Tuesday, November 18, 2014

ထိုင်း ဘုရင်ဟောင်း အုတ်ဂူဟောင်း ပြန်လည် တူးဖော်နိုင်ရန် အသင့်ပြင်

 
 
သမိုင်းဝင် ဥယျာဉ် အဖြစ်တည်ဆောက် မည့် ထိုင်း ဘုရင်ကျောင်းဆောင်နေရာဟောင်း ကိုတွေ့ရစဉ် (ဓာတ်ပုံ-The Nation)

အမရပူရမြို့ ရှိ ထိုင်း ဘုရင်ဟောင်း အုတ်ဂူနေရာ အား တူးဖော်ရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် အဆင် သင့်ဖြစ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ရေသဖန်းပွင့် ချစ်ကြည်ရေး အသင်း အမည်ဖြင့် ထိုင်းဘုရင် ဟောင်းအုတ်ဂူနေရာ တစ်ဝိုက် ရှိ မြေ တစ်ဧကပေါ်တွင် တူးဖော်မှု လုပ်ငန်း များပြုလုပ်နေရာ တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ပြည် ထောင်စု ယဉ်ကျေးမှု ၀န်ကြီးဌာန တို့က လုပ်ငန်းများ ရပ်နား ရန် မတ် လ ၁၀ ရက် က အကြောင်းကြား ခဲ့ ၍ ရပ်နား ခဲ့ရသည်။


 
အုတ်ဂူ တူးဖော်ခြင်း လုပ်ငန်း ပြန်လည် စတင်ရန် အစိုးရ အဖွဲ့ တာဝန်ရှိ သူများနှင့် တွေ့ဆုံခြင်း အပြင် တူးဖော်ရေး လုပ်ငန်း များ တရားဝင်ပြုလုပ်နိုင် ရန် ရှေးဟောင်း သုတေသန ဌာန သို့လည်း ခွင့်ပြုချက်တောင်း ခံမှု များ ပြန် လည်ပြုလုပ်နေပြီဖြစ်ကြောင်း အ ဆိုပါ လုပ်ငန်း များအား ဦးဆောင် ပြု လုပ်နေသူ ဘုရင့် အသိအမှတ် ပြု   ထိုင်း ဗိသုကာ အဖွဲ့ချုပ် (ယခင်ရေသဖန်းပွင့် ချစ်ကြည်ရေး အသင်း) မှ တာဝန်ခံ  ဆရာမစ်ကီ ဟတ် ကပြောသည်။

‘‘ဌာနဆိုင်ရာတွေ က ခွင့်မပြုသေး လို့ ဘာလုပ်ငန်းမှ မစရသေး ပေမယ့် ကျွန်တော်တို့ ဘက်က တော့ စဖို့  ရယ်ဒီဖြစ်နေပြီ။ သူတို့ တွေ ခွင့်ပြုပြုချင်း စလုပ်သွားမှာ’’ ဟု ဆရာမစ်ကီဟတ် က ပြော သည်။

သမိုင်းဝင်ပြတိုက်   တည် ဆောက် ရန်နှင့် တူးဖော်ရေး လုပ် ငန်းများ လုပ်ကိုင်ရန် တိုင်းဒေသ ကြီး အစိုးရ ထံ မြေဧက လေး ဧကတောင်းခံသော် လည်း တစ်ဧက သာမြေနေရာ ချပေးခဲ့သည့် အပြင် လုပ်ငန်း များ ဆက်လက် မပြုလုပ်ရန်  ယခုနှစ်  မတ်လ အတွင်း  တားမြစ်ခြင်း ခံခဲ့ရ၍   ယခု အချိန်တွင် လုပ်ငန်းပြန်လည် စတင်ရန် မြေလေး ဧကရရှိရေး ပြန်လည် တင်ပြသွားရေး စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

အမရပူရမြို့နယ် လင်းဇင်း ကုန်း သုသာန် ရှိ အဆိုပါ ထိုင်းဘု ရင်ဟောင်း ၏ အုတ်ဂူနေရာ တစ်ဝိုက် သို့ ထိုင်းနိုင်ငံ မှ ရှေးဟောင်း သုတေသီ ညာရှင်၊ ဗိသုကာ ပညာရှင် များဖြင့် ပြီးခဲ့သည့် နှစ် ဖေဖော်ဝါရီမှ စတင် ကာ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။



 
From...7Day Daily
 

No comments:

Post a Comment