Friday, November 28, 2014

တစ်ဦးချင်း ကား တင်သွင်းခွင့် စိစစ် တင်းကျပ်ရန် အရောင်းပြခန်း လုပ်ငန်းရှင်များ လိုလား

ကိုယ်ပိုင်နိုင်ငံခြားငွေ စာရင်း တစ် ခု ဖွင့်ပြီး ပုဂ္ဂိုလ်တစ်ဦး ချင်း ကားတင်သွင်း ရာတွင် လိမ် လည်မှုများ
 မ ရှိစေရေး လာမည့် ရက်ပိုင်း အတွင်း စည်းကမ်း တင်း ကျပ်ပေးရန်ဆွေးနွေး သွား မည်ဖြစ်ကြောင်း မော်တော် ယာဉ် အရောင်းပြခန်း လုပ်ငန်းရှင်အချို့က ပြောကြားသည်။

ကိုယ်ပိုင်နိုင်ငံခြားငွေစာရင်း ဖြင့် ကားတင်သွင်းမှု များ သည် နီးစပ်ရာ ပုဂ္ဂိုလ်များ ထံမှ မှတ်ပုံ တင်နှင့် အိမ်ထောင်စု စာရင်း များ ကို တစ်စုံ လျှင် ကျပ် ငါးသောင်း ဖြင့် ဝယ်ယူ တင်သွင်းနေကြခြင်း ဖြစ်သည်။

‘‘အဲဒီ စနစ်က ပိတ်သင့်နေ တာတော့ကြာပြီ ။ အများစု က ကားပွဲစားတန်း က လူတွေ လုပ်နေ တာ’’ ဟု မော်တော်ကား အရောင်း ပြခန်း လုပ်ငန်းရှင် တစ်ဦးက ပြော ကြားသည်။


 
ဘဏ်ငွေ စာရင်းတွင် ဒေါ်လာ ၅,၁၀၀ သွင်းရမည့် အစား ဒေါ်လာ ၁၀၀ သာ သွင်း ကြပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ဝန်ကြီးဌာန တွင် ပါမစ် တင်ချိန် ၌ သွင်းထားသော ဒေါ်လာ ၁၀၀ ရှေ့ တွင် ဂဏန်း (၅) ထည့်ကာ လိမ်လည် တင်ပြမှုများ လည်း ရှိနေကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များ က ပြောသည်။

လက်ရှိ စနစ်ကို လုံးဝ ပိတ် သိမ်းမည် မဟုတ်ဘဲ မည်သည့် မှတ်ပုံတင်နှင့် မဆို ဝယ်ယူနိုင်ခြင်း မျိုး မဟုတ် သည့် ပုံစံမျိုး သတ်မှတ် ရန် တင်ပြမည်ဖြစ်ကြောင်း အရောင်းပြခန်း လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ယင်းသို့ သတ်မှတ် ရာတွင် ငွေစာရင်း ပိုင်ရှင် များသည် အလုပ် အကို င် ရှိသူ (သို့မဟုတ်) အခွန်ဆောင် ထားသော သူ စသည်ဖြင့် ပြောင်းလဲ သတ်မှတ်ကာ တင်းကျပ် သွားရန်ဆွေးနွေးနေကြောင်း သိရသည်။

စည်းကမ်း တင်းကျပ် ပါက ပါမစ်ဖြင့် ပြန် လည်ရောင်းချနေ သော ကား အရောင်းပြခန်း များ၏ စည်းကမ်း များ ကိုပါ တင်းကျပ် သင့်ကြောင်း ကားပွဲစား များ က ဆိုသည်။

ကား တင်သွင်းမှု မူဝါဒနှင့် ပတ်သက် ၍ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးပြည်ထောင် စုဝန်ကြီးနှင့် အတူ ဆွေးနွေး ရာ တွင် တင်ပြနိုင် ရန် နိုဝင်ဘာ ၂၇ ရက်တွင် မော်တော်ယာဉ် အရောင်းပြခန်း လုပ်ငန်း ရှင် များ သီးသန့်တွေ့ဆုံမှု တွင် ဆွေးနွေးထားခြင်းဖြစ်သည်။

သို့သော် ပြည်ထောင်စု ဝန် ကြီးနှင့် မတွေ့ဆုံ မီ မော်တော်ကား ပွဲစားများ ပါ ဝင်သော မြန်မာ့မော်တော် ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းဝင် အားလုံးတွေ့ဆုံပွဲ တွင် ပွဲစား အများစုက ကန့်ကွက် မှုများ ရှိလာ ပါက တင်ပြနိုင်ခြေရှိ ၊ မရှိမှာ မသေချာသေးသော အခြေအနေဖြစ်သည်။

ကား တင်သွင်းမှု မူဝါဒနှင့် ပတ်သက် ၍ လာမည့် နိုဝင်ဘာ ၃၀ ရက် (တနင်္ဂနွေနေ့) တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီး အပါအဝင် ကားလုပ်ငန်းရှင် များ ပူးပေါင်းဆွေးနွေးမည့်တွေ့ဆုံပွဲကို ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်း ချရေး အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

လူ တစ်ဦးချင်းစီ တင်သွင်း နိုင်မှု အပေါ်တွင် ကန့်သတ်ချက် များ ထပ်မံ ထုတ်ပြန်လိုက် ပါက မော်တော်ကား များ ၏ ဈေးနှုန်း များ  မြင့်တက် သွားနိုင်ကြောင်း ကားပွဲစား များက ပြောသည်။


From... ..http://www.7daydaily.com/story/25811



No comments:

Post a Comment