Saturday, November 29, 2014

ကျွန်ပြု ခြင်း ကို တွန်းလှန် ရန် အချိန်


 
 
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သား အမျိုးသမီး တစ်ဦး ကို တွေ့ရစဉ် / ဓာတ်ပုံ−အေအက်ဖ်ပီ

ရန်ကုန် လူထု ကို လှုပ်နှိုး လိုက်သည့် ခေတ်သစ် လူသားချင်း ကျွန်ပြုမှု တစ်ရပ် မကြာသေးမီ က ဖြစ်ပွား ခဲ့သည်။ 

အသက်(၁၄)နှစ် အရွယ် မြန်မာ ကလေးငယ် မသန်းသန်းစိုး တစ်ယောက် ရန်ကုန်မြို့ ရှိ ဆရာဝန် ဇနီးမောင်နှံ အိမ်၌ အိမ်အကူ အဖြစ် ၂ နှစ် နီးပါး အလုပ်လုပ်ပြီး ချိန် တွင် ရရှိ လိုက်သည် က မွေးရာ ပါနှုတ် ခမ်းကွဲ သူ လို ပုံစံ ပျက်သွားသည့် နှုတ်ခမ်း၊ ရိုက်နှက် မှုကြောင့် ကျိုးသွားသည့် လက်၊ အမာရွတ် များ ထင် ထင် ရှားရှား မြင်နေရသည့် ဘဝ မျိုးပဲ ဖြစ်သည်။

မသန်းသန်းစိုး ၏ အဖြစ်ဆိုး က ရန်ကုန်မြို့ ရှိ အဆောက် အအုံများ၊ လူနေအိမ် များ ထဲတွင် ရုန်းကန် ရှင် သန်နေကြသော အိမ်အကူ ကလေးငယ် များ၏ လူမသိ သူမသိ ဘဝမြောက်မြားစွာ ထဲမှ လူသိ သွားသော ဖြစ် ရပ်တစ်ခုသာ ဖြစ်သည်။ 

 ကျွန်ပြုမှု ဆန့်ကျင် လှုံ့ဆော်သည့် လူ့ အခွင့်အရေး အဖွဲ့အစည်းကြီး တစ်ခုဖြစ်သော Walk Free Foundation ၏ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ထုတ်ပြန် လိုက်သည့် အစီရင်ခံစာ အရ မြန်မာနိုင်ငံ တွင် ခေတ် သစ် ကျွန်ပြုခံရ သူပေါင်း ၂၃၀,၀၀၀ ကျော်ရှိနေသည်။ ယင်း လူဦးရေ ပမာဏမှာ ကယားပြည် နယ် တစ်ပြည်နယ် လုံး စာ လူဦးရေ နီးပါး ရှိ၏။


‘‘ ခေတ်သစ်လူသားချင်းကျွန်ပြုမှုဟာဆိုရင်လည်း အမျိုးသမီးတွေကို အကြမ်းဖက်မှုပုံစံလို့ ပြောလို့ရပါတယ်။ အိမ်တွေမှာ တကယ့်ကို ကျွန်သာသာ၊ တိရစ္ဆာန် သာသာ အလုပ် လုပ်နေရ တဲ့ အမျိုး သမီးလေးတွေ အများကြီး ရှိတာပဲ။ 

အဲဒါတွေ ကို သေသေ ချာချာ စနစ်တကျ  စစ်တမ်းကောက်နိုင်မှု ရှိမှ မရှိသေး တာ။ ဒါဟာလည်း သုတေ သနပြု  သင့် တဲ့ ဧရိယာ အကြီးကြီး တစ်ခုပါပဲ’’ဟု ကျား၊ မရေးရာ တန်းတူ ညီမျှရေး ကွန်ရက် (GEN) ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူ    က ပြောကြားသည်။
 
ကမ္ဘာလုံး ဆိုင်ရာ ကျွန်ပြု  မှုညွှန်းကိန်း (GSI)ကို ရေးသား သူ များ၏ အနက် ဖွင့်ဆိုချက် အရ ခေတ်သစ် ကျွန်ပြုမှု ဆိုသည်မှာ တစ်စုံ တစ်ယောက် ကို အသုံးချ လိုသည့် ရည်ရွယ် ချက်ဖြင့် ထိုသူ ၏ ကိုယ်ပိုင် လွတ် လပ်ခွင့် ကို ခံစားခွင့် မပေးဘဲ ပိတ်ပင်ထားမှု ကဲ့သို့ နည်းလမ်း များဖြင့် လူတစ်ယောက်က အခြား တစ်ယောက် ပိုင်စိုး ပိုင်နင်းပြုမှု (သို့မဟုတ်) ထိန်းချုပ်ခြယ်လှယ်မှု တို့ ပါဝင်ပါသည်။

လူကုန် ကူးမှု၊ အတင်း အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ အတင်း အကျပ် ထိမ်းမြားခြင်း ခံရမှု၊ ကလေးသူငယ် များအား အဓမ္မအလုပ် ခိုင်းစေမှု၊ ကြွေးမြီဖြင့် ခုနှိမ် ၍ လူကို သိမ်းဆည်းမှု၊ လိင်ကျွ န် အဖြစ်အသုံးချမှု အပါ အဝင် ကျေးကျွန်ပြုခြင်း ပုံစံ အမျိုးမျိုး တို့သည် ၂၁ ရာစု ကမ္ဘာ့ လူ့အဖွဲ့အစည်း အတွင်း၌ လျော့မသွားဘဲ ပို၍ သာ တိုးနေကြောင်း စစ်တမ်း များ က ဖော်ပြလာနေပြီ။

 ခေတ်သစ် ကျွန်ပြုမှု သည် အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် ရှိနေပြီး ယင်း အနက် အချို့ကို စားသောက်ကုန် လုပ်ငန်း များ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ အထည်ချုပ် စက်ရုံများ၊ စက်ရုံ၊ အလုပ်ရုံ များ၌လည်း တွေ့နေရကြောင်း ကျွန်ပြုမှု ဆန့်ကျင်ရေး  လှုပ်ရှားသူများက ဆိုသည်။
 
မြောက်ဥက္ကလာပဆေးရုံ ဝန်ထမ်း ဆရာဝန်မောင်နှံ အိမ်တွင် ၂၀၁၂ မှ ၂၀၁၄ သြဂုတ် အထိ တစ်နှစ်နှင့် ရှစ်လ ကြာတိုင် အလုပ်လုပ် ခဲ့သော ကာလ အတွင်း မသန်းသန်းစိုး မှာ မိဘ၊ ဆွေမျိုး ပတ်ဝန်းကျင်နှင့် အဆက် အသွယ် လုပ်ခွင့် မရခဲ့ သလို အလုပ်ရှင် ၏ နှိပ်စက်ညှဉ်းပန်းမှု ပါခံလိုက်ရ၏။ 

ယင်း အမှု အတွက် အလုပ်ရှင် လင်မယား ကို အမှု သုံးမှုဖြင့် ထောက်ကြန့် ရဲစခန်းက အမှုဖွင့် အရေး ယူဆောင် ရွက်ခဲ့သည်။ ဆယ်ကျော်သက် ကလေးငယ် ၏ ခန္ဓာကိုယ်ပေါ်မှ ပုံပျက် ပန်းပျက် ဒဏ်ရာ အနာ တရ များ ကတော့ ခေတ်မီ နည်းပညာ များဖြင့် ကုသပေးမည့် သူ မပေါ်လာ မချင်း သေရာ ပါတော့ မည်ဖြစ် သည်။

မြန်မာနိုင်ငံ အနေဖြင့် ခေတ်သစ်ကျေးကျွန်ပြုမှု ကို ဥပဒေ အရ တားမြစ် ရန် ကြိုးစားသည့်နိုင်ငံ အဖြစ် ချီးမွမ်း ခံရသည့် အထဲတွင် ပါဝင်နေသည်။ သို့သော် ဆင်းရဲနွမ်းပါး မှု၊ ပဋိ ပက္ခဖြစ်ပွားမှု၊ လာဘ်ပေး လာဘ်ယူခြ စား မှုပြဿ        နာများ စသည်တို့နှင့် ဆက်နွှယ်ပြီး မြန်မာနိုင်ငံ သည် ခေတ်သစ်ကျေး ကျွန်ပြုမှု အဖြစ် အများဆုံး စာရင်းတွင် ပါဝင်နေပြန်သည်။

‘‘ကျွန်ပြုမှု ဆိုတာ အတိတ်ခေတ်ဟောင်း က ကိစ္စတစ်ရပ်ပါ ဆိုတဲ့ အယူအဆ တစ်ခု ရှိပါတယ်။ ဒါမှမဟုတ် စစ်ပွဲတွေ နဲ့ ဆင်းရဲမွဲတေမှု ဒဏ်ခံ ရတဲ့ နိုင်ငံတွေမှာ ပဲ ရှိတဲ့ ကိစ္စတစ်ရပ် လို့ ယူဆတာ မျိုးပေါ့’’ဟု Walk Free Foundation ဥက္ကဋ္ဌ အင်ဒရူးဖော့ရက်စ် ကပြောသည်။

သြစတြေးလျ အခြေစိုက် Walk Free မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၊ သြစတြေးလျ  ဝန်ကြီးချုပ် တိုနီအက်ဘော့၊ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ဘီလ်ဂိတ် အပါအဝင် ပုဂ္ဂိုလ် အကျော်အမော် များက ကျောထောက်နောက် ခံပေး ထား သည့် အဖွဲ့ဖြစ်သည်။

ယနေ့ခေတ် တွင် ကျေးကျွန်ပြုမှု ကို တစ်ကမ္ဘာလုံး က တားမြစ် ထားပြီးဖြစ်သည်။ သို့သော် ကမ္ဘာ တစ်ဝန်း လုံး တွင် ခေတ်သစ် ကျွန်ပြု ခံရသူပေါင်း ၃၆ သန်း နီးပါး ရှိနေကြောင်း ကမ္ဘာလုံး ဆိုင်ရာ ကျွန်ပြု မှုညွှန်း ကိန်း (GSI) ၂၀၁၄ က ထုတ်ပြန် လိုက်ရာ နိုင်ငံ တကာ က ထိတ်လန့် တကြား သတိပြု သွားကြ၏။ 

ယင်း ပမာဏ မှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ကထက် ရာခိုင်နှုန်းမြင့်တက် လာခြင်းဖြစ်သည်။ ထို့အပြင် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) ၏ ၂၀၁၂ ခန့်မှန်း ထားသော ပမာဏထက် လည်း နှစ်ဆ ပိုမြင့်နေပြန်သည်။ 

ကမ္ဘာ ပေါ်တွင် ကျွန်ပြုနေမှုများ အနက် အာရှ အရှေ့ပိုင်းနှင့် တောင်ပိုင်းနိုင်ငံ တို့၌ ရာခိုင်နှုန်း ပို များကြောင်း လည်း GSI (၂၀၁၄) က ဖော်ပြ ထား၏။


မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန ၏ အဆို အရ မြန်မာနိုင်ငံ မှ လက်ခံ ကျင့်သုံးနေသော ILO ပြဋ္ဌာန်းချက် ၁၉ ချက် ရှိသည်။ ယင်းအနက် ကလေးသူငယ် များ ညဘက် ခိုင်းစေခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာပြဋ္ဌာန်းချက်၊ 

 အတင်း အကျပ်ခိုင်းစေခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်၊ လုပ်ခနှင့် အလုပ်ချိန် စာရင်း ဇယားဆိုင်ရာ ပြဋ္ဌာန်းချက်၊ အလုပ်ကြောင့်ဖြစ်သောရောဂါ အတွက် အလုပ် သမားလျော်ကြေးပေးခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက် စသည်တို့ ပါဝင်ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ ရှိ လူမှု အဖွဲ့အစည်း ၃၆ ခု စုစည်းပြီး အမျိုးသမီး အဖွဲ့များ ကွန်ရက် (WON) တည်ထောင် ထား သည့် အနက် ဆယ်ဖွဲ့ခန့် က ခေတ်သစ် ကျွန်ပြုမှု ဆန့်ကျင်ခြင်းနှင့် ဆက်စပ် သည့် လှုပ်ရှားမှု များကို လုပ် ကိုင်နေသည်ဟု ဆိုသည်။ 

၎င်းတို့ အနေဖြင့် လူကုန်ကူးမှု တားမြစ်ခြင်း၊ နေရပ်ပြန်လာ သူများ ကို ကူညီခြင်း၊ ကျွန်ပြု ခံရသူများ၊ လူကုန် ကူးခံ ရသူများ ကို နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ခိုလှုံ စရာပေးခြင်းတို့ ကို မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း တွင် စခန်း ဖွင့်ပြုလုပ်မှု မျိုးလည်း ရှိနေသည်။

လုံခြုံသည့် အနေ အထားမျိုး ရောက်သည် အထိ ခိုလှုံခွင့်ပေး ထားခြင်းနှင့် တရားစွဲ လိုသူများ ကို ကူညီပေးခြင်း တို့လည်း ဆောင်ရွက်နေကြောင်း သိရသည်။ သို့သော်လည်း ခေတ်သစ် ကျွန်ပြုမှုကို တွန်း လှန်နှိမ်နင်း ရန်မှာ မူ အခက်အခဲ အများအပြား ရှိနေဆဲပင်။ 

ယင်း အခက်အခဲ များ အနက် အဓိက အကြောင်းရင်း မှာ ပညာ မတတ်မြောက် မှုနှင့် ဆင်း ရဲနွမ်းပါး မှုပြဿ  နာတို့ဖြစ်ကြောင်း လူ့ အခွင့်အရေး လှုပ်ရှားသူများ က ထောက်ပြကြ၏။

‘‘ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်းတွေ ထဲက ......
(၁) ပညာစုံမှ သင့်တော်တဲ့ အလုပ်ပေးဖို့ ဆိုတာကို စဉ်းစားနိုင်တဲ့ အနေအထား မရှိလို့၊ 
(၂) ဆင်းရဲမွဲတေမှုကြောင့် စားဝတ်နေရေး မတတ်နိုင်လို့ 
(၃) နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု အားနည်း တာကြောင့် တစ်ခုခုဖြစ်လာ ရင် ရပ်တည်ပေးမှု အားနည်းလို့ အဲဒါ မျိုးတွေကြောင့် ဒီလို ကျွန်ပြုခံရတဲ့နှုန်း က တက်လာတာ လို့ ယူဆရပါတယ်’’  ဟု အမျိုး သမီးငြိမ်း ချမ်းရေးရှေ့ဆောင် ကွန်ရက် စီစဉ်ညွှန်ကြားသူ နော်စူဆန်နာလှလှစိုး က ပြောသည်။

ထို့အတူ ယင်းပြဋ္ဌာန်းချက် အရ မြန်မာနိုင်ငံ တွင် ကလေး သူငယ်များ ကို အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်း၊ ကျွန်ပြုခြင်း၊ လူကုန် ကူးခြင်းနှင့် ရောင်းစားခြင်း၊ အကြွေး ခုနှိမ်ခြင်း၊ မြေကျွန်ပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ လက်နက်ကိုင် ပဋိပက္ခများတွင် အသုံးပြုရန် အဓမ္မစုဆောင်းခြင်း၊ 

လိင်မှု ကိစ္စများတွင် အသုံးချခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ် မှုနှင့် ရောင်းဝယ်မှု လုပ်ငန်း များတွင် အသုံး ချခြင်းနှင့် ကလေး သူငယ် များ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် စာရိတ္တ ကို ထိခိုက်စေ မည့် ကိစ္စ များတွင် အသုံး ချခြင်း စသည့် လုပ်ငန်းများ ကို တားဆီး ကာကွယ် အရေးယူ သွားရမည်ဟု ဆိုသည်။

လုပ်ငန်းခွင် များတွင် မတရား ခိုင်းစေခြင်း ခံရသည့် ကလေးသူငယ် များ ကို ယင်း လုပ်ငန်းခွင် များ က ရှင်းလင်း ဖယ်ထုတ်ပြီး ကလေးသူငယ် များကို လူ့ အသိုင်းအဝိုင်း တွင် ပြန်လည် ဝင်ဆံ့ လာရန် ဆောင် ရွက်ပေးခြင်း၊ 

အခြေခံ ပညာကို အခမဲ့ သင်ကြားနိုင်စေရန် စီစဉ်ပေးခြင်း၊ သင့်တင့်လျောက်ပတ် သည့် ပတ်ဝန်းကျင် ကို ဖန်တီးပေးခြင်း စသည့် လူမှုရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို ဆောင်ရွက်ပေး သွားရ မည်ဖြစ်ပါကြောင်း အလုပ် သမား အလုပ် အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် က လွှတ်တော် သို့ ရှင်းလင်း တင်ပြခဲ့ဖူးသည်။

အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO)နှင့် မြန်မာ အစိုးရ ကြားတွင် Supplementary Understanding(SU) တစ်ခု ကို သဘော တူညီ ထားကြ၏။ ယင်းကြောင့် မြန်မာနိုင်ငံသား များ အနေဖြင့် အဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့် ပတ်သက်၍ တိုင်ကြားနိုင်မည်ဖြစ်သည်။






ကမ္ဘာပေါ် တွင် ကျွန်ပြုမှု အဆိုးဆုံး အနေ အထား ရှိသည့် နိုင်ငံမှာ မော်ရစ်တေးနီးယား (Mauritania)ဖြစ် သည်ဟု GSI စစ်တမ်း က ဆိုသည်။ မြန်မာ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ က လည်း ကျွန်ပြု  ခံရ သူပေါင်း ၁၄ သန်း ပမာဏနှင့် တန်းစီ ဇယား ၏ ထိပ်ပိုင်းနေရာ ကို ယူထားပြန်သည်။ 

တစ်ချိန်တည်း မှာပင် တရုတ်နိုင်ငံတွင် လည်း ကျွန်ပြု  ခံရသူပေါင်း ၃ ဒသမ ၂ သန်းကျော် ရှိနေကြောင်း တွေ့ ရ၏။

တစ်ချိန်တည်း မှာပင် ကြွေးမြီ ဖိစီးမှု၏ နောက်ဆက်တွဲ ကျွန်ပြု  ခံရမှု များ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသ အချို့တွင် ဖြစ်ပေါ်လျက်ရှိသည်။ နန့်ဆန်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ် ရှိ ကျေးရွာ အချို့တွင် ကြွေး မြီ ထူမှု၊ စိုက်ခင်း ပျက်စီး မှု၊ သီးနှံဈေးကောင်း မရမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု အစရှိသည့် ပြဿ     နာ များကြောင့် ရပ်တည် ရန် ခက်ခဲ သူများသည် တစ်ဖက်နိုင်ငံ တရုတ်ပြည် ဘက်သို့ သွားရောက်ကာ အလုပ် ကြမ်း များ လုပ်ကိုင်ကြသည်။

တရုတ် ဘက် သို့ နယ်စပ်ဖြတ်ကျော် လက်မှတ်ဖြင့် ကူးသန်းကြရာ တွင် တစ်ဖက်နိုင်ငံ ၌ လက်မှတ် သိမ်းဆည်း ခံရခြင်း၊ ဖျက်ဆီး ခံရခြင်းတို့ကြုံ ရပြီး အလုပ်ရှင် ၏ မတန် တဆဈေးနှိမ် ခိုင်းစေခြင်း၊ ညှဉ်း ပန်း သည့် အမူ အရာ မျိုးဖြင့် ဆက်ဆံ ခံရခြင်း၊ တစ်ဖက်နိုင်ငံ ရဲဖမ်း ခံရပြီး ထောင်ကျခြင်း စသည်တို့ကို ခံစားနေ ရကြောင်း တွေ့ရသည်။

အလုပ်ရှင် ၏ နှိပ်စက် ညှဉ်းပန်း မှုကြောင့် ရုပ်ပိုင်းရော စိတ်ပိုင်း ပါ ထိခိုက် ခဲ့ရသည့် ဆယ်ကျော်သက် အိမ် အကူ မသန်းသန်းစိုး ကဲ့သို့ အိမ်တွင်း အကြမ်းဖက် ကျွန်ပြုခံရမှု မျိုး မြန်မာနိုင်ငံတွင်း ၌သာ ရှိနေသည် မဟုတ်ပါ။

 ပြည်ပနိုင်ငံ များ သို့ သွားရောက် လုပ်ကိုင်နေသော မြန်မာ လုပ်သား တို့လည်း အလားတူဖြစ်ရပ် မျိုး တွေ့ ကြုံလျက် ရှိသည်။ စင်ကာပူနိုင်ငံ တွင် အိမ်အကူ အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား မမိုးမိုး ကို အလုပ်ရှင် က ကြိမ်လုံး၊ အင်္ကျီချိတ်၊ ခေါက်ဆွဲစား တူတို့ဖြင့် ခြောက်ကြိမ် ခန့် ရိုက်နှက်ခြင်း၊ ဆံပင် ဆွဲကာ ကြမ်းပြင်ပေါ်လှဲ ၍ ဝမ်းဗိုက်ပေါ် တက်နင်းခြင်း၊ 

ဓာတ်ပုံရိုက်ရန် အဝတ်အစား ချွတ်ခိုင်းခြင်း၊ ပါးစပ် အတွင်း ကတော့ တပ်၍ သကြားများ ကို လောင်းထည့် မျိုချစေခြင်း၊ ပြန်အန် ထွက်လာသော အန်ဖတ် များကို ပြန်စားစေခြင်း စသည် တို့ပြုမူခဲ့ကြောင်း စင်ကာ ပူနိုင်ငံ ထုတ် The Strait Times သတင်းစာ က ပြီးခဲ့သည့်ဇွန်လ တွင် ဖော်ပြခဲ့သည်။

မမိုးမိုး သည် ၂၀၁၂ ခုနှစ် အတွင်းက ထိုအိမ် မှ ထွက်ပြေး ခဲ့ပြီးနောက် ရဲကို တိုင်ကြားခဲ့၏။ ယင်းနောက် ရဲက စုံစမ်း စစ်ဆေးခြင်း၊ မှုခင်း ဌာန သို့ လွှဲပြောင်းပေးခြင်း၊ ရှေ့နေနှင့် တရား ရင်ဆိုင်ခြင်း စသည့် လုပ်ငန်း စဉ်များဖြင့် တစ်နှစ် ခန့်ကြာပြီး ၂၀၁၄ ခုနှစ် မှ တရားရုံး သို့ အမှုရောက်ရှိ ခဲ့သည်။

ပြီးခဲ့သည့်နှစ် က ထုတ်ပြန် ခဲ့သည့် GSI အရ မြန်မာနိုင်ငံ တွင် ခေတ်သစ် ကျွန်ပြုခံရ သူပေါင်း သုံးသိန်း ခွဲမှ လေး သိန်းကြား ရှိ ခဲ့သည်။ ယင်းအတွက် ပင် ကမ္ဘာ့ အဆိုးဆုံး ကျွန်ပြုမှုများ ရှိရာ ဆယ်နိုင်ငံ စာရင်း ဝင်ခဲ့ ၏။ 

 ယင်းအရေ အတွက်နှင့် နှိုင်းယှဉ် ပါက ယခု ၂၀၁၄ ၌ တစ်သိန်း ဝန်းကျင် ကျဆင်း သွားသည် ကိုတွေ့ ရသည်။ သို့သော် လက်ရှိ အရေအတွက် ပမာဏမှာ ကယားပြည်နယ် တစ်ပြည်နယ် လုံး စာနီးပါး (သို့မဟုတ်) ပုသိမ်မြို့ တစ်မြို့လုံး စာနီးပါး များပြားနေဆဲ ပင် ရှိနေပါသေးသည်။

ကျွန်ပြုမှု ကို တားဆီး ရန် အစိုးရ၏ မူဝါဒ အချို့ကို ပြုပြင်ပြောင်းလဲ ရန် လိုအပ်နေကြောင်း ထိုင်းနိုင်ငံ ၏ အလုပ် သ မားဆက်ဆံရေး နိုင်ငံတော် စီမံကိန်း အဖွဲ့ (SERC) အကြံပေး လည်းဖြစ်၊ ထိုင်းနိုင်ငံ အခြေ စိုက် ရွှေ့ပြောင်း အလုပ်သမားများ အတွက် အခွင့်အရေး ကွန်ရက် (MWRN) အထူး အကြံပေး လည်းဖြစ် သည့် မြန်မာ အလုပ်သမား အရေးလှုပ်ရှားသူ အင်န်ဒီဟောလ် က ယခုလို သုံးသပ်လိုက်ပါသည်။

‘‘ရွှေ့ပြောင်းမှု ဆိုင်ရာ မူဝါဒ က ရေတိုဖြစ်ေ နသလို သဟဇာတ မဖြစ်၊ မဆီလျော် ဘူး။ လူဦးရေ ရဲ့ ၅ ရာခိုင်နှုန်း ကနေ ၁၀ ရာခိုင်နှုန်း ကြား ရှိတဲ့ ပြည်ပရောက်တွေ အတွက် လုပ်ငန်းဆောင် တာတွေ ဒီထက် အများကြီး လုပ်စရာလိုနေ သလို မြန်မာနိုင်ငံ တွင်းက ပြည်တွင်းရွှေ့ပြောင်းမှု နဲ့ ကျွန်ပြုမှု အတွက်လည်း အများကြီး လုပ်စရာ လိုသေးတယ်’’



၂၃၀,၀၀၀ (မြန်မာနိုင်ငံတွင် ခေတ်သစ် ကျွန်ပြုခံနေရ သည့် လူဦးရေ)

 

On  
Wed, 2014-11-26 12:38
Issue No.

No comments:

Post a Comment