရေးဆောင်ရွက် နေကြောင်းလည်း သမ္မတ ကဆွေး နွေး ခဲ့သည်။

မကြာသေးမီ က သမ္မတ ဦး သိန်းစိန်နှင့်နေပြည်တော် ၌ တွေ့ ဆုံ ခဲ့သည့် အမေရိကန် သမ္မတ အို ဘားမားလည်း ဂျီ-၂၀ ထိပ်သီး အစည်းအဝေး သို့ တက်ရောက် လျက်ရှိသည်။


From...7Day Daily

 

No comments:

Post a Comment